Up to 20% OFF

ဖျားနာချိန်မစားသင့်တဲ့အစားအစာများ

March 30, 2020

နေမကောင်းဖြစ်လို့ ကိုယ်ခံအားနည်းတဲ့ အချိန်မှာ စားသုံးသင့်တဲ့အစားအစာရှိသလို မစားသုံးသင့်တဲ့ အစားအစာတွေလည်းရှိနေပါသေးတယ်။ ဘယ်လိုအစားအသောက်တွေက မစားသုံးသင့်တဲ့အထဲပါလဲဆိုတာကို ဝေမျှပေးပါမယ်။ 

 

Image may contain: food

ကြက်ဥ
ကြက်ဥကတော့ Salmonella ဘက်တီးရီးယားကို ပျံနှံ့စေပါတယ်။ ဒီပိုးဟာ ကြက်ဥအတွင်းမှာ ပေါက်ပွားနိုင်တာကြောင့် ကျက်အောင်ချက်ပြုတ်စားသုံးမယ်ဆိုရင်တော့ အန္တရာယ်မရှိပါဘူး။ ကြက်ဥကို မကျက်တကျက်စားတာ၊ မုန့်တွေမှာလည်း မကျက်တကျက်ထည့်မိတာတွေ မလုပ်သင့်ပါဘူး။

 

Image may contain: one or more people and food

အာလူး
ကျက်အောင်ချက်ထားတဲ့ အာလူးတွေဟာ ဘေးကင်းပေမဲ့ မကျက်တဲ့အာလူးတွေကတော့ အန္တရာယ်ရှိနိုင်ပါတယ်။ အခြားရောဂါပိုးရှိတဲ့ အသားတွေနဲ့ ရောနှောထားခဲ့ရင်လည်း ကူးစက်နိုင်ပါတယ်။

 

Image may contain: plant, food and outdoor

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အတွက် ရေခံမြေခံနေရာ တစ်ခုဖြစ်ပြီး အစာအဆိပ်အတောက်လည်း ဖြစ်စေပါတယ်။ အစားအသောက်ထဲ အသုံးမပြုခင် သေချာသန့်စင်အောင် ဆေးကြောပေးဖို့လိုအပ်ပါတယ်။ အစိမ်းလိုက်စားသုံးမယ်ဆိုရင်လည်း အခြားစားစရာများနှင့် ရောထား၊ထိထားခြင်းများကို မပြုလုပ်သင့်ပါ။

 

Image may contain: food

ပဲပင်ပေါက်
ပဲပင်ပေါက်ကလည်း ရောဂါပိုးတွေပေါက်ဖွားနိုင်တဲ့ အခြေအနေကောင်း တရပ်ပါ။ ယင်းတို့ အညှောင့်ပေါက်အောင်ထားရတဲ့ ပူနွေးစိုစွတ်တဲ့ အနေအထားက ရောဂါပိုးတွေပေါက်ပွားဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်လို့ပါ။ ကိုယ်ခံအားနည်းတဲ့ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ မစားသုံးသင့်ဘူးလို့တောင် ဆိုကြပါတယ်။

 

Image may contain: one or more people, food and outdoor

သေချာမဆေးကြောထားတဲ့ အသီးအရွက်များ
မုန်ညှင်း၊ဂေါ်ဖီ၊ပန်းဂေါ်ဖီနဲ့ ဟင်းနုနွယ်တွေစတဲ့ လူကြိုက်များတဲ့ အစိမ်းစားလို့ရတဲ့ ဟင်းသီးဟင်းရွက်မှာ စိုက်ခင်းထဲကပါလာတတ်တဲ့ အညစ်အကြေးတွေ၊ မသန့်ရှင်းတဲ့ရေနဲ့ ဆေးကြောတာတွေ ၊ ကိုင်တွယ်သူရဲ့ လက်မသန့်ရှင်းတာတွေဟာ အရွက်မှာ ရောဂါပိုးတွေကို ကပ်ငြိစေပါတယ်။ လက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးကြောခြင်း၊ ဟင်းသီးဟင်းရွက်များကို ရေသန့်သန့်ဖြင့်ဆေးခြင်းအပြင် အသားအတွက်အသုံးပြုတဲ့ စဉ့်တီတုံးတွေကို အရွက်အတွက် အသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

 

Image may contain: one or more people and drink

နွားနို့အစိမ်း
နွားနို့အစိမ်းကို ဟာ မသောက်သုံးသင့်တဲ့အရာ ဖြစ်ပါတယ်။ နွားနို့မှာ ကြွယ်ဝတဲ့ကယ်ဆီယမ်ဓာတ်တွေရှိပေမဲ့ ကျက်အောင်ကြိုချက်မသောက်ဘူးဆိုရင်တော့ Salmonella, Campylobacter နဲ့ E.coli လို ဘက်တီးရီးယားတွေကပေးတဲ့ ရောဂါပိုးတွေကို ရရှိမှာဖြစ်ပါတယ်။

 

Image may contain: food

အသားများ
အသားတွေကနေ ရောဂါစုံကူးတတ်တာ လူတော်တော်များများ သိကြပြီးဖြစ်ပါတယ်။ ကြက်သားက အဆိုးဆုံးဖြစ်ပြီး ဒုတိယကတော့ အမဲသားပါ။ သေချာကျက်အောင်မချက်ထားတဲ့ အသား၊ကြက်ဥ၊နွားနို့၊ ပင်လယ်စာ စတဲ့အရာတွေကနေ ရောဂါပိုးကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် အသားတွေကို သေချာကျက်အောင်ချက်ပြုတ်ဖို့ လိုအပ်ပါတယ်။
 


Read 977 times.