Up to 40% OFF

ကင်ချီပြုလုပ်နည်း

January 27, 2020

ကင်ချီကတော့ korea အစားအသောက်တခုမှာ မပါမဖြစ် တွဲဖက်စားရတဲ့အရာဆိုရင်လည်းမမှားပါဘူး
မြန်မာပြည်မှာနေရင်း korea ကင်ချီလေးကို အိမ်မှာလုပ်စားနိုင်မဲ့နည်းလေးကိုပြောပြပါမယ်
ကင်ချီအတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
-မုန်ညင်းဖူး(အဖြူ)
-ကြက်သွန်ဖြူ 
-ကြက်သွန်နီ
-ဂျင်း
-ငရုတ်သီးစိမ်းမှုန့်စစ်စစ်
-သကြား
-ဆား
…………..
ပြုလုပ်နည်း
-ပထမဆုံး မုန်ညင်းဖူးကို ရေစင်အောင်ဆေးပြီး ဆားရေ တစ်ညစိမ်ပါ။မုန်ညင်းဖူးအပေါ်မူတည်ပြီး ဆားအနည်းအများထည့်ပါ။
-ဆားရေတစ်ညစိမ်ပြီး မုန်ညင်းဖူးလေး အိသွားပြီဆိုရင်တော့ ဇကာဖြင့် ရေစစ်ထားပါ။
-ကြက်သွန်ဖြူ ကြက်သွန်နီနှင့်ဂျင်း အနည်းငယ်ကို ထောင်းပါ 
-အနှစ်များများစားချင်တယ်ဆိုရင်တော့ ကြက်သွန်နီများများထည့်ထောင်းဖို့ လိုပါတယ် 
-ငရုတ်သီးစိမ်းမှုန့်၊ သကြားနှင့်ဆားအနည်းငယ်ကို ရေနွေးအနည်းငယ်ဖြင့်ပျော်အောင်ဖျော်ပေးပါ။
-ပျော်သွားပြီဆိုရင်တော့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊နီ၊ဂျင်းအနှစ်တွေနဲ့ရောပြီး သမအောင်မွှေပါ။
-ပြီးရင်တော့ဇကာဖြင့်စစ်ထားတဲ့ မုန်ညင်းဖူးတွေနဲ့အနှစ်တွေကိုရောနယ်ပေးပါ။အရသာအပေါ့အငံ မြည်းကြည့်ပြီး လိုရာကိုထပ်ထည့်နိုင်ပါတယ်။
-အရသာအဆင်ပြေပြီဆိုရင်တော့ စားသုံးလို့ရပါပြီ။ အဖုံးပါတဲ့ဘူးဖြင့်အပြင်မှာတရက်ထားပြီးရင် နောက်ရက်တွေမှာ ရေခဲသေတ္တာနဲ့ထားပါ။
-korea ကားထဲကလို ခေါက်ဆွဲပြုတ်ကို ကင်ချီလေးနဲ့တွဲစားလို့ရသလို ထမင်းလိပ်နဲ့လည်းတွဲဖက် စားနိုင်ပါတယ်။


Read 2691 times.