Eating Tips

လူကြိုက်များတဲ့ဂျပန်စားသောက်ဆိုင်များ

March 18, 2020

ဂျပန်အစားအစာလို့ ပြောလိုက်ရင် တော်တော်များများ ဆူရှီကို ပြေးမြင်ကြပါတယ်။ တကယ်လည်း ဂျပန်နိုင်ငံမှာတင်မကဘဲ တခြားကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဆူရှီဆိုင်တွေကို တွေ့နိုင်သလို ဆူရှီက အဆီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် လူမျိုးတိုင်းနီးပါး ခံတွင်းတွေ့ နှစ်သက်ကြတာပါ။ ဆူရှီတင်မကဘဲ အခြားသော ဂျပန်အစားအစာ များလည်းရှိပါသေးတယ်။ ဂျပန်ရိုးရာအစားအသောက်တွေကို သုံးဆောင်ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးတွေက သင့်တော်ပါတယ်။ 

1.Fuji Japanese Restaurant
Fuji Restaurant ကတော့ လူငယ်လူရွယ်တွေကြားခေတ်စားတဲ့ ဆိုင်လေးတစ်ဆိုင်ဆိုလဲ မမှားပါဘူး။ အထူးသဖြင့် ဆော်လမွန်ငါးမျိုးစုံအတွက် အထူးကောင်းမွန်တဲ့ Review တွေရထားတာဘဲ ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပင်ဆူရှီနှင့်ဆာရှီမီတို့သည် လတ်ဆတ်ပြီး အရသာရှိတဲ့အတွက် ကျေနပ်နှစ်သက်မှုအပြည့်အဝရရှိစေမှာ ဖြစ်ပါတယ်။ Junction City, Junction Square, Marketplace, Dhama Zedi road, Hantharwaddy Roadနဲ့  Mingalar Mandalay (Ocean အနီး) တို့မှာ ဖွင့်လှစ်ထားတာဘဲ ဖြစ်ပါတယ်။ Phone Number- 09 261 767 259

 

No photo description available.

2. Kohaku Japanese Restaurant 
ရန်ကုန်မြို့ရှိ Kohaku ဂျပန်စားသောက်ဆိုင်သည်ဆူရှီများနှင့်အခြားဟင်းလျာများအပါအဝင် ထူးခြားသည့်ဂျပန်အစားအစာများကို တကယ့်ကိုပြည့်စုံကောင်းမွန်သောအချက်အချာကျသည့် အတွေ့အကြုံရရှိဖို့အတွက် ဆိုင်ကောင်းတစ်ခုဘဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့၏ အကောင်းဆုံးဂျပန်စားသောက်ဆိုင်များထဲမှ တစ်ခုအဖြစ်ရွေးချယ်ခံခဲ့ရသော Kohaku တွင်ကျယ်ပြန့်သည့်à la carte menu တစ်ခုသို့မဟုတ် ဘူဖေးစနစ် ၂ ခုလုံးထားရှိပြီး မိမိနှစ်သက်ရာ ကိုရွေးချယ်စားသုံးနိုင်မှာဘဲ ဖြစ်ပါတယ်။ လိပ်စာကတော့ - No 40 Natmauk Road, Tamwe Township, Yangon. Phone Number- 01 544 500

 

Image may contain: sushi, food and indoor

3. Sushi Tei Myanmar
သဘာဝတရား၏တန်ဖိုးထားလေးမြတ်မှုနှင့် အတူရိုးရှင်းသောအချက်အပြုတ်စွမ်းရည်များနှင့် ကျွမ်းကျင်မှုများကို အတူတကွစုဝေးပြီးဂျပန်အစားအစာများ၏ အတွေ့အကြုံကို ရရှိနိုင်မဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ Sushi Tei သည် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ရုံတင်မကဘဲ သင့်တင့်လျောက်ပတ်သောပတ်ဝန်းကျင်ကို သင့်အတွက်စားသောက်ဆိုင်ဆိုတဲ့ အတွေ့အကြုံထက်သာလွန်ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုကို ပေးစွမ်းနိုင်သည်ဟုယုံကြည်ချက်ရှိတဲ့ ဆိုင်လည်းဖြစ်ပါတယ်။လိပ်စာကတော့- 126, Dhamazedi Road, Bahan Township, Yangon. Phone Number- 09 44411 5662

 

Image may contain: food and indoor

4. Jan Jan Jan Japanese Restaurant 
ရာမန်ခေါက်ဆွဲကို စတင်တည်ထောင်သူ “ကူဆန်းပန်းနန်” သည် ၁၉၈၂ ခုနှစ်တွင် တိုကျိုနရီမကူး (Nerima-Ku) အရပ်၌ “ကူရွမ်ဆိုင်” ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ ဒေသအသီးသီးသို့ လှည့်လည်ပြီး သင်ယူရရှိခဲ့သည့်နည်းများဖြင့် ရှားပါးသော အရသာရှိသည့် ရာမန်ခေါက်ဆွဲ (၃) မျိုးကို ရောင်းခဲ့ပါသည်။ ကျူးရှုးဝက်ရိုးရာမန်ခေါက်ဆွဲ ၊ တိုကျိုပဲငံပြာရည်ရာမန်ခေါက်ဆွဲ ၊ ဆပိုလိုမီဆိုရာမန်ခေါက်ဆွဲတို့ကို နိုင်ငံအနှံ့ရှိဆိုင်ခွဲများတွင် ရောင်းချနိုင်ခဲ့ပါသည်။ ရှားပါးသော အရသာရှိသည့် ထိုခေါက်ဆွဲ (၃) မျိုးကို အစွဲပြု၍ ဆိုင်အမည်ကို “Jan Jan Jan” (ရှားပါးသော အရသာရှိသည့်) ရာမန် (Ramen) ခေါက်ဆွဲဆိုင်ဟုဆိုကာ အမည်ပေးခဲ့ပါသည်။ ရန်ကုန် မှာဆိုရင်တော့ Myanmar Plaza နဲ့  12 လမ်းနဲ့ အနော်ရထာလမ်းထောင့် ၊ လမ်းမတော်မှာ ဖွင့်လှစ်ထားတာဘဲ ဖြစ်ပါတယ်။ Phone Number- 09 440 440 445 နဲ့ 09 44930 6306 

 

Image may contain: food

5.Gekko Restaurant Yangon
Gekko သည် Yakitori / Robotayaki ကင်နှင့် cosy cocktail loungue ကို တွဲလျက်ဖွင့်ထားတဲ့ ရန်ကုန်၏ပထမဆုံးသော ဂျပန်စားသောက်ဆိုင် ဖြစ်ပါသည်။  Yakitori များ၊ သက်သတ်လွတ်စားစရာများနှင့် Katsu Curry၊ Ramen နှင့်ဆူရှီမီနူးကဲ့သို့သော ဂျပန်ဟင်းပွဲများကို အဓိကထားတဲ့ဆိုင်ဖြစ်ပါတယ်။ လိပ်စာကတော့- 535 Merchant Street, Kyauktada Township, Yangon. Phone Number- 01 254 041
 


Read 1103 times.