Eating Tips

မြောက်ဥက္ကလာက ဟော့ပေါ့ ပင်လယ်စာအစုံရတဲ့ ဘက်ဂျက်ဆိုင်

January 16, 2020

ဟော့ပေါ့ နဲ့မာလာရှမ်းကောကို  set လိုက်စားချင်တယ် ..
ပင်လယ်စာဟင်းလျာအစုံနှင့် ရခိုင်အစားအစာတွေကို တစ်နေရာထဲမှာဘဲမှာစားချင်တဲ့သူတွေအတွက် ဘတ်ဂျက် ဆိုင်လေးတစ်ဆိုင်ကို လမ်းညွန်ပေးချင်ပါတယ်..
..
ဘတ်ဂျက်ဆိုင်ဆိုတာလည်း မပြောနဲ့ အနိမ့်ဆုံး ရခိုင် မုန့်တီ အလွတ်တစ်ပွဲကိုမှ ၃၀၀ ကျပ်ကနေ စတင်စားနိုင်ပြီး ..
အများဆုံးလူကြိုက်များ ဟော့ပေါ့ ပင်လယ်စာအစုံကို မှ ၁၇၅၀၀ ကျပ် လောက်ပဲ ရှိတယ်..
..
ပွဲကြီး  ဟော့ပေါ့ ပင်လယ်စာအစုံက ပုစွန်၊ဂဏန်း၊ကင်းမွန်၊ခရု၊ဂုံးအပြင် အသီးအရွက်အစုံတို့လို seafood ၁၀ မျိုးကျော်လောက်ပါဝင်ပြီး လူ ၄ ၊ ၅ ယောက်လောက်တော့ စားလို့ရတယ့်အနေအထားပါ.ဟော့ပေါ့ အရည်ကိုလည်း free ပေးထားပြီး ရခိုင်ချဉ်ငံစပ်၊ တရုတ်အချို၊တုန်ယမ်းချဉ်စပ် ဆိုပြီး ရွေးချယ်လို့ရပါသေးတယ်.. ဒါ့အပြင် ဟော့ပေါ့  set ထဲမှာ ပါပြီးသား ပင်လယ်စာနဲ့အရွက်တွေကို ထပ်ယူချင်တယ်ဆိုရင်လည်း တပွဲချင်း ဝယ်ယူလို့ရပါတယ်..  ပွဲသေး စားမယ်ဆိုလည်း ရသလို နှစ် ယောက်စာလောက်တော့ ကောင်းကောင်းစားလို့ရတယ်..

..
..ဟော့ပေါ့ ပင်လယ်စာအစုံ ပွဲကြီး/ပွဲသေး
..ကဏန်းမဆလာ
..ကဏန်းချဉ်စပ်
..ပင်လယ်စာ မာလာရှမ်းကော
.. နန္ဒာလှိုင်ခရု (Today Special)
ဒီဟာတွေက ဆိုင်မှာ လူကြိုက်များ ဟင်းလျာလေးတွေပဲ ဖြစ်တယ်..
..
ထူးခြားချက်ကတော့ ဆိုင်မှာ ကဏန်းနဲ့ပက်သတ်တဲ့ ဟင်းလျာတွေပဲ.. ကဏန်းကို အဆီအနှစ်ပိုများတဲ့ အမပဲ ဒီဆိုင်မှာ အသုံးပြုပါတယ်.. နောက်တစ်ခုက ..
Today Special ဟင်းလျာ ဆိုပြီးရှိပါတယ်..
ဒီဟင်းလျာတွေထဲမှာ ထူးထူးခြားခြား ဟင်းအမယ်တွေလည်းပါတတ်ပါတယ်.. ဒီအထဲကမှ နန္ဒာလှိုင်ခရု ..
..
မင်မင်တို့ခေါ်ကြတာကတော့ ခရုကြား ပေါ့.. သူကမြစ်တွေ/ပင်လယ်တွေထဲကနေပဲ ရတတ်တဲ့ သဲခရုဖြစ်တယ်..
ချိုမြတဲ့ အရသာနဲ့ အသားလည်းထူပြီး ဝါးလိုက်ရင် ထုတ်..ထုတ်.. မြည်ကာ စားလို့ဝါးလို့အရမ်းကောင်းပေါ့.. သူကတော့ တစ်ပတ်မှာ နှစ်ကြိမ် / သုံးကြိမ် လောက် today special အဖြစ် ရပါတယ်..
..


ဒီဆိုင်မှာ အားနည်းချက်ကတော့ ကားပါကင် နေရာသိပ်မကျယ်ပါဘူး  .. ဒါပေမဲ့ ဆိုင်ကဝန်ထမ်းတွေကတော့ အဆင်ပြေအောင် ဆောင်ရွက်ပေးပါလိမ့်မယ်..
..
ညနေဘက်တွေဆိုရင် ဖိုနဲ့ကင်တဲ့ အကင်တွေလည်း ရသလို တွဲဖက်ဖို့ ဘီယာ ဂေါက်လည်း ဒီဆိုင်မှာရပါတယ်..Tiger/ABC/Heineken တို့ပေါ့..ဘီယာကတော့ တစ်ခွက်ကို တစ်ထောင်ပါ..

..
ညပိုင်းမိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေအုပ်စုလိုက်ဖြစ်ဖြစ် dinner အနေနဲ့လည်း အဆင်ပြေမဲ့ဆိုင်လေးပါ .. ဆိုင်နဲ့အနီးအနားမှာနေထိုင်တဲ့သူတွေအတွက်လဲ ဖုန်းဆက်မှာယူမယ်ဆိုရင်တော့ delivery free ပို့ပေးပါတယ်..
..
ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီမှည(၁၀)နာရီထိဖြစ်ပြီး ...
လိပ်စာကတော့…….

..
Grace Seafood (Restaurants)
Address : အမှတ်/၃၇, ဝေဘာဂီလမ်း/ မြောက်ဥက္ကလာပမြို့နယ်..
( ၆ ကွေ့မှတ်တိုင် နှင့် နီးပါတယ်.. )
ဖုန်းနံပါတ် : ၀၉ ၂၅၀ ၆၇၃ ၅၈၃ / ၀၉ ၄၄၂ ၅၀၄ ၅၇၂
..
မြောက်ဥက္ကလာရောက်ရင်ဖြစ်ဖြစ် .. ဒီဆိုင်လေးကို ဝင်ရောက် စားသုံးကြည့်လိုက်ပါလို့...
 


Read 679 times.