Up to 20% OFF

အဆုတ်အားကောင်းစေသည့်အစားအစာများ

March 20, 2020

ကျွန်ုပ်တို့ နေ့စဉ်စားသုံးတဲ့အစားတွေဟာ အဆုတ်ကို တိုက်ရိုက်သက်ရောက်မှုမရှိသော်လည်း နှလုံးသွေးကြောဆိုင်ရာစနစ်ဘက်ကနေ သွယ်ဝိုက်ပြီး သက်ရောက်မှုရှိပါတယ်။မှန်ကန်သောအာဟာရဓာတ်ကိုစားခြင်းသည် ပိုမိုကောင်းမွန်သောအသက်ရှူမှုနှင့် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို လျှော့ချနိုင်ပါသည်။ အဆီဓာတ်မြင့်မားသောအစားအစာသည် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေနှင့် ပိုမိုဆက်စပ်မှုရှိပါသည်။ များသောအားဖြင့်အဆီများစွာစားသောလူများသည် အဆုတ်ကင်ဆာဖြစ်နိုင်ခြေပို၍ ရှိပါသည်။အခြားတစ်ဖက်တွင် အသီးအရွက်များကို စားခြင်းက ဤအန္တရာယ်များကိုလျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အဆုတ်ကောင်းမွန်စေဖို့အတွက် အောက်ပါအစားအသောက်တွေကိုလည်း ပိုမို၍ စားသုံးပေးသင့်ပါတယ်။ 

 

Image result for water

၁။ ရေ
ရေသည်ကျန်းမာရေးအတွက်ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ခန္ဓာကိုယ်၏ကြီးမားသော အစိတ်အပိုင်းကို ရေဖြင့်ဖွဲ့စည်းထားသည်။ ခန္ဓာကိုယ်ကရေဓာတ်ခန်းခြောက်လာသောအခါ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည်အကျိုးသက်ရောက်မှုကို စတင်ခံစားရသည်။ သင့်လျော်သောရေဓာတ်ကို အဆုတ်ကျန်းမာရေးအတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် လိုအပ်ပါသည်။

 

Image result for onion and garlic

၂။ ကြက်သွန်ဖြူနှင့်ကြက်သွန်နီများ
ဤအစားအစာများသည် နှလုံးနှင့်အဆုတ်များအတွက်လည်းကောင်းသည်။ ကိုလက်စထရောကိုလျော့နည်းစေပြီး ရောဂါကူးစက်မှုကို တိုက်ဖျက်နိုင်သည်။ လေ့လာမှုတစ်ခုအရ ကြက်သွန်ဖြူစားတဲ့ဆေးလိပ်သောက်သူတွေဟာ ကြက်သွန်ဖြူကိုမစားတဲ့သူတွေနဲ့နှိုင်းယှဉ်ရင်အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုနည်းတယ်လို့တွေ့ရှိခဲ့ပါတယ်။

 

Image result for Ginger

၃။ ဂျင်း
ဂျင်းသည် ရောင်ရမ်းခြင်းကိုဆန့်ကျင်သော ဂုဏ်သတ္တိရှိပြီး အဆုတ်မှညစ်ညမ်းပစ္စည်းများကိုဖယ်ရှားပေးသည်။ ဂျင်းသည်အဆုတ်အတွက်သာမက အခြားကိုယ်ခန္ဓာအတွက်ပါအကျိုးကျေးဇူးများစွာရရှိသည်။ ဂျင်းသည်အဆုတ်၏ ကျန်းမာရေးကိုတိုးမြှင့်စေရန်နှင့် အသက်ရှူခြင်းကိုတိုးတက်စေသည့် လေလမ်းကြောင်းများကို ကူညီပေးပါသည်။

 

Image result for Cruciferous Vegetables

၄။ဟင်းသီးဟင်းရွက်များ
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် ဆလပ်ရွက်များသည် အဆုတ်ကင်ဆာဖြစ်ပွားမှုကိုရပ်တန့်စေပြီး အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းထက်ဝက်ကို လျှော့ချနိုင်ကြောင်းပြသခဲ့ကြသည်။ ၎င်းတို့သည် သန့်ရှင်းစင်ကြယ်စွာတည်ဆောက်ထားသော ကလိုရိုဖီးလ်နှင့်အလွန်ထိရောက်သော antioxidants များပေါများသည်။

 

Image result for Pomegranates

၅။ သလဲသီး
သလဲသီးဖျော်ရည်သည် အဆုတ်အကျိတ်ကြီးထွားမှုကို နှေးကွေးစေသည်။ သလဲသီးများတွင် ellagic acid အပါအ ဝင် antioxidants များစွ ာပါဝင်သည်။ ၎င်းသည် ကင်ဆာသုတေသနတွင် တိုးတက်မှုများရှိသည်။

 

Image result for Turmeric

၆။ နနွင်းမှုန့်
ဤအမွှေးအကြိုင်သည် အကျိုးကျေးဇူးများစွာရှိသော ဂျင်းနှင့်ဆက်စပ်သည်။ ၎င်းတွင်ကင်ဆာဆဲလ်များ မိမိကိုယ်ကိုဖျက်ဆီးခြင်းကိုအားပေးသော curcumin ဒြပ်ပေါင်းတစ်ခုလည်း ပါဝင်သည်။ Curcumin သည်ပန်းနာရင်ကြပ်ခြင်းနှင့်ဆက်နွယ်သော ရောင်ရမ်းခြင်းနှင့်ရင်ဘတ်ကြပ်ခြင်းတို့ကို သက်သာစေပါသည်။

 

Image result for apple

၇။ ပန်းသီး
Vitamin E နှင့် Vitamin C တို့ကအဆုတ်ကိုအကောင်းဆုံး ဖြစ်စေသည်။ ပန်းသီးသည် ဤအရာအားလုံးကြွယ်ဝစွာရှိပြီး ပန်းသီးကို ရက်သတ္တပတ်တိုင်း စားသောသူများသည် ပိုမိုကျန်းမာသောအဆုတ်များရှိသည်။ ပန်းသီးဟာ antioxidants တွေပေါများတာကြောင့်အဆုတ်ကိုကျန်းမာစေပါသည်။

 

Image result for Beans, Seeds & Nuts

၈။ ပဲစေ့၊ အစေ့များနှင့် အခွံမာအသီးများ
၎င်းတို့အားလုံးထဲတွင် မဂ္ဂနီစီယမ်ပမာဏများစွာပါဝင်ပြီး ၎င်းသည်ကျန်းမာသောအဆုတ်၏ လုပ်ဆောင်မှုကိုအထောက်အကူပြုသည်။ ၎င်းတို့သည်နှလုံးသွေးကြောဆိုင်ရာစနစ်အတွက် ကောင်းမွန်သောမရှိမဖြစ်လိုအပ်သော fatty acids များကိုပေးသည်။အစေ့များသည် ရွေးချယ်စရာအကောင်းဆုံးဖြစ်သည်။ ၎င်းတို့တွင်ကျန်းမာသန်စွမ်းသော Vitamin E ပါဝင်သောကြောင့်ကိုယ်ခံစွမ်းအားစနစ်နှင့် သွေးနီဥများကို ထောက်ပံ့ပေးပါသည်။

 

Image result for Carrots

၉။ မုန်လာဥနီ
မုန်လာဥနီများသည် Vitamin A နှင့် Vitamin C တို့ကြွယ်ဝစွာပါဝင်ပြီး အဆုတ်ရောဂါဖြစ်ပွားနှုန်းကို လျော့ချပးသည့်  antioxidants များပါဝင်ပါသည်။ သုတေသီများတွေ့ရှိချက်အရမုန်လာဥနီဖျော်ရည်သောက်ခြင်းသည်ဆေးလိပ်သောက်သူများတွင်အဆုတ်ကင်ဆာဖြစ်စေနိုင်သောပျက်စီးမှုအမျိုးအစားကိုကာကွယ်ရန်အထောက်အကူပြုနိုင်သည်ဟုတွေ့ရှိခဲ့ပါသည်။

 

Image result for pumpkin

၁၀။ ရွှေဖရုံသီး
ဖရုံသီးသည် beta carotene နှင့် vitamin C ကြွယ်ဝသော အစားအစာဖြစ်သည်။ဖရုံသီးသည် အထူးသဖြင့်ဆီးကြိတ်နှင့်အဆုတ်ကင်ဆာကိုတိုက်ဖျက်ရန် ကူညီနိုင်သည့် antioxidants များနှင့်ပြည့်နှက်နေသည်။ ၎င်းသည်ဖိုင်ဘာနှင့် ပိုတက်စီယမ်၏ကောင်းသည့် အရင်းအမြစ်လည်းဖြစ်သည်။

အဆုတ်အတွက် အထောက်အကူပြုတဲ့အစားအစာတွေကို သိရှိပြီးပြီဆိုရင်တော့ ၎င်းတို့ကို ပိုမိုပြီး စားသုံးဖို့အတွက် အကြံပြုချင်ပါတယ်။ 

Source: https://sunwarrior.com/blogs/health-hub/foods-for-lung-health


Read 1412 times.