Eating Tips

ငါးနှစ်မျက်နှာ နှင့် ပင်လယ်စာ ကမ္ဘာ ..

January 15, 2020

ပင်လယ်စာနှင့် ပက်သက်ရင် ရွေးချယ်စရာများစွာ ရှိသလို ချိုသာတဲ့ ဈေးနှုန်းတွေနဲ့ စားရမယ့် ဆိုင်..

..

ဆိုင်က ဈေးသက်သာသလို အများဆုံးမှ ၈၀၀၀/၈၅၀၀ ကျော်လေးတွေပဲ..

သဃာန်းကျွန်း လေးထောင့်ကန်လမ်းမပေါ် မှာဖွင့်ထားပြီး ဘဝမြင့် မှတ်တိုင်နှင့် နီးပါတယ်..

..

အသုပ်တွေဆိုလည်း ၁၀၀၀ ကျော်နှစ်ထောင်လောက်တွေကနေ ရရှိနိုင်တယ်..

..Set Menu (One Portion) အနေဖြင့် စားမယ်ဆိုရင်လည်း

(ထမင်း ၊ အသုပ်နှင့် ဟင်းတစ်ပွဲ ) ကိုမှ ၅၅၀၀ ကျပ်ပဲ ကျပါတယ်..

..

ဒီဆိုင်မှာ လူကြိုက်များတာက ..

..ပင်လယ်ပိုက်ကွန်

..sea food တုံယမ်း

..sea food သောက်ဆမ်း

..ကဏန်းချဉ်စပ်

..ငါးသံပုရာ

..ငါးနှစ်မျက်နှာ

စတဲ့ ပင်လယ်စာတွေဖြစ်ပြီး ငါးတွေကို တော့ ကကတစ်ငါးတွေကို အသုံးပြု ချက်ပြုတ်ပါတယ်..

..

ငါးနှစ်မျက်နှာ (၈၅၀၀ ကျပ်)

..

ဒီ ပင်လယ်စာ ဟင်းပွဲက နာမည်လေးကထူးခြားပြီး နှစ်မျက်နှာဆိုသလိုမျိုး ငါးအချို ငါး အစပ် ဆိုတဲ့ အရသာနှစ်မျိုးကို ဟင်းတစ်ပွဲထဲ ခံစားရရှိမှာပါ..

ငါးအကောင်ရဲ့ တစ်ခြမ်းကို အချို လုပ်ထားပြီး ကျန်တစ်ခြမ်းကတော့ အစပ်အရသာ ပုံစံမျိုးဖြစ်ပြီး လှပတဲ့ ဟင်းပွဲလေးအဖြစ်စီမံထားပါတယ်..

..

ပင်လယ်စာတော်တော်များများ အစုံရနိုင်တဲ့အပြင် ..

juice များလည်းရရှိပါတယ်..

..

Alcohol အနေဖြင့် နိုင်ငံခြားအရက်များ ရရှိပြီး ၊ဗော့ကာ ၊ Cocktails တွေလည်း ရရှိပါတယ်..

..ဘီယာ ဂေါက်လည်း ရရှိသလို Tiger/ABC/ Carlsberg တို့ ရရှိမှာပါ..

..နီးစပ်ရာ ဆိုင်နားတဝိုက်ကို Free Delivery အနေဖြင့် ပို့ဆောင်ပေးပါတယ်..(မှတ်ချက်.. ညနေဘက်တွင် လူများပါသဖြင့် မပို့ပေးပါ)

..

ဆိုင်ဖွင့်ချိန်က မနက် 10:AM to 10:30 PM ဖြစ်ပါတယ်..

ဆိုင်နာမည်က..

Blue Ocean Restaurant

=====================

Address:  No 898 ,Lay Daunt Kan  Rd ,Ba Wa Myint Bus Stop , Thingangyun.

Phone : 09765065036


Read 656 times.