Up to 40% OFF

ကိုရီးယား ကြက်ကြော်

June 25, 2020

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း ကိုရီးယားစတိုင် ကြက်ကြော်ကို လုပ်စားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ...

_ ကြက်သား၊

_ ဆား၊

_ ငရုတ်ကောင်းမှုန့်၊

_ ချင်း၊

_ ပြောင်းဖူးမှုန့်၊

_ မြေပဲဆန်၊

_ ကြက်သွန်ဖြူ၊

_ ငရုတ်သီးခြောက်၊

_ ပဲငံပြာရည်၊

_ ရှာလကာရည်၊

_ ပြောင်းဖူးအရသာရည်၊

_ MUSTARD အနှစ်၊

_ သကြား၊

_ နှမ်းစေ့၊

_ ဆီ တို့ လိုအပ်ပါမယ်။

 

ပြုလုပ်နည်း

========

ပထမဆုံး ကြက်သား ကို ရေဆေး၊ ခုတ်ထစ်ပြီး အနေတော်အတုံးလေးတွေဖြစ်အောင် လှီးလိုက်ပါ။ ပြီးရင် ဇလုံတစ်လုံးထဲမှာ ကြက်သား၊ ဆား၊ ချင်း၊ ငရုတ်ကောင်းမှုန့်တို့ကို ရောထည့်ပြီး သမအောင် ရောနယ်ပေးလိုက်ပါ။


ပြီးရင်တော့ ပြောင်းဖူးမှုန့်ကို ဇလုံတစ်လုံးထဲထည့်ပြီး အပေါ်က ကြက်သားတုံးလေးတွေကို သေသေချာချာနှံ့စပ်သွားအောင် လူးပေးလိုက်ပါ။ ပိုပြီး ကျစ်ကျစ်လျစ်လျစ်လေး ဖြစ်သွားအောင် ကြက်သားတုံးလေးတွေကို လက်နဲ့ အသာလေး ဖျစ်ညှစ်ပေးထားပါ။


ပြီးရင်တော့ ကြက်ကြော်ပေါ်က ဆမ်းဖို့အတွက် ဆော့စ် ကို ကြိုတင်ပြုလုပ်ထားပါ။ ဒယ်အိုးတစ်လုံးထဲကို ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားတာရယ်၊ ငရုပ်သီးခြောက်ကို အစေ့ထုတ်ပြီး ပါးပါးလှီးထားရယ်ကို ရောထည့်ပေးလိုက်ပါ။


ပြီးလျှင် ပါဝင်ပစ္စည်းတွေ အားလုံးကို သမသွားအောင် ဇွန်းနဲ့ မိနစ်အနည်းခန့် မွှေပေးထားပါ။ပြီးရင် ပဲငံပြာရည်၊ ပြောင်းမှုန့် အရသာ အရည်၊ ရှာလကာရည်၊ mustard ဆော့စ်တို့ကိုလည်း ရောထည့်ပေးလိုက်ပါ။


ပြီးရင် ဇွန်းနဲ့ မွှေပေးပြီး မိနစ်အနည်းငယ်ခန့်ကြာအောင် ချက်ပြုတ်ထားပေးလိုက်ပါ။ မီးဖိုပေါ်က ချခါနီးမှ သကြားနည်းနည်းထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင်တော့ မီးဖိုပေါ်မှ ချနိုင်ပါပြီ။


ပြီးနောက် အပေါ်ကက ပြောင်းဖူးမှုန့်လူးထားတဲ့ ကြက်သားလေးတွေကို ကြော်ဖို့ဆိုရင် အရင်ဆုံး ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးလိုက်ပါ။ ဆီပွက်လာပြီဆိုရင် ကြက်သားတုံးလေးတွေကို ဆီပူထဲ စထည့် လိုက်ပါ။


ကြက်သားတုံးတွေကို တစ်တုံးချင်း ဆီပူထဲကို ဖြည်းဖြည်းချင်းချပေးပြီး မိနစ်အနည်းငယ်ခန့် ကြော်လိုက်ပါ။ ကြော်နေရင်း ဟိုဖက်ဒီဖက်လည်း လှန်ပေးရပါမယ်။မိနစ်အနည်းငယ်ကြာလို့ရှိရင် ကြက်ကြော် တုံး လေးတွေကို ဆယ်ထုတ်ပြီး ဇကာတစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။


ဆီစစ်ပြီးရင်တော့ ကြက်ကြော်တွေကို ဆီထဲပြန်ထည့်ပြီး နောက်ထပ် မိနစ်အနည်းငယ်ခန့် ထပ်ကြော်ပေးရ ပါမယ်။ ကြက်ကြော်တုံးလေးတွေအားလုံး ရွှေရောင်သမ်းသွားပြီဆိုရင်တော့ ကြက်ကြော် တွေကိုဆယ်ပြီး ပန်းကန်တစ်ချပ်ထဲကို ပြောင်းထည့်ပေးလိုက်ပါ။


ပြီးရင်တော့ အပေါ်ကပြုလုပ်ထားတဲ့ ဆော့စ်နဲ့ ကြက်ကြော်ပေါ်မှာ ဆမ်းပေးလိုက်ပါ။ အပေါ်ကနေ မြေပဲဆံလေးတွေနဲ့ နှမ်းလေးတွေပါ ဖြူးပေးလိုက်ရင် ကြွပ်ရွပြီး အရသာကောင်းမွန်တဲ့ ကိုရီးယားကြက်ကြော်လေးကို မြိန်ယှက်စွာ ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။


Read 783 times.