Up to 20% OFF

ကိုယ်ခံအားကောင်းမွန်စေဖို့ နည်းလမ်းကောင်းများ

March 16, 2020

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုသည့်အတိုင်း ကျန်းမာရေးကောင်းမွန်မှသာ မိမိအလိုရှိရာကိစ္စရပ်များကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ကျန်းမာရေးကောင်းဖို့အတွက် ခန္တာကိုယ်အတွင်းရှိ ကိုယ်ခံအားစနစ်ကျန်းမာဖို့ကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက် အောက်ပါအချက်လေးတွေကို ပြုလုပ်သင့်ပါတယ်။

 

Image result for doing exercise

၁။ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းသည် သင့်အားကျန်းမာရေးပိုမိုကောင်းမွန်စေနိုင်သည်။ကျန်းမာရေးပိုမိုကောင်းမွန်လာခြင်းသည် သင်၏သဘာဝကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး နာမကျန်းဖြစ်သောအခါများတွင် နေမြန်မြန်ပြန်ကောင်းစေရန်အတွက် အထောက်အကူပြုပါသည်။

 

Related image

၂။ နေရောင်ခြည်ဓာတ်ကိုခံယူပါ။
လူသားတို့ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုရှိတဲ့ ဗီတာမင်ဒီအဆင့်ကိုမြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းမှာ နေရောင်ခြည်ဓာတ် တိုက်ရိုက်ထိတွေ့မှု ဖြစ်ပါသည်။ဒါကြောင့် နေရောင်ခြည်ဓာတ်ဟာလည်း ကိုယ်ခံအားကောင်းဖို့အတွက် လိုအပ်တဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။

 

Image result for sleep

၃။ တစ်ညလျှင်အနည်းဆုံး ၇-၈ နာရီအိပ်ပါ။
အိပ်ရေးမဝခြင်းကသင့်အားပိုမိုနာမကျန်းဖြစ်စေနိုင်သည်။ ညအချိန်တွင်လုံလောက်စွာအိပ်စက်ခြင်းသည် သင်၏ခန္ဓာကိုယ်အားလန်းဆန်းစေပြီး သဘာဝကာကွယ်မှုများကို တည်ဆောက်ပေးနိုင်သည်။ ထို့အပြင်ဖျားနာမှုပထမလက္ခဏာတွင် အိပ်စက်ခြင်းကသင့်အားပိုမိုလျင်မြန်စွာပြန်ကောင်းလာစေရန် ကူညီပေးနိုင်ပါသည်။

 

Image result for vegetables and fruits high in nutrients

၄။ အာဟာရ ပြည့်ဝအောင်စားသုံးပါ။ 
ပြည့်စုံသောကိုယ်ခံအားမြှင့်သော ဗီတာမင်များနှင့်ဓာတ်သတ္တုများကို ထိန်းသိမ်းရန်အကောင်းဆုံးနည်းလမ်းမှာလတ်ဆတ်သောဟင်းသီးဟင်းရွက်နှင့် သစ်သီးများစားသုံးရန်ဖြစ်သည်။ အရောင်တောက်တောက်သောအသီးများသည် များသောအားဖြင့် ၎င်းတို့ထက်ပိုသော အာဟာရဓာတ်များပါဝင်သည်။ အထူးသဖြင့် Citrus အသီးများတွင်ဗီတာမင်စီပါဝင်သောကြောင့် နေ့စဉ်စားသုံးသောအခါ ကိုယ်ခံစွမ်းအားကိုမြင့်တက်စေပါသည်။

 

Related image

၅။ ပရိုတိန်းဓာတ်ကြွယ်ဝသောအစားအစာများကိုစားပါ။
ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာတော်တော်များများတွင် မြင့်မားတဲ့ zinc ဓာတ်တွေပါဝင်တတ်ပါတယ်။ ပရိုတိန်းသည် သင့်ခန္ဓာကိုယ်ကိုကောင်းစွာလည်ပတ်စေပြီး သင့်အားတစ်နေ့လုံးလိုအပ်သောစွမ်းအင်ကို ပေးနိုင်ပါသည်။ ကြက်သား၊အမဲသား၊တူနာငါး၊ကြက်ဥ၊နွားနို့ စတဲ့အစားအစာတွေကလည်း ပရိုတိန်းဓာတ်ပြည့်ဝစေတဲ့ အစားအစာတွေဘဲ ဖြစ်ပါတယ်။

 

Image result for drink lot of water

၆။ ရေများများသောက်ပါ။
 ရေဓာတ်ပြည့်ဝနေခြင်းက ကိုယ်ခံအားမြှင့်တင်ဖို့အတွက်အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်နှင့်အထက်သောက်သုံးခြင်းက ဖျားနာခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။

 

Related image

၇။ ဆေးလိပ်ငွေ့များကို ရှောင်ကြဉ်ပါ။ 
အကယ်၍သင်ဟာ ဆေးလိပ်သောက်တတ်တဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့အတွက် အကြံပြုချင်ပါတယ်။ ဆေးလိပ်မသောက်တတ်တဲ့သူဆိုရင်လည်း အခြားတယောက်ကကိုယ့်ဘေးမှာဆေးလိပ်လာသောက်တဲ့အခါ ထိုသူတို့၏ ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိတဲ့အခါမှာလည်း သင်၏ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့်အတတ်နိုင်ဆုံး ဆေးလိပ်ငွေ့တွေကို ရှောင်ကြဉ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

 ကိုယ်ခံအားကောင်းမွန်စေမဲ့ နည်းလမ်းကောင်းလေးတွေကို သိရှိပြီးပြီဆိုတော့ ဒီအချက်လေးတွေအတိုင်း လိုက်နာပြီး စနစ်တကျပြုလုပ်မယ်ဆိုရင်တော့ ကိုယ်ခံအားကောင်းမွန်ပြီး ကျန်းမာတဲ့ ခန္တာကိုယ်ကို ရရှိမှာဘဲ ဖြစ်ပါတယ်။ 

souce: https://www.wikihow.com/Develop-a-Strong-Immune-System


Read 539 times.