Up to 20% OFF

ကျန်းမာရေးနှင့် အလှအပ အတွက် မဖြစ်မနေစားသင့်တဲ့ အစားအစာ (၈)မျိုး

April 3, 2020

...
ကျန်းမာသက်ရှည်ရေးအတွက် အာဟာရရှိသော အစားအစာများကို ရွေးချယ်စားသုံးရန် လိုအပ်လှပါတယ်။ လူတစ်ဦးတစ်ယောက်အနေဖြင့် သင့်တစ်နေ့တာတွင် မည်သည့်အစားအစာမျိုးကို ရွေးချယ်လိုက်ခြင်းသည် သင်၏ ကျန်းမာရေး၊ အသက်ရှည်ရေးအတွက် အလွန်အရေးကြီးလှပေတယ်။ ထို့အပြင် ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းနေသောသူများအတွက်လည်း သင်၏တစ်နေ့တာ အစားအစာသည် အလွန်အရေးကြီးပါတယ်။ ထို့ကြောင့် သင်၏ကျန်းမာရေး၊ အလှအပရေးရာ၊ အသက်ရှည်နုပျိုရေးတို့အတွက်မှာ သင်မည်သည့်အစားအစာကို ရွေးချယ်စားသုံးမှုသည် အဓိကပဓာန ကျလှပေတယ်။

သင်ရွေးချယ်သော အစားအစာသည် ဤမျှအရေးကြီးလှပေရာ သင်ကျန်းမာလှပစေရေးအတွက် အောက်ပါအစားအစာ (၈)မျိုးကို ရွေးချယ်စားသုံးသင့်ပါတယ်။၎င်းတို့မှာ-

_    ဘလူးဗယ်ရီသီး
_    ငါးကြီးဆီ
_    ထောပတ်သီး
_    အစေ့အဆံများ
_    ပန်းဂေါ်ဖီစိမ်း
_    ဂျုံဖြင့်ပြုလုပ်သောအစားအစာများ
_    ခရမ်းချဉ်သီး
_    ပဲပိစပ်


(၁) ဘလူးဗယ်ရီသီး
==============
ဘလူးဗယ်ရီသီးတွင် အလွန်ပမာဏများပြားလှသော အန်တီအောက်စီဒန့် (ခေါ်)အရွယ်တင်နုပျိုစေသော ဓာတ်အများအပြားပါဝင်ပြီး ကျန်မာရေးနှင့်ညီညွှတ်လှပါတယ်။ လေ့လာစမ်းစစ်မှုများအရ အခြားသော အသီးအနှံဟင်းသီး ဟင်းရွက် အမျိုးပေါင်း (၄၀) မျိုးထက် ဘလူးဗယ်ရီသီးသည် အန်တီအောက်စီဒန့် (ခေါ်) အရွယ်တင်နုပျိုစေသော ဓာတ် ပါဝင်မှု အများဆုံးထိပ်တန်းစာရင်းတွင် ပါဝင်တယ်။


(၂) ငါးကြီးဆီ
==========
ကျန်းမာရေးအတွက်အလွန် သင့်လျော်သော၊ အဆီဓာတ် အလွန်ကြွယ်ဝသော ငါးမျိုးများဖြစ်သည့် ဆယ်လမွန်ငါး၊ ထရောက်ခေါ်ရေချိုငါးကလေးများ၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာ နှင့် လတ်ဆတ်သော တူနာငါးမျိုးများတွင် ပရိုတင်းဓာတ်များ၊ ဇင့်ဓာတ်များ၊ ဆီလီနီယမ်ဓာတ်များ၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်ဘီဓာတ်များ အလွန်ကြွယ်ဝစွာ ပါရှိပါတယ်။


(၃) ထောပတ်သီး
============
ထောပတ်သီးတွင် သုံးပုံနှစ်ပုံမျှ ပမာဏရှိသော မိုနိုအန်စန်ကျူ ရိတ်တတ် ခေါ် အဆီအက်ဆစ်ဓာတ်ပါဝင်ပြီး၊ ၎င်းဓာတ်သည် LDL (သို့မဟုတ်) မကောင်းသော ကိုလက်စထရော ပါဝင်မှုအဆင့်အားလျော့ကျစေပြီး၊ HDL ခေါ် ကောင်းမွန်သော ကိုလက်စထရောများကို ထိန်းထားစေရုံမျှမက တိုးပွားစေနိုင်ပါတယ်။


(၄) အစေ့အဆံများ
==============
သစ်ကြားစေ့၊ ဗာဒံစေ့ စသော အစေ့များတွင် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ကယ်လစီယမ်၊ သံဓာတ်၊ ဆီလီနီယမ်ဓာတ်၊ မက်ဂနီစီယမ်ဓာတ် နှင့် ဗီတာမင်အီးစသော အာဟာရဖြစ်စေသော ဓာတ်များ အများအပြားပါဝင်ပါတယ်။ ထို့ပြင် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော မိုနိုအန်စန်ကျူ ရိတ်တတ်ဓာတ် နှင့် ပိုလီအန်စန်ကျူ ရိတ်ဓာတ်များပါဝင်ပါတယ်။


(၅) ပန်းဂေါ်ဖီစိမ်း
=============
ပန်းဂေါ်ဖီစိမ်းတွင် ဗီတာမင်ဓာတ်နှင့် သတ္တု ဓာတ်များ အများအပြားပါဝင်ပြီး အထူးသဖြင့် ဘီတာ-ကရိုတင်းဓာတ်၊ ဗီတာမင်စီ၊ ဖောလစ်အက်ဆစ် (ဗီတာမင်ဘီ) နှင့် ပိုတတ်စီယမ်ဓာတ်များပါဝင်သည်သာမက ကင်ဆာဆဲလ် များကိုတိုက်ဖျက်ပေးသော သဘာ၀ ဓာတ်ပြု ပစ္စည်းများ ပါဝင်ပါတယ်။


(၆) ဂျုံဖြင့်ပြုလုပ်သော အစားအစာများ
=============================
ဂျုံ ဖြင့်ပြု လုပ်သောအစားအစာများတွင် ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို စသည်များပါဝင်ပြီး ၎င်းတို့မှာ ကျန်းမာရေးနှင့်ညီညွှတ် သင့်လျော်သော အစားအစာများဖြစ်ပါတယ်။


(၇) ခရမ်းချဉ်သီး
============
ခရမ်းချဉ်သီးတွင် အဆီပမာဏကို အလွန်လျော့နည်းစေပြီး၊ အမျှင်ဓာတ်များကြွယ်ဝကာ ကယ်လိုရီပါဝင်မှု ပမာဏ နည်းပါးလှပါတယ်။ အထူးသဖြင့် ဗီတာမင်နှင့် သတ္တု ဓာတ်များပါဝင်သော အဓိကရင်းမြစ်ဖြစ်ပြီး ခရမ်းချဉ်သီးတွင် အရေးကြီးသော အာဟာရဓာတ်အကျိုးကျေးဇူးများစွာ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးသည် လိုင်ကိုပင်းဓာတ်များဖြင့် ဖွဲ့စည်းထားပြီး အန်တီအောက်စီဒင့်ခေါ် သက်စောင့်ဓာတ်များကြောင့် အနီရောင် အသွင်အပြင်ရှိပြီး လိုင်ကိုပင်း ဓာတ်များသည် ကင်ဆာဖြစ်ပွားမှုအန္တရယ်ကို လျော့နည်းစေသော အဓိက အခန်းကဏ္ဍမှ ပါဝင်ပါတယ်။


(၈) ပဲပိစပ်
========
ပဲပိစပ်သည် အလွန်အရည်အသွေးမြင့်မားသော ပရိုတင်းဓာတ်များဖြင့် ဖွဲ့စည်းထားပြီး၊ အသား၊ငါး၊ ဥနှင့် အခြားသော နို့ထွက်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်ဓာတ်များ(ပရိုတင်းဓာတ်ကြွယ်ဝစွာတည်ဆောက်ထားမှု) ပါဝင်သော တခုတည်းသော အပင်ဖြစ်တယ်။ ထို့ကြောင့် သက်သက်လွတ်စားသောသူများအတွက် အလွန်အရေးကြီးသော အာဟာရ ကြွယ်ဝသော တခုတည်းသော အစားအစာဖြစ်ပါတယ်။ 


Read 557 times.