ကြက်သွန်ဖြူနေ့စဉ်စားသင့်သည့်အချက်များ
အစားအစာသည် သင်၏ဆေးဝါးဖြစ်ပါစေဟူသော ထိုစကားများသည်ရှေးခေတ်အနောက်တိုင်းဆေးပညာ၏ဖခင်ဟုခေါ်သော ရှေးဂရိသမားတော်ဟီပိုကရက်တ်၏ ကျော်ကြားသောစကားများဖြစ်သည်။ သူသည်ဆေးဘက်ဆိုင်ရာအခြေအနေအမျိုးမျိုးကို ကုသရန်ကြက်သွန်ဖြူကို ညွှန်းလေ့ရှိပါသည်။ မျက်မှောက်ခေတ်သိပ္ပံပညာသည် အကျိုးရှိသောကျန်းမာရေးအကျိုးသက်ရောက်မှုများစွာကို မကြာသေးမီကအတည်ပြုခဲ့ပါသည်။ထို့ကြောင့် ကြက်သွန်ဖြူ မှရရှိမည့် အကျိုးရလဒ်များကို ပြောပြချင်ပါတယ်။
၁။ ကြက်သွန်ဖြူသည် ဖျားနာခြင်းနှင့်အအေးမိခြင်း စတဲ့ရောဂါများကို တိုက်ဖျက်ပေးပါသည်။ ကြက်သွန်ဖြူတွင်ပါဝင်သည့် ဖြည့်စွက်အာဟာရများသည် ကိုယ်ခံအားစနစ်၏လုပ်ဆောင်မှုကိုတိုးမြှင့်စေပါသည်။ ၁၂ ပတ်ကြာလေ့လာမှုတစ်ခုအရ နေ့စဉ်ကြက်သွန်ဖြူနေ့စဉ်စားသုံးခြင်းက အအေးမိခြင်းကို ၆၃ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။
၂။ ကြက်သွန်ဖြူအတွင်းမှာပါဝင်တဲ့ဒြပ်ပေါင်းသည် သွေးဖိအားကို လျော့နည်းစေပါသည်။ နှလုံးရောဂါနှင့်လေဖြတ်ခြင်းကဲ့သို့သောနှလုံးသွေးကြောဆိုင်ရာရောဂါများသည်ကမ္ဘာ့အကြီးဆုံးလူသတ်သမားဖြစ်သည်။သွေးတိုးရောဂါသည် ဤရောဂါများအတွက်အရေးကြီးဆုံးသောအကြောင်းအရင်းတစ်ခုဖြစ်သည်။ လေ့လာမှုများအရ ကြက်သွန်ဖြူပါဝင်သည့် ဖြည့်စွက်ဆေးသည်သွေးပေါင်ချိန်မြင့်သောလူများ၏ သွေးပေါင်ချိန်ကိုလျှော့ချရန်သိသာထင်ရှားသော သက်ရောက်မှုရှိကြောင်းတွေ့ရှိခဲ့သည်။
၃။ ကြက်သွန်ဖြူသည်ကိုလက်စထရောအဆင့်ကိုတိုးတက်စေပြီးနှလုံးရောဂါဖြစ်နိုင်ချေကိုလျော့နည်းစေသည်။ ကြက်သွန်ဖြူရှိဆာလဖာဒြပ်ပေါင်းများသည် သတ္တုအဆိပ်အတောက်များမှ ကိုယ်တွင်းအင်္ဂါပျက်စီးမှုကို ကာကွယ်ကြောင်း တွေ့ရှိခဲ့ပါသည်။
၄။ ကြက်သွန်ဖြူထဲမှာဆဲလ်ပျက်စီးခြင်းနဲ့အိုမင်းခြင်းကိုကာကွယ်ပေးနိုင်တဲ့ antioxidants များပါရှိပါတယ်။ ၎င်းသည်အယ်လ်ဇိုင်းမားရောဂါနှင့် စိတ်ဖောက်ပြန်မှုအန္တရာယ်ကို လျော့နည်းစေနိုင်ပါသည်။ အထူးသဖြင့်သက်ကြီးရွယ်အိုများ သို့မဟုတ်အလုပ်မဖြစ်သောကိုယ်ခံအားစနစ်ရှိသူများအတွက် ၎င်းသည်ကူးစက်တတ်သောရောဂါများကို တိုက်ထုတ်နိုင်သည့်အချက်သည် အရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။
၅။ ကြက်သွန်ဖြူဟာ အရိုးကျန်းမာစေဖို့အတွက် အထောက်အကူပြုပါသည်။ အမျိုးသမီးများ အများဆုံးဖြစ်တတ်တဲ့ အရိုးပွခြင်း ရောဂါများအတွက် အကျိုးရှိတဲ့ သက်ရောက်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။
ကြက်သွန်ဖြူကနေ ရရှိမဲ့ အကျိုးကျေးဇူးလေးတွေကို သိရပြီဆိုတော့ နေ့စဉ်ပုံမှန်စားပေးဖို့ တိုက်တွန်းချင်ပါတယ်။