Eating Tips

မလှူတတ်ရင် ဈေးရောင်းပါ ... ဆိုတဲ့ နာမည်ကြီး “ မြောင်းမြ ဒေါ်ချို “ မုန့်ဟင်းခါးဆိုင် .

December 4, 2019

“ မြောင်းမြ  ဒေါ်ချို“ ဆိုင်ဆိုတာ မုန့်ဟင်းခါး ကြိုက်နှစ်သက်သူများ ရဲ့ ကြားမှာ နာမည်တစ်ခုဖြင့် ရပ်တည်နေတာကြာခဲ့ပြီဖြစ်ပါတယ်။မုန့်ဟင်းခါးတစ်မျိုးကိုသာ အဓိကထား ရောင်းချပြီး နှစ်ကာလကြာရှည်စွာ ရပ်တည်နေခဲ့တဲ့ဆိုင်လည်း ဖြစ်ပါတယ်။

“ မလှူတတ်ရင် ဈေးရောင်းပါ “ …..

# ဒီဆောင်ပုဒ်လေးကို လက်ကိုင်ထားပြီး လက်တွေ့ကျင့်သုံးကာ မြန်မာ့ရိုးရာအစားအစာ ဖြစ်တဲ့ မုန့်ဟင်းခါးမှာ " မြောင်းမြ  ဒေါ်ချို “ ဆိုတဲ့ အမည်တစ်ခုဖြင့် နှစ်သက်တမ်းရှည်စွာ ခုထက်ထိအောင်မြင်နေသော အဖွားဒေါ်ချို တို့ မိသားစုပါ။အဖွားမရှိတော့ပေမဲ့ အမွေဆက်ခ ံသူသား၊ သမီးများ ကလည်း ဆက်လက်တာဝန်ယူပြီး စေတနာပါပါ ရောင်းချနေသောကြောင့် ခုချိန်ထိ နာမည်ကြီးနေစဲ မုန့်ဟင်းခါးဆိုင် ဖြစ်ပါသည်။

# ၁၉၉၈ ~ ၁၉၉၉ လောက်ကစတင်ခဲ့တဲ့ လုပ်ငန်းဟာ ခုဆိုရင် နှစ်ပေါင်း (၂၀) ကျော်လာပြီ ဖြစ်သလို ဆိုင်ခွဲများစွာ ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်။

# ရန်ကုန်တွင်ပင်..

•    ဗဟန်း  (118/D, Old Yae Tar Shae Rd., Gyar Taw Ya Ward,Bahan Tsp.  Tel : 0973164487, 09799887877, 09443164487 )

•    ရန်ကင်း  (38, Rm 02, Yan Shin St., Shwe Ohn Pin Housing,Yankin Tsp. Tel : 0973235569, 095158791 )

•    တာမွေ  (120, Banyar Dala Rd., Tarmway Gyee (Ka/Ga-Nge) Ward,Tarmwe Tsp. Tel : 01559319, 095158720, 0973186210 )

•    လမ်းမတော် (၁၁)လမ်း  (16, 11th St., Lower Block,Lanmadaw Tsp. Tel : 095191643, 098613665 )

•    သုဝဏ္ဏ ( Bldg 3, Rm 1, G Flr, Than Thu Mar Rd., Yuzana Housing,Thingangyun Tsp. Tel : 095028304 )

•    ၅၁ လမ်း ( 147/149, 51st St., Upper Block,Pazundaung Tsp. Tel : 09262000013, 09799992621 )

စသဖြင့် ဆိုင်ခွဲ (၆)ဆိုင်ရှိပြီး …

•    (၃၉) မိုင် [ ဘုရားကြီး ]
•    (၂၀၂) မိုင် [ နေပြည်တော် ]
•    ( ၃၅၂) မိုင် [မန္တလေး]

တို့တွင်လည်း ဆိုင်ခွဲများဖွင့်လှစ်ထားနိုင်ပြီဖြစ်သည်။

# စဦးစွာ (၅၁) လမ်းဆိုင်ဖြင့် လုပ်ငန်းစတင်ပြီး၊ ထို့နောက်လမ်းမတော်(၁၁)လမ်း၊ ဗဟန်းဆိုင်ခွဲ စသဖြင့် လုပ်ငန်းတိုးချဲ့အောင်မြင်ခဲ့သော မြန်မာ့အစားစာ မုန့်ဟင်းခါး ဆိုင်ဖြစ်သည်။အရင်က စမ်းချောင်း၊ ပါရမီတို့တွင်လည်း ဆိုင်ခွဲဖွင့်လှစ်ခဲ့သော်လည်း အခြေအနေ အကြောင်းကြောင်း ကြောင့် ပြောင်းရွှေ့ဖွင့်လှစ်ခဲခြင်းလည်း ရှိသည်။

# ဆိုင်ခွဲများအားလုံးလက်ရာတူညီသော်လည်း စားသုံးသူများ၏လိုအပ်ချက်အရ မုန့်ဟင်းရည် ခပ်ပျစ်ပျစ်ကြိုက်တတ်တဲ့ တာမွေဆိုင်မှာ ဆိုရင်တော့ အရည်ခပ်ပျစ်ပျစ်လေးရနိုင်ပြီး ကျန်တစ်ချို့ဆိုင်များမှာတော့ အရည်ခပ်ကျဲကျဲ ရရှိနိုင်အောင်ဝန်ဆောင်မှုပေးထားပါတယ်။စေတနာကို အဓိကထားပြီး ရောင်းချတဲ့ ဒီဆိုင်လေးဟာဆိုရင် မုန့်ဟင်းရည်မှာ ငါးအရသာစစ်စစ် ဖြစ်တဲ့ (ငါးရံ့) ကို သာအသုံးပြု ချက်ပြုတ်ပါတယ်။ငါးရံ့ကိုအသုံးပြု ချက်ပြုတ်သောကြောင် ငါးအရသာစစ်စစ်ရရှိတဲ့ အပြင် လက်ရာကောင်းသော မုန့်ဟင်းခါးဆိုင်လည်းဖြစ်တယ်။တောချက်လက်ရာလေးဖြင့်  နာမည်ကြီးလှတဲ့ ဆိုင်လေးဆိုရင်လည်း မမှားပါဘူး။

# မုန့်ဟင်းခါးကိုသာ အဓိကထားရောင်းချသော်လည်း စားသုံးသူများအတွက် ခုဆိုရင် ..

•    မုန့်ဟင်းခါး အလွတ် (တစ်ပွဲ - ၈၀၀ ကျပ်)
•    အုန်းနို့ခေါက်ဆွဲ (တစ်ပွဲ - ၈၀၀ ကျပ်)
•    နှပ်ကော်ဖီ (၇၀၀ - ကျပ်) [ ကိုယ်တိုင်ပြုလုပ်ထားသည့် နှပ်ကော်ဖီစစ်]
•    အကြော်စုံ (တစ်ခု- ၂၀၀ ကျပ်) [ ဘူးသီးကြော်၊ မန္တလေးပဲကြော်၊ ကြက်သွန်ကြော်၊ ပဲကြော် ၊ ငါးဖယ်၊ အိုးဘဲဥ ]

…. စသဖြင့် အမျိုးအစားလေးတွေပါ စုံလင်အောင် ရရှိနိုင်ပါတယ်။ဗဟန်း၊ ရန်ကင်း ဆိုင်များမှာဆိုရင်တော့ coffee နှင့်ပတ်သက်တာ (Americano၊ Sandwiches စသဖြင့် ) ပိုမိုစုံလင်စွာ ရရှိနိုင်သလို နီးစပ်ရာနေရာများကိုလည်း Delivery ပို့ဆောင်ပေးပါတယ်။

ဒီဆိုင်က coffee တွေက ထူခြားမှုရှိပြီး ကိုယ်တိုင် Technical ပိုင်းများဖြင့် ပြုလုပ်ထားပြီ နှပ်ကော်ဖီစစ်စစ် အရသာကို ရရှိမှာပါ။coffee သိပ်မကြိုက်သူတွေဆိုရင်တော့ အချိုနည်းနည်းထပ်ထည့် မယ်ဆိုရင် အဆင်ပြေပါတယ်။Coffee အတွက်ဆိုရင်တော ဗဟန်းဆိုင်က ပင်ရင်းဖြစ်တဲ့အတွက် အစုံအလင်ရရှိနိုင်ပါတယ်။

# ရန်ကင်းဆိုင်လေးက ထူးခြားမှုရှိပြီး မနက်ခင်းတွင်သာ မုန့်ဟင်းခါး ရောင်းချပြီး ညနေခင်းတွင်တော့ Traditional DC Bar ဆိုပြီး Bar လေးဖွင့်လှစ်ထားပါတယ်။ ခုတလော Cele တွေ အရောက်များနေတဲ့ Bar တွေထဲမှာ ပါတဲ့ အမည်ရ Bar လေးလဲဖြစ်ပါတယ်။ဒီ Bar လေးအကြောင်းကို နောင်တွင် အသေးစိတ်ဖော်ပြပေးပါမည်။

# စာရေးသူတို့ သွားခဲ့တဲ့ တာမွေဆိုင်လေးကတော့ မုန့်ဟင်းရည်ခပ်ပျစ်ပျစ်ရရှိတဲ့ ဆိုင်လေးဖြစ်ပြီး ၊ လာရောက်စားသောက်သူများ စားသုံးပြီး လက်ဆောင်ဝယ်ယူနိုင်ရန် လက်ဆောင်ပစ္စည်းလေးတွေ အစုံအလင်ရရှိနိုင်ပါတယ်။ ဒီဆိုင်လေးက အရင်လေးထပ်အိမ်ကလေးမှာ ဖွင့်ထားပြီး (၂၀၁၃) လောက်မှာတော့ ပြုပြင်ပြောင်းလဲကာ တိုက်အိမ်လေးပုံစံပြောင်းလဲ ဖွင့်လှစ်ကာ ယခုထက်တိုင်ပင်ဖြစ်တယ်။

# တာမွေဆိုင်လေးကိုလာရောက်စားသုံးမယ်ဆိုရင်တော့ အထက်မှာဖော်ပြထားသော ဈေးနှုန်းများအတိုင်းဖြစ်ပြီး…

# နောက်ထပ်ရရှိတာကတော့ …

•    ငါးဖယ်(၁) ခု [ ၃၀၀ ကျပ် ]
•    ဘဲဥ (၁) လုံး [ ၃၀၀ ကျပ် ]
•    ဟင်းရည် (၁) ပွဲ [ ၆၀၀ ကျပ် ]

 …. စသဖြင့် ရရှိနိုင်ပါတယ်။

# လက်ဆောင်ပစ္စည်း ဝယ်ယူချင်သူများဆိုရင်တော့ …

•    သဘာဝအတိုင်းထုတ်လုပ်ထားသော အကောင်းစား မျှင်ငံပြာရည် [ ၁ ဘူး - ၂၀၀၀ ကျပ် ]
•    ပုဇွန်ခြောက် ငံပြာရည်ကျော် [ ၁ ဘူး - ၃၀၀၀ ကျပ် ]
•    ဘာလချောင်ကြော် / မန်ကျည်းနှစ်ငပိကြော် [ ၁ ဘူး - ၁၅၀၀ ကျပ် ]
•    စိန်သုံးလုံး လုံတောက် လက်ဖက်ခြောက် [ ၁ ထုပ် - ၁၂၀၀ ကျပ် ]
•    ငါးရံခြောက်ဖုတ် [ ၁ ထုပ် - ၀၀ ကျပ် ]
•    မုန့်ဟင်းခါး ဟင်းရည်ခြောက် [ ၁ ထုပ် - ၃၅၀၀ ကျပ် ]
•    အသင့်စားပြည်ထမင်းသုပ် [ ၁ ထုပ် - ၂၅၀၀ ကျပ် ] ….

စသဖြင့် အမျိုးအစား စုံစုံလင်လင်ရရှိနိုင်ပါတယ်။

# အော်ဒါမှာယူလိုသူများအတွက်ကိုတော ……..

•    ပဲကြော် [ အခု - ၁၀၀ ]
•    ငါးဖယ် [ အခု - ၃၀ ]
•    ဘဲဥ [ အလုံး  - ၃၀ ] …..

စသဖြင့် ရရှိမှာပါ။ ဈေးနှုန်းကတော့ (၁၃၀,၀၀၀) ကျပ်ပဲဖြစ်ပြီးတော့ လူအယောက် (၈၀) စာ အတွက် ဖြစ်ပါတယ်။

# ဆိုင်ဖွင့်ချိန်လေးက …

“ မနက် (၅း၀၀) ကနေ (၁၀း၃၀) “ အထိဖွင့်လှစ်ပြီး …..
“ ညနေ (၃း၀၀) လောက်ကနေ ည(၈း၀၀) “ လောက်အထိ ပိတ်ရက်မရှိရောင်းချနေသောဆိုင်လေးပါ။

# ပိတ်ရက်အ နေဖြင့် ထူးခြားမှုအနေနဲ့ ဝါတွင်းကာလတွေမှတော့ ဥပုသ်နေ့များတွင် မနက်ပိုင်းသာ ဖွင့်လှစ်ပြီး ညနေပိုင်းမှာတော့ ဆိုင်ပိတ်ပါတယ်။Delivery Services အနေဖြင့်တော့ ယခုမရရှိနိုင်သေးသော်လည်း နောက်ပိုင်းတွင်တော့ ရရှိနိုင်တဲ့ အလားအလာရှိပါတယ်။

The Restaurant Guide


Read 1362 times.