သရက်သီး၏ကောင်းကျိုးများ
သရက်ပင်တွေကို လွန်ခဲ့သောနှစ်ပေါင်း ၂၅-၃၀ သန်းခန့်ကအိန္ဒိယအရှေ့မြောက်၊ ဘင်္ဂလားဒေ့ရ်ှနှင့်မြန်မာတို့တွင်ပထမဆုံးစိုက်ပျိုးခဲ့ပါသည်။ အရင်ခေတ်တုန်းက သရက်သီးကို သစ်သီးဝလံဘုရင်ဟုပင် ခေါ်ဆိုကြပါတယ်။ သရက်သီးသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးအသီးများထဲမှ တစ်ခုဖြစ်ပါသည်။ဒါ့အပြင် သရက်သီးစားခြင်းကနေ ဒီလိုအကျိုးကျေးဇူးလေးတွေလည်း ရနိုင်ပါသေးတယ်။
၁။ သရက်သီးသည်အစာကြေလွယ်စေရန်ကူညီနိုင်သည်။ DK Publishing မှ 'Healing Foods' စာအုပ်၏အဆိုအရသရက်သီးတွင်ပရိုတိန်းများပျက်စီးခြင်းနှင့်အစာကြေစေရန်အထောက်အကူပြုသောအင်ဇိုင်းများပါဝင်သောကြောင့် အစာခြေလမ်းကြောင်းကိုထိရောက်စွာလည်ပတ်စေသည်။အစိမ်းရောင်သရက်သီးများသည်မှည့်သောသရက်သီးများထက် အမျှင်ပိုများသည်။
၂။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါသည်။ သရက်သီးတွင် ဗီတာမင် စီ၏ သုံးပုံနှစ်ပုံခန့် ပါဝင်ပြီး ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ပေးပြီးအအေးမိ တုပ်ကွေးဖြစ်ခြင်းမှ ကာကွယ်ပေးသည်။
၃။မျက်စိ အားကောင်းစေပါသည်။ သရက်သီးသည်ဗီတာမင်အေထုတ်လုပ်ရာတွင်အထောက်အကူဖြစ်စေသည့် beta-carotene ကြွယ်ဝမှုရှိသည်။အားကောင်းသော antioxidant သည်အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေပြီး မျက်စိ၏ကျန်းမာရေးကိုပိုမိုကောင်းမွန်စေပြီး အသက်အရွယ်နှင့်ဆိုင်သော macular ယိုယွင်းခြင်းသို့မဟုတ်အမြင်အာရုံဆုံးရှုံးခြင်းကိုပင် ကာကွယ်ပေးသည်။
၄။ သရက်သီးကိုစားခြင်းက ခန္တာကိုယ်တွင်းရှိ ကိုလက်စထရောပမာဏကိုထိန်းညှိပေးနိုင်ပါသည်။ ဖိုင်ဘာ pectin ၏မြင့်မားသောပမာဏသည် low-density lipoprotein (LDL သို့မဟုတ် bad cholesterol) ကိုလျော့နည်းစေနိုင်ပါသည်။ သွေးကြောများပိတ်ဆို့ခြင်းနှင့်သွေးစီးဆင်းမှုကိုလည်း တားဆီပေးပါသည်။
၅။ သရက်သီးသည်အသားအရေကို ကျန်းမာစေသည့်ဗီတာမင်စီနှင့်ဗီတာမင်အေတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းနှစ်ခုလုံးသည် ကျန်းမာသန်စွမ်းသောအသားအရေနှင့်အရေပြား ပြန်လည်ပြုပြင်ရန်အတွက် အလွန်အရေးကြီးသည်။ သရက်သီးစားသုံးခြင်းက ခန္တာကိုယ်တွင်းရှိ ဆဲလ်သေများကို ဖယ်ရှားပေးသည်ဟုလည်း လေ့လာသူများကဆိုပါတယ်။
၆။ ဆီးချိုရောဂါရှိသူပင် စားသုံးနိုင်တာဘဲ ဖြစ်ပါတယ်။ သရက်သီးဟာချိုတာမှန်ပေမဲ့လို့ ဆီးချိုရောဂါစားသုံးရန်အတွက်အန္တရာယ်ကင်းသော glycemic အစားအစာဖြစ်သည်ဟုယူမှတ်ကြပါတယ်။ ဂလူးကို့စ်အညွှန်းကိန်းနိမ့်ကျသော အစားအစာများကသွေးထဲတွင်သကြားဓာတ်များကိုထုတ်လွှတ်မှုနှေးကွေးစေပါတယ်။ ထို့အပြင်သရက်သီးသည်အမျှင်ဓာတ်များကြွယ်ဝသောကြောင့် သွေးသကြားဓာတ်ပမာဏကိုထိန်းညှိပေးပါသည်။
၇။ ဝိတ်ကျချင်တဲ့သူတွေအတွက်လည်း အထောက်အကူပြုတယ်။ သရက်သီးအရေပြားရှိ phytochemicals များသည်သဘာဝအဆီ busters များဖြစ်သည်။ သရက်သီးသည်အမျှင်ဓာတ်များနှင့်ပြည့်နေသည်။ အမျှင်ဓာတ်များသည် မကြာခဏဗိုက်ဆာခြင်းကို ရောင့်ရဲစေပါတယ်။
သရက်သီးစားသုံးပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိကြပြီဆိုတော့ သရက်သီးရာသီရောက်တုန်းလေးမှာ စားကြပါလို့ အကြံပြုချင်ပါတယ်။
Souce: food.ndtv.com