Up to 20% OFF

ကျန်းမာရေးအတွက်ကောင်းမွန်ပေမဲ့ များပြားစွာစားသုံးမယ်ဆိုရင်အန္တရာယ်ရှိစေနိုင်တဲ့အစားအစာများ

April 1, 2020

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေအများအပြား ရှိပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း လိုတာထက်ပိုပြီး စားသုံးမိမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုး ရှိတတ်ပါတယ်။ ဒီကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ၆ မျိုးကတော့ လွန်ကဲစွာစားသုံးမယ်ဆိုရင် အန္တရာယ် ရှိနိုင်ပါတယ်။

Omega 3 ဓာတ်ကြွယ်ဝတဲ့ငါးဆီများ
Omega-3 Fatty Acids သည် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ သို့သော် Omega-3 ဓာတ်ပိုလျှံခဲ့မယ်ဆိုရင်တော့ သွေးလျံှကျခြင်းတွေ ဖြစ်တတ်ပါတယ်။ ငါးဆီမှာ Vitamin A ပါဝင်မှု အလွန်များတဲ့အတွက် ပမာဏများစွာ စားသုံးမိမယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။

သစ်ကြံပိုးခေါက်
သစ်ကြံပိုးသည် antioxidant ကြွယ်ဝပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရနိုင်ပါတယ်။ သို့သော်လည်း ၎င်းသည် coumarin ပါဝင်ပြီး ပမာဏများတဲ့အခါမှာ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

အခွံမာသီးများ
အခွံမာသီးများသည် အစားအစာများကို အရသာရှိအောင် အသုံးပြုနိုင်ပါသည်။ ပမာဏ နည်းနည်းဘဲ စားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို မထိခိုက်စေပါဘူး။ အခွံမာသီးတွေမှာ myristicin ပါဝင်တာကြောင့် များများစားသုံးမယ်ဆိုရင် အစာအဆိပ်သင့်တာတွေ ဖြစ်တတ်ပါတယ်။

ကော်ဖီ
ကော်ဖီသည် ကျန်းမာရေး အကျိုးကျေးဇူးများစွာနှင့် ဆက်နွယ်နေပါတယ်။ သို့သော် ကဖိန်းဓာတ်ပမာဏ များပြားခြင်းက အချို့သောလူများအတွက် ဆိုးကျိုးရရှိနိုင်ပါတယ်။

ကြက်၊ဝက်၊ဆိတ်၊အမဲ အသည်းများ
အသည်းမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ သို့သော်လည်း ၎င်းဟာ Vitamin A နဲ့ Copper ဓာတ်ကြွယ်ဝတာကြောင့် အလွန်များပြားစွာ စားသုံးခဲ့မယ်ဆိုရင်တော့ ပြသနာရှိနိုင်ပါတယ်။

Cruciferous ဟင်းသီးဟင်းရွက်များ
Cruciferous ဟင်းသီးဟင်းရွက်တွေမှာ ကျန်းမာတဲ့ အာဟာရဓာတ်များစွာ ရှိပါတယ်။ သို့သော်လည်း ၎င်းတို့ဟာ iodine စုပ်ယူမှုကို တားဆီးနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ Thyroid ပြသနာရှိတဲ့ လူတွေကတော့ ၎င်းတို့ကို ပမာဏများစွာ မစားသုံးသင့်ပါဘူး။


Read 341 times.