Eating Tips

ရန်ကုန်မှာ ပီဇာစားမယ်ဆိုရင် ဒီဆိုင်လေးတွေကို သတိရပေးပါ ...

December 10, 2019

ရန်ကုန်မှာ ပီဇာစားမယ်ဆိုရင် ဒီဆိုင်လေးတွေရှိပါတယ်နော်..


_ Parami Pizza

Parami Pizza ဟာ ဆိုင်ခွဲတော်တော် များများရှိပါတယ်။ ဒီဆိုင်ကတော့ ပါရမီလမ်း ကဆိုင်ပါ။
လိပ်စာကတော့ အမှတ် (၁၁ -C) မလိခလမ်းနှင့်ပါရမီလမ်းထောင့် (၇) ရပ်ကွက် မရမ်းကုန်း မြို့နယ်ပါ။
ဖုန်းနံပါတ်ကတော့ 01-8604809 ၊ 09-777460037 ပါ။

Time: 11AM – 11PM
Price: 13530MMK – 22560MMK


_ Sharky`s

အစားအသောက် ကြိုက်တဲ့သူတော်တော်များများ MRTV-4 ကလွှင့်တဲ့ Master Chief ပြိုင်ပွဲကို ကြည့်ဖူး
ကြလိမ့်မယ်လို့ထင်ပါတယ် အဲ့ဒီပြိုင်ပွဲမှာ ဒိုင်လုပ်တဲ့ ဦးရှာကီ ဆိုတဲ့သူကိုလည်း သတိထားမိ ကြမှာပါ။
ဟုတ်ပါတယ် ပရိတ်သတ်တွေ ထင်တဲ့အတိုင်းပါဘဲ ဦးရှာကီ ဆိုသူရဲ့ဆိုင်ဘဲဖြစ်ပါတယ်။
လိပ်စာကတော့ အမှတ် (၁၁၇) ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ်မှာဖြစ်ပါတယ်။
ဖုန်းနံပါတ်ကတော့09424271233 ပါ။

Time: 8AM-10PM


_ The Pizza Company


The Pizza Companyဆိုင်တွေကတော့ ရန်ကုန်မှာတော်တော်များများရှိပါတယ်။ အခုပြောပြမယ့်
ဆိုင်လိပ်စာလေးကတော့ (၁၉၂) ၃လွာ မြန်မာပလာဇာ ကမ္ဘာအေး ဘုရားလမ်း မှာပါ။
ဖုန်းနံပါတ်ကတော့ 09 45605 1303 ပါ။

Time : 10AM-10PM


_ Byblos Pub and Grill

ဒီဆိုင်လေးဟာဆိုရင် အနောက်တိုင်းပုံစံ အပြင်အဆင်လေးနှင့် Classic ဆန်ဆန် Lighting တွေက သင်နှစ်သက်တဲ့ ပီဇာနဲ့ဆိုရင် အဲ့ဒီ့နေ့ဟာ သင့်အတွက်တော့ မမေ့နိုင်စရာ နေ့တစ်နေ့ဖြစ်သွားလိမ့်မယ် ထင်တယ် ။ရည်းစားဦးနဲ့ ပထမဆုံး ချိန်းတွေ့တဲ့နေ့လိုပေါ့။
လိပ်စာကတော့ အမှတ် (၂၀) ပုလဲလမ်း ၊ ရွှေတောင်ကြားရပ်ကွက် ၊ ဗဟန်းမြို့နယ်မှာပါ။
ဖုန်းနံပါတ်ကတော့ 09798882020။

Time: 11:30AM – 11:00PM
Price: 7650 MMK – 15300 MMK


_ Pizza Hut

အမှတ်(၅၅) ရေကျော်လမ်း ပုဇွန်တောင်မှာ ရှိပါတယ်။
ဖုန်းနံပါတ်ကတော့ 09771782247 ပါ။

Time :9AM-9PM 


Read 391 times.