Eating Tips

တူရကီနိုင်ငံက ပလက်စတစ်ဖြင့်ပြုလုပ်ထားတဲ့စားသောက်ဆိုင်လေး

June 20, 2020

 ဒါက အနာဂတ် စားသောက်ဆိုင်လောကရဲ့ ပြောင်းလဲလာမည့် ပုံစံ တစ်ခု ဖြစ်တယ်လို့ သိရပါတယ် ။ အစားအ သောက်တွေကို ယင်မနားဖို့ နည်းလမ်း လည်း ဖြစ် ၊ ကိုဗစ်ကို ကာကွယ်တဲ့ လူခွဲ ထိုင်တဲ့ နည်းလမ်းလဲ ဖြစ်တဲ့ အပြင် စားသောက်သူတွေ နဲ့ သီးခြားဆန်မှု့ဖီလင်ကို ပေးတာမို့ နောက်ပိုင်း စားသောက်ဆိုင်တိုင်း အခုလို ပုံစံဖြစ်လာမယ် သိရပါတယ် ။

ကိုဗစ်ကိစ္စတွေ ဖြစ်ပွားတဲ့ အချိန် ပြီးခဲ့တဲ့ မတ်လက တူရကီမှာ သေဆုံးသူ ၄၈၆၁ ယောက် ရှိတယ်လို့သိရပါတယ် ။ ဒီတော့ အခုအချိန်မှာ တူရကီ အစိုးရက စားသောက်ဆိုင်တွေပြန်ဖွင့်ဖို့ အမိန့်ကျလာစဉ်မှာ အီတလီမှ စားသောက်ခုံ တစ်လုံးလျှင် ပလက်စတစ် အုပ် အခန်း လုပ်ကာ စားသောက်ဆိုင် တည်ခဲ့ပါ တယ်။

အဆိုပါ ပလက်စတစ်က အပြင်ကို ထိုးဖောက် မြင်ရပါသေးတယ် ။ အခန်းတစ်ခန်းချင်းဆီမှာ အပြင်မှ လေ ကောင်းလေသန့်ကို စုတ် သွင်းတဲ့ လေစုတ်စက် ပါပါ သေးတယ် ။ ထို စားသောက်ခုံနဲ့ အခန်းနေရာ တစ်ဝိုက် တူရကီ အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ အီတနော က ကိုဗစ် ရောဂါပိုးကို သေ စေ နိုင် တယ် သိရ ပါတယ်။

ဆိုင် စစဖွင့်ခြင်း ရက်မှာတင် လာတဲ့ ဧည့်သည်က ရာကျော်ရှိပါတယ် အကုန်လုံးက နှာခေါင်းစီးတက်လာပြီး ထိုစားသောက်စားပွဲအထဲရောက်မှ နှာခေါင်း  စည်း ချွတ်ပါတယ်တဲ့၊ သည့်ထက် တူရကီမှာ အသက် ၅၅ နှစ်အထက်တွေနဲ့ အသက် ၁၀ နှစ်အောက်တွေကို အပြင်ပေးမထွက်ပါဘူးတဲ့။

တူရကီ ရဲ့ အစ်စတန်ဘယ်မြို့မှာ ဖွင့်လှစ်ထားတဲ့ ၎င်းစားသောက်ဆိုင် ရဲ့ အဆိုပါ ပလက်စတစ်အခန်းများ ကို အမေရိကန်ဒေါ်လာ ၇၀၀ ကျော် ကျသင့် တယ်သိရပြီး စားသောက်မယ်ဆိုပါက ကြိုတင်ဘိုကင်တင်ထားရပါတယ်။ ဒါဟာ စားသောက်ဆိုင်လုပ်ငန်းအတွက် ကောင်းမွန်တဲ့ အ ပြောင်းအလဲ တစ်ခုပါလို့ သိရပါတယ်။

Ref : Dailymail


Read 460 times.