Eating Tips

နက်ပြာရောင် အဆောက်အဦးထဲက ခေတ်ဟောင်းဆိုင်လေး ထားနှမ .....

December 10, 2019

" ထားနှမ အကြောင်းကံ "
--------------------------------

@@@ ဒီတစ်ခေါက် ညွှန်းပေးချင်တဲ့ဆိုင်လေးကတော့ ရှေးခေတ်အဆောက်အဦးကိုသေချာပြန်လည် မွန်းမံပြီး Decoration ကောင်းကောင်းနဲ့ဖွင့်လှစ်ထားတဲ့ ဆိုင်လေးပါ ..တော်တော်များများတော့ သိပြီးကြမယ်ထင်ပေမယ့် မသိသေးသူတွေအတွက် တင်ပေးချင်ပါတယ်နော် ...


==> ဆိုင်လေးရဲ့ နာမည်က " Sofaer & Co " တဲ့..
==> ပန်းဆိုးတန်းလမ်းမကြီး အောက်ဘလောက် အမှတ် (၆၀)မှာရှိပါတယ်..


>>> ဆိုင်လေးက မဝင်ခင် အပြင်အဝမှာတင်တော်တော်လေးလှနေပါပြီ.. နက်ပြာရောင်ဆေးသုတ်ထားလို့ တခြားအဆောက်အဦးတွေနဲ့မတူ လှပခန့်ညားစွာရှိနေပြီး အပြင်ဘက်မှာ ထိုင်ခုံလေးတွေနဲ့ သစ်ပင်လေးတွေလည်း ထားထားပါသေးတယ် ..

>>> ဆိုင်လေးရဲ့နာမည် Sofaer ဆိုတာကတော့ ၁၉၀၆ ခုနှစ်က ရန်ကုန်ကို Bagdad မြို့ကနေ ပြောင်းရွှေ့လာတဲ့ Isaac Sofaer ဆိုတဲ့ ဂျူးလူမျိုးတို့ မိသားစုကနေ အခုအဆောက်အဦးကို ဒီဇိုင်းဆွဲပြီး တည်ဆောက်မှုကို နာမည်ကျော်ဗိသုကာပညာရှင်ကြီး Thomas Swales ကနေ ဆောက်လုပ်ခဲ့တာမို့ Sofaer & Co ဆိုပြီး နာမည်ပေးထားတာပါ ...


>>> ဆိုင်အထဲကိုဝင်လိုက်ရင် တကယ့်ကိုရှေးဟောင်းဆိုင်လေးတစ်ခုထဲကို ရောက်သွားသလို ခံစားစေရပါတယ်...

>>> ကြိမ်ထိုင်ခုံလေးတွေကအစ အပြင်အဆင်အကုန်သေသေချာချာလေးပြင်ဆင်ထားပါတယ် ..သန့်ရှင်းသပ်ရပ်ပြီး ခန့်ညားလှပါတယ် ..နောက်တစ်ခုက ကြမ်းပြင်က ကျောက်ပြားတွေဟာဆိုရင် လုံးဝကိုအမိုက်စားပါ၊ ရှေးခေတ်အရသာအပြည့်အဝရစေပါတယ် ..

>>> ပြီးတော့ နံရံမှာရှိတဲ့ "ထားနှမအကြောင်းကံ" ဆိုတဲ့ပန်းချီကားဟာလည်း တော်တော်လေးလှပါတယ်၊ နေရာကောင်းပြီး ဓာတ်ပုံရိုက်ရင်အရမ်းလှပါတယ် ..ဆိုင်ထဲမှာအလှထားတဲ့ ပစ္စည်းတစ်ခုချင်းစီကအစ Vintage ဆန်ဆန်ထားထားပါတယ်နော် ...


>>> Menu တွေကတော့ ကော်ဖီတွေကအစ Cocktail တွေအထိရပြီး မြန်မာ့ရိုးရာ Menu တွေ၊ Dessert၊ Snack၊ Soup၊ Noodle & Rice၊ Burgers စသဖြင့် စုံစုံလင်လင်ရပါတယ် ..ဈေးနှုန်းကတော့ ပုံမှန်ထက်အနည်းငယ်များပေမယ့် ပေးရတာနဲ့တန်ပါတယ် ..

>>> အရသာကအစ ပါဝင်မှုကော တော်တော်လေးအဆင်ပြေပါတယ် ..နောက်ပြီး Service ပိုင်းကလည်း ဘာပဲမေးမေး စိတ်ရှည်ရှည်နဲ့ဖြေပေးပြီး ဝန်ဆောင်မှုကောင်းပါတယ်နော် ..


>>> သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ချစ်သူနဲ့ပဲဖြစ်ဖြစ် သွားလို့ကောင်းပြီး ဓာတ်ဖမ်းလို့လဲလှ သက်တောင့်သက်သာလည်းရှိ ဝန်ဆောင်မှုလည်းကောင်းလို့ ညွှန်းပေးလိုက်ပါတယ်နော်..

ဆိုင်လိပ်စာလေးက .......
Address : 60, Lower Block,Pansodan Road,Kyauktada Township.
Ph : 09 44833 3499
Credit : RoccoLifestyle


Read 275 times.