Up to 20% OFF

ကိုယ်အလေးချိန်ကျဖို့အထောက်အကူပြုသည့်မနက်စာများ

March 19, 2020

သင်ဟာကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေတဲ့သူတယောက်ဆိုရင်တော့ မနက်စာကို နည်းလမ်းမှန်ကန်စွာ စားသုံးခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေဖို့အတွက် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ မနက်စာအတွက် မှားယွင်းတဲ့ အစားအစာတွေကိုစားသုံးမိခြင်းက သင့်ရဲ့တစ်နေ့တာကို မစတင်ခင်မှာတင် ဆာလောင်မှုကို ခံစားနေရမှာဖြစ်ပါတယ်။အခြားတစ်ဖက်တွင်လည်း မှန်ကန်သောအစားအစာများကိုဖြည့်တင်းခြင်းသည် အစာအာဟာရကိုထိန်းချုပ်နိုင်ပြီး နေ့လည်စာစားချိန်အထိ ဆာလောင်ခြင်းကို လျော့နည်းစေပြီးကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကိုလျော့ကျစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာဖြစ်ဖို့အတွက် ဒီအစားအစာလေးကို စားသုံးပေးနိုင်ပါတယ်။ 

 

Image result for eggs

၁။ ကြက်ဥများ
ကြက်ဥများသည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အာဟာရပြည့်ဝသောကြောင့် တစ်နေ့တာအစာစားသုံးမှုကို လျှော့ချပေးပြီး ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူပြုပါတယ်။

 

Related image

၂။ ဂျုံစေ့ဖြင့်ပြုလုပ်ထားသောအစားအစာများ
ဂျုံသည်အမျှင်ဓာတ်များစွာပါဝင်သည်။ ဖိုင်ဘာအမျှင်ဓာတ်များစွာစားသုံးခြင်းသည် အစာစားချင်စိတ်နှင့်စားသုံးမှုကိုလျှော့ချရန်နှင့်အစာစားပြီးနောက်သွေးသကြားဓာတ်ကိုတည်ငြိမ်စေရန်ကူညီပေးပါတယ်။ 

 

Image result for bananas

၃။ ဌက်ပျောသီး
ငှက်ပျောသီးမှာအမျှင်များ ပါဝင်သောကြောင့် ဆာလောင်ခြင်းကို လျော့ကျစေပါသည်။ မမှည့်သေးသောငှက်ပျောသီးတွင် ဆာလောင်ခြင်းကို ခံနိုင်ရည်ရှိသောဓာတ်ပါဝင်သည်။ ၎င်းသည်အစားအစာ စားသုံးချင်စိတ်ကို လျော့ကျစေပြီး ဝမ်းဗိုက်ရှိအဆီကို လျော့နည်းစေနိုင်ပါသည်။

 

Image result for yogurt

၄။ ဒိန်ချဉ်
ဒိန်ချဉ်သည် ကိုယ်အလေးချိန်ကျစေသည့် အကောင်းဆုံး အစားအစာတစ်ခုလည်း ဖြစ်သည်။ ဒိန်ချဉ်သည်ပရိုတင်းဓာတ်မြင့်မားပြီး ဆာလောင်မှုနှင့်အစားအစာ စားသုံးချင်စိတ်ကိုလျော့ကျစေပြီး ကိုယ်အလေးချိန် လျော့ကျစေဖို့အတွက် အကူအညီပေးပါသည်။

 

Related image

၅။ဘယ်ရီသီးများ
Berry သီးများသည်အာဟာရသိပ်သည်းပြီး အမျှင်ဓာတ်မြင့်မားသည်။ လေ့လာချက်များအရ စတော်ဘယ်ရီ, ဘလူးဘယ်ရီ, နှင့် Raspberryများစားခြင်းသည် ကယ်လိုရီကိုလျော့ကျစေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါသည်။

 

Related image

၆။ Grapefruit
Grapefruit များသည် ကယ်လိုရီနည်းပါးပြီး ရေဓာတ်များကာ အမျှင်ဓာတ်ကြွယ်ဝသည်။ လေ့လာမှုများအရ သူတို့သည် ကိုယ်အလေးချိန်လျော့ကျစေပြီး ကယ်လိုရီနှင့်ခန္ဓာကိုယ်ရှိ အဆီများလျှော့ချနိုင်သည်ကို တွေ့ရှိခဲ့ပါသည်။ 

 

Related image

၇။ ကော်ဖီ
မနက်ခင်းတွင် ကော်ဖီတစ်ခွက် သောက်သုံးခြင်းသည် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါသည်။ ကော်ဖီသည် ဇီဝဖြစ်ပျက်မှုနှင့် အဆီလောင်ကျွမ်းမှုကို တိုးပွားစေပါသည်။ ရေရှည်ကော်ဖီသောက်ခြင်းသည် ကိုယ်အလေးချိန်ထိန်းညှိခြင်းကို အထောက်အကူပြုနိုင်ပါသည်။

 

Related image

၈။ ကီဝီသီးများ
ဗီတာမင်စီနှင့်ပိုတက်ဆီယမ်ဓာတ်များသော ကီဝီများသည်အထင်ကြီးဖွယ်ကောင်းသည့် အာဟာရဓာတ်ကိုပေးစွမ်းနိုင်စွမ်းရှိသည်။ ကီဝီများသည် အစာစားချင်စိတ်ကိုလျှော့ချပြီး ကိုယ်အလေးချိန်ကျစေနိုင်သည့် pectin အပါအဝင်အမျှင်ဓာတ်များစွာ ပါဝင်ပါသည်။

 

Related image

၉။ Green Tea
Green Tea နှင့် ယင်း၏အစိတ်အပိုင်းများသည် အဆီဓာတ်ပိုမိုများပြားလာခြင်းကိုလျော့ကျစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့အတွက် ကူညီပေးပါတယ်။ 

အထက်ဖော်ပြပါအစားအစာတွေကတော့ ကိုယ်အလေးချိန်လျော့ကျစေပြီး ကျန်းမာရေးအတွက်သင့်လျော်တဲ့ အစားအစာတွေဘဲ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး ပိုမိုကောင်းမွန်စေဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပေးဖို့လည်း မမေ့ပါနဲ့နော်။

Source: https://www.healthline.com/


Read 412 times.