နှလုံးကျန်းမာရေးကောင်းမွန်တဲ့အစားအစာကောင်း၉မျိုး
နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားနှုန်းကို နေ့စဉ်အစားအစာ အချို့ကိုပုံမှန်စားသုံးခြင်းဖြင့် လျော့ချနိုင်သည်ဟု နှလုံးအထူးကုဆရာဝန်တယောက်က ဆိုပါတယ်။ အစားအသောက်တွေအများကြီးထဲကမှ ဘယ်လိုအစားအသောက်လေးတွေကို နှလုံးကျန်းမာရေးအတွက် အဓိကစားသုံးပေးသင့်လဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
၁။ ဆော်လမွန်၊တူနာ စတဲ့ Omega-3 ဓာတ်ကြွယ်ဝတဲ့ ငါးများကို စားသုံးပါ။
၂။ သစ်ကြားသီးကဲ့သို့သော အခွံမာသီးများကို စားသုံးခြင်းက မကြာခဏဆာလောင်ခြင်းကို ထိန်းချုပ်ပေးပြီး နှလုံးကျန်းမာစေဖို့အတွက် ကူညီပေးပါတယ်။
၃။ Strawberry, Rasberry နှင့် Blackberry ကဲ့သို့သော Berries အပင်များသည် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် phytonutrients များနှင့် အမျှင်ဓာတ်များပြည့်ဝစွာ ပါဝင်ပါတယ်။
၄။ ပဲမျိုးစုံကိုလည်း စားသုံးပေးနိုင်ပါတယ်။ ပဲတွင် ဗီတာမင် ဘီ၊ သတ္တုဓာတ်တွေအပြင် အခြား ကောင်းမွန်တဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် စားသုံးသင့်ပါတယ်။
၅။ တစ်နေ့ကို စပျစ်ဝိုင်နီတစ်ခွက်စီ သောက်သုံးပေးခြင်းဖြင့် ကိုလက်စထရောအဆင့်ကို ကောင်းမွန်စွာ တိုးတတ်စေပါတယ်။
၆။ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ကန်စွန်းဥ၊ ငရုတ်ပွအနီနဲ့ ဖရုံသီး တွေဟာ carotenoids, အမျှင်ဓာတ်တွေအပြင် ဗီတာမင်ဓာတ်တွေပါဝင်ဖွဲ့စည်းထားတာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။
၇။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ကညွတ်၊ မုန်ညှင်း စတဲ့ အစိမ်းရောင်အသီးအရွက်တွေမှာ Vitamin C , E , Potassium , calcium နဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် နေ့စဉ်ပုံမှန်စားသုံးပေးသင့်ပါတယ်။
၈။ လိမ္မော်သီး၊ သခွားမွှေးသီးနဲ့ သင်္ဘောသီးကဲ့သို့သော သစ်သီးတွေဟာ beta-carotene, ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နှင့်အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကျန်းမာစေဖို့အတွက် အထောက်အကူပြုပါတယ်။
၉။ Dark Chocolate
Cocoa ဓာတ်မြင့်မားတဲ့ ချောကလက်ဟာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ တကယ်လို့သင်ဟာ နို့ချောကလက်ကဲ့သို့သော အချိုဓာတ်ပါဝင်တဲ့ ချောကလက်တွေကိုသာစားသုံးတဲ့သူတယောက်ဖြစ်မယ်ဆိုရင်တော့ 70 % cocoa ဓာတ်ပါဝင်တဲ့ ချောကလက်များကို ရွေးချယ်ပြီး စားသုံးသင့်ပါတယ်။