Up to 20% OFF

သင်္ဘောသီးနှင့်ကျန်းမာရေး

April 2, 2020

သင်္ဘောသီးဟာ အံ့သြဖွယ်ကောင်းလောက်အောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးတစ်မျိုးဘဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို တပတ်တစ်လုံးစားပေးရုံနဲ့ ရရှိလာမဲ့ အကျိုးကျေးဇူးတွေကလည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

-အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း
သင်္ဘောသီးမှာ ပါဝင်တဲ့ Vitamin C, Vitamin E နဲ့ antioxidants ဓာတ်များက နေလောင်ဒဏ်ကို ကာကွယ်ပေးပြီး ပါးရေတွန့်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို တားဆီးပေးကာ အိုမင်း ရင့်ရော်မှုကို နှေးကွေးစေပါတယ်။

-သွေးပေါင်ချိန်ကိုထိန်းညှိပေးခြင်း
သင်္ဘောသီးမှာပါဝင်တဲ့ Carpaine အော်ဂဲနစ်ဓာတ်တစ်မျိုးက သွေးပေါင်ချိန်ကို လျော့ချပေးနိုင်တဲ့အတွက် သွေးတိုးသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်ဘဲ ဖြစ်ပါတယ်။

-ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း
သင်္ဘောသီးမှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ Vitamin A, Vitamin C နဲ့ Vitamin E တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ပြင်ပမှဝင်ရောက်လာတတ်တဲ့ ရောဂါပိုးမွှားများမှလည်း ကာကွယ်ပေးပါတယ်။

-ကိုလက်စထရောကို လျော့ကျစေခြင်း
သင်္ဘောသီးဟာ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ကိုလက်စထရော မြင့်မားခြင်းကို လျော့ချဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် antioxidants နဲ့ Vitamin ဓာတ်ကြွယ်ဝတာကြောင့် နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

-သန်ကောင်နှင့်ကပ်ပါးကောင်များကို ဖယ်ရှားနိုင်ခြင်း
သန်ကောင်နဲ့ ကပ်ပါးကောင်တွေက ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးနိုင်တဲ့ ပိုးမွှားတွေဖြစ်ပါတယ်။ သင်္ဘောသီးက ကပ်ပါးတွေ မျိုးပွားခြင်းကို ရပ်တည့်စေပြိး ခန္ဓာကိုယ်အတွင်းမှ ဖယ်ရှားနိုင်ဖို့အတွက် အကူအညီပေးပါတယ်။

-ရောင်ရမ်းမှုကိုလျော့ကျစေခြင်း
သင်္ဘောသီးမှာ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် အရိုးအဆစ်နာကျင်ကိုက်ခဲသူများ၊ ဒူလာရောဂါခံစားရသူများနှင့် ပန်းနာရင်ကြပ်ရှိသူများ အတွက်အထောက်အကူပြုပါတယ်။

-စိတ်ဖိစီးမှုကိုလျှော့ချပေးခြင်း
သုတေသနလေ့လာချက်တစ်ခုအရ သင်္ဘောသီးမှာ ပါဝင်တဲ့ Vitamin C ကစိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းဓာတ်ကို လျှော့ချပေးတယ်လို့ သိရှိရပါတယ်။

သင်္ဘောသီးရဲ့ အကျိုးကျေးဇူးတွေကို သိရှိပြီဆိုတော့ တစ်ပတ်တစ်လုံး စားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။


Read 248 times.