Up to 20% OFF

ကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့အစားအစာများ

March 25, 2020

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများစားခြင်းသည် အဝလွန်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် အချို့သောကင်ဆာအမျိုးအစားများကို လျှော့ချနိုင်ကြောင်း လေ့လာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အထူးအကျိုးကျေးဇူးများအတွက် ဘယ်လိုအစားအစာတွေကို စားသုံးရမလဲဆိုတာကို တစ်ခါတစ်ရံမှာ စဉ်းစားရခက်နေကြမှာပါ။ ဒါ့ကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာများကို ဝေမျှပေးချင်ပါတယ်။

 

Image result for apple

၁။ ပန်းသီး
ပန်းသီးမှာ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Vitamin C , Vitamin B နှင့် အမျှင်ဓာတ်များအပြင် ကယ်လစီယမ်နှင့်ပိုတက်စီယမ်စသည့်ဓာတ်သတ္တုများ ပါဝင်သည်။ ပန်းသီးစားခြင်းသည် စိတ်ဖောက်ပြန်မှုကိုတားဆီးနိုင်ပြီး လေဖြတ်ခြင်းနှင့်ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

 

Image may contain: food

၂။ ကညွတ်
ကညွတ်သည်အမျှင်ဓာတ်များစွာပါဝင်ပြီး Vitamin B6 ၊calcium, zinc and magnesium တို့များစွာပါဝင်ပါတယ်။ ကညွတ်စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့ချပေးခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းများကို ကာကွယ်ပေးပြီး ကလေးငယ်များတွင်ဖြစ်တတ်တဲ့ အာရုံကြောပြွန်ချို့ယွင်းခြင်းများကို ကာကွယ်ပေးပါတယ်။

 

Image result for banana

၃။ ဌက်ပျောသီး
ငှက်ပျောသီးသည် ကိုလက်စထရောနှင့်ဆိုဒီယမ်ကင်းမဲ့ပြီး ပိုတက်စီယမ်အလွန်ကြွယ်ဝသည်။ ဌက်ပျောသီးစားသုံးခြင်းက သွေးပေါင်ချိန်ကို လျှော့ချစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကလေးငယ်များတွင်အဖြစ်များတဲ့ သွေးကင်ဆာရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

 

Image may contain: plant and nature

၄။ ပင်စိမ်း
ပင်စိမ်းတွင် vitamin A, vitamin K, vitamin C, magnesium, iron, potassium နဲ့ calcium ဓာတ်တွေပါဝင်ပါတယ်။ ပင်စိမ်းဟာ ဖောခြင်း၊ ရောင်ရမ်းခြင်း နှင့် အဆစ်နာခြင်း တို့ကို သက်သာစေပါတယ်။

 

Image may contain: food and outdoor

၅။ ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းတွင် မြင့်မားသောအမျှင်ဓာတ်များပါဝင်ပြီး Vitamin C ရဲ့ အရင်းအမြစ်လဲ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီသည် အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ဒါ့အပြင် အရေပြားကိုခရမ်းလွန်ရောင်ခြည်၏ အကျိုးသက်ရောက်မှုများမှလည်း ကာကွယ်ပေးပြီး ဆီးချိုရောဂါကြောင့်နှလုံးကိုထိခိုက်စေခြင်းတို့မှလည်း ကာကွယ်ပေးပါတယ်။

 

Image may contain: food

၆။ သခွားမွှေးသီး
သခွားမွှေးသီးတွင် အအေးမိခြင်းနှင့်ကင်ဆာရောဂါအမျိုးမျိုးကို အခြေအနေအမျိုးမျိုးမှကာကွယ်ပေးသော choline, zeaxanthin နှင့် beta-carotene အပါအဝင် antioxidants များစွာ ပါဝင်ပါသည်။ ဒါ့အပြင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ချေကိုလျှော့ချခြင်းနှင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးခြင်းတို့အတွက် အထောက်အကူပြုပါတယ်။

 

Image may contain: plant, outdoor, food and nature

၇။ နံနံပင်
နံနံပင်သည် ကျန်းမာသောအသားအရေနှင့်ဆံသားကိုကောင်းမွန်စေကာ ကိုယ်အလေးချိန်လျော့ကျစေပြီး အဝလွန်ခြင်းများ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

 

No photo description available.

၈။ ခရမ်းသီး
ခရမ်းသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများတွင် နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း၊ ကိုယ်အလေးချိန်နှင့် သွေးအတွင်းကိုလက်စထရောအဆင့်များနှင့် ကင်ဆာရောဂါဖြစ်ပွားမှုတို့ကိုထိန်းသိမ်းခြင်းတို့ပါဝင်ပါသည်။

 

Image may contain: food

၉။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် နှလုံးနှင့်သွေးလည်ပတ်မှုစနစ်များအတွက် ကျယ်ပြန့်စွာအသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူ သည် အစွမ်းထက်သည့် antibiotic ဆေးတစ်မျိုးဖြစ်ပြီး နှလုံးရောဂါနှင့်အဆုတ်ကင်ဆာဖြစ်ပွားမှုကို လျော့ကျစေပြီး ကိုလက်စထရောနှင့် သွေးပေါင်ချိန်မြင့်တတ်ခြင်းကို လျော့နည်းစေပါတယ်။


Read 390 times.