Up to 20% OFF

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကိုလျော့ချပေးနိုင်သည့်အစားအစာများ

April 2, 2020

Vitamin D ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးခြင်းဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ သိရပါတယ်။ Vitamin D သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်သည့် တုပ်ကွေး၊ အအေးမိ၊ ဖျားနာခြင်း၊ ရင်ကျပ်ရောဂါနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါတို့ ဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ကြောင်း၊ လူကြီးနှင့်ကလေးများကို တုပ်ကွေးနှင့်ဖျားနာခြင်းတို့မှ ကာကွယ်ပေးနိုင်ကြောင်းသိရပါတယ်။

Vitamin D ဓာတ်ကြွယ်ဝဖို့အတွက် အစားအသောက်နဲ့ ဖြည့်စွက်နိုင်ပါတယ်။ သို့သော် အစားအသောက်တိုင်းမှာတော့ Vitamin D ဓာတ် မပါဝင်ပါဘူး။Vitamin D ကြွယ်ဝဖို့အတွက် ဘလိုအစားအသောက်တွေကို စားသုံးပေးသင့်လဲဆိုတာကို ပြောပြပေးပါမယ်။

Oily Fish
=========
အဆီများတဲ့ ငါးတွေဟာ Vitamin D ဓာတ်ကြွယ်ဝတဲ့ ရင်းမြစ်များ ဖြစ်ပါတယ်။ တူနာငါး၊ ဆယ်လ်မွန်ငါးတို့အပြင် ငါးကြီးဆီတို့ကို စားသုံးပေးခြင်းဖြင့် Vitamin D ဓာတ်ကို ရရှိမှာ ဖြစ်ပါတယ်။

မှိုများ
======
အကယ်၍ သင်က ငါးမကြိုက်တဲ့သူ(သို့) သတ်သတ်လွတ်စားတဲ့သူတယောက် ဖြစ်တယ်ဆိုရင်တော့ မှိုကို အစားထိုးပြီး စားသုံးနိုင်ပါတယ်။ စားသုံးလို့ရတဲ့ မှိုရှိသလို၊ စားလို့မရတဲ့ မှိုတွေလည်း ရှိပါတယ်။ စားလို့ရတဲ့ မှိုတွေမှာတော့ Vitamin D ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။

ဥအမျိုးမျိုး
============
ကြက်ဥ၊ဘဲဥ တို့မှာပါဝင်တဲ့ အနှစ်တွေကလည်း Vitamin D ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဘဲ ဖြစ်ပါတယ်။

နို့နှင့်နို့ထွက်ပစ္စည်းများ
====================
နွားနို့သည် ဗီတာမင်ဒီဓာတ်ရရှိနိုင်သည့် သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး နွားနို့ထဲတွင် အရည်အသွေးမြင့်မားသည့် ပရိုတင်း၊ ကယ်လ်စီယမ်နှင့် အခြားသောဗီတာမင်ဓာတ်များစွာပါဝင်သည့်အတွက် ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ကိုယ်ခန္ဓာကို ကျန်းမာကြံ့ခိုင်စေကြောင်း သိရပါတယ်။


Read 269 times.