Eating Tips

ဗိုလ်ချုပ်ဈေးထဲကလုပ်သားစားသောက်ဆိုင်

March 31, 2020

ဗိုလ်ချုပ်ဈေးရောက်တဲ့အခါ ဆိုင်တွေက များလွန်းတော့ ဘယ်ဆိုင်စားရမလဲ မသိဖြစ်တတ်ပါတယ်။ ဆိုင်တွေအများကြီးထဲကမှ ဈေးအတော်အသင့်နဲ့ လူတန်းစားမရွေး စားသုံးနိုင်တဲ့ အရသာရှိတဲ့ဆိုင်တစ်ခုကို ညွှန်းချင်ပါတယ်။ 

ဆိုင်နာမည်က A1 Lote Thar စားသောက်ဆိုင်တဲ့။ ဗိုလ်ချုပ်ဈေးထဲမှာ ဖွင့်ထားတာ နှစ် ၃၀ ကျော်ကြာ ရပ်တည်နေတဲ့ ဆိုင်တစ်ဆိုင်လဲ ဖြစ်ပါတယ်။ မနက်ဆိုရင် ၇ခွဲကနေဆိုင်စဖွင့်ပြီးတော့ ညနေ ၅ခွဲဆိုရင်တော့ ဆိုင်ပိတ်ပါတယ်။ ဗိုလ်ချုပ်ဈေးပိတ်ရက်ဖြစ်တဲ့ တနင်္လာနေ့တိုင်းတော့ ဆိုင်ပိတ်ပါတယ်။ 

မနက်စာအတွက်ဆိုရင် အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ လက်ဖက်ရည်နဲ့ အခြားအစားသောက်တွေလည်း ရနိုင်ပြီး ဈေးနှုန်းလေးကလည်း ၁၀၀၀ ကနေ ၁၅၀၀ ကြားမှာဘဲ ရှိတယ်။ ဆီချက်ဆိုရင်လဲ တစ်ပွဲ ၁၅၀၀ ကျပ်နဲ့ စားသုံးနိုင်ပြီး ခေါက်ဆွဲကြော်၊ ကြာဇံကြော်က တော့ ၂၅၀၀ ကျပ်ဆိုတော့ ဈေးတန်တဲ့ထဲမှာ ပါတယ်လို့ပြောလို့ရပါတယ်။ 

အိန္ဒိယ အစားအစာကြိုက်နှစ်သက်တယ်ဆိုရင်လည်း အရွေးမမှားနဲ့နော်။ ဒီဆိုင်လေးကိုသာ အရောက်သာသွားလိုက်။ ပူတီ၊ အာလူးဟင်း၊ ဆိတ်သားဟင်းနဲ့ သီးစုံကုလားဟင်းတွေက လူကြိုက်တော်တော်များတယ်။ အဲ့တာလေး စားရဖို့အတွက်ဘဲ ဆိုင်ကို တကူးတကလာတဲ့ သူတွေတောင် ရှိသေးတာတဲ့။ 

နေ့ခင်းပိုင်း ထမင်းဟင်း စားချင်တဲ့သူတွေအတွက် ကြက်သား၊ ဆိတ်သား၊ ဘဲသား၊ ငါးခြောက်ဟင်းတွေနဲ့ စားလို့ရနိုင်တဲ့အပြင် ရှမ်းခေါက်ဆွဲ၊ ဖက်ထုပ်ဆီချက်နဲ့ အခြားအကြော်အလှော်တွေလဲ ရပါသေးတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့တိုင်းမှာတော့ ဒံပေါက် ရောင်းချပေးပါတယ်။ 

ကြက်ကီးမား၊ ဆိတ်ကီးမားလည်း ရရှိပြီး လူမျိုးဘာသာမရွေး စားသုံးနိုင်ပါတယ်။ ဖျော်ရည်တွေအနေနဲ့ကတော့ အသီးဖျော်ရည်တွေနဲ့ cola, sprite စတဲ့ အချိုရည်လေးတွေရှိတယ်။ အလှုအတန်းနဲ့ စတုဒီသာကျွေးချင်တဲ့ သူတွေအတွက် Order လက်ခံပြီး ချက်ပြုတ်ပေးပါတယ်တဲ့။ 

ဆိုင်ကတော့ ဗိုလ်ချုပ်ဈေးရဲ့ အနောက်ဘက်တန်း စားသောက်ရုံတန်းမှာဖွင့်ထားတာဘဲ ဖြစ်ပါတယ်။ ဆိုင်နာမည်က A1 LOTE THAR နော်။ ဆိုင်လေးကို မတွေ့လို့ ဖုန်းဆက်မေးချင်တယ်ဆိုရင် 09 541 2257, 09 730 110 81, 09 799 993 748 တို့ကို ဆက်သွယ်ပြီးမေးနိုင်ပါတယ်။ 


Read 377 times.