Eating Tips

ဂျပန် အထိ သွားစရာ မလိုတော့ဘူး ...

December 4, 2019

Irashaiimase (အီရတ်ရှိုက်အီမစဲ) ရုတ်တရက်ဆိုတော့ ဆာမူရိုင်း တွေကိုင်တဲ့ ကင်ဒို ဓါးဘဲ ဆွဲထုတ်ရမလိုလို (ပါတော့မပါဘူးပေါ့ ) နင်ဂျာတွေလို လှစ်ခနဲ ဘဲ အပြင်ထွက် ပြေးရမလိုလို (ပြေးတာကတော့ လွယ်တယ်မလား ) တွေဖြစ်ကုန်တယ် ၊  နည်းနည်းတော့ လန့်သွားတာပေါ့ ။


အမှန်တော့ ဂျပန် စားသောက်ဆိုင် တစ်ဆိုင်ထဲကို ရောက်နေတာဖြစ်ပါတယ် ။ ဆိုင်မှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့ ဧည့်သည်တွေကို အားမာန် အပြည့်နဲ့ ကြိုဆိုနေတဲ့ အသံပါ ။Irashaiimase (အီရတ်ရှိုက်အီမစဲ) ဆိုတာ ဂျပန်ကနေ မြန်မာလို ဘာသာပြန်ရင် ကြိုဆိုပါတယ် လို့ အဓိပ္ပါယ်ရပါတယ်။


တခါမှ ဂျပန်စားသောက်ဆိုင် မရောက်ဖူးတာ ဖြစ်တဲ့ အတွက် ရေခြားမြေခြားကိုရောက်သွားသလိုပါဘဲ ။ ဆိုတော့ အဲဒီ ဆိုင်လေးမှာ ဘာတွေရတယ် ဈေးနှုန်း က ဘယ်လောက်ရှိတယ် ဆိုတာ ရှင်းရှင်းလင်းလင်း နဲ့ ညွန်းပေးပါရစေ ။


ဆိုင်ရဲ့အကြောင်း
=============


ဒီဆိုင်လေး က သိပ်တော့မကြာသေးပါဘူး ။ အရင်က Bar and Restaurant ဖွင့်ခဲ့တဲ့ ဆိုင်လေးပါ။ သိပ်မကြာခင်မှ ဂျပန်စားသောက်ဆိုင် အဖြစ်ပြောင်းလဲဖွင့်ထားတာပါ ။ Decoration ကလည်း ဘား ပုံစံကနေ ဂျပန်ပုံစံ ပြောင်းထားပါတယ် ၊ လုံးဝ ဂျပန်ပုံစံမျိုးတော့ မဟုတ်သေးပေမယ့် တဖြေးဖြေးခြင်းပြင်ဆင်နေပါတယ် ။


လက်ရှိအချိန် မှာတော့ ဘား အငွေ့အသက်ကော ဂျပန်အငွေ့အသက်ပါ လွမ်းခြုံနေပါတယ် ။ဆိုင်က ၃ ထပ်ပါ ။ ပထမထပ် နှင့် ဒုတိယထပ်ကို ကိုဘဲ ဖွင့်ရပါသေးတယ် ။ ကားပါကင်ကျယ်ဝန်းပါတယ် ။ ဆူရှီ စားသောက်ဆိုင်ဖြစ်ပြီး Fast food restaurant အမျိုးအစားဖြစ်ပါတယ် ။


ဂျပန်ဆိုင်ဖြစ်တဲ့ အတွက် တိတ်ဆိတ် အေးဆေးနဲ့အငွေ့အသက်ကို အပြည့် အဝ ခံစားလို့ရပါတယ် ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီ ကနေ ည ၉ နာရီ ၄၅ အထိ ဖြစ်ပါတယ် ။


ဂျပန်ဟင်းအနှစ်ကိုဘာတွေနဲ့ချက်လဲ
============================

ကြက်သွန် ၊မှို ၊ခရမ်းချဉ်သီးအနှစ် ၊ ဥနီ ၊ အာလူး ၊ တခြားလိုအပ်တဲ့ အနှစ် စတာတွေကတော့ အခြေခံ အနှစ်လုပ်တဲ့ အခါ အသုံးပြုပါတယ် ။ ဟင်းလျာပေါ် မှာမူတည်ပြီးတော့မှ သုံးရတဲ့ ဟင်းချိုမှုန့်တွေ တခြား တန်ဆာပလာတွေ ကွဲပြားသွားပါတယ် ။

 

ရနိုင်တဲ့အစားအစာတွေကတော့
========================


"Sushi" ( ဆူရှီ )

ဈေးနှုန်း    (၁ ပွဲ)    ၁၅၀၀ မှ ၃၅၀၀ ကျပ်အထိ


"Sushi Roll" (ဆူရှီရိုး)

ဈေးနှုန်း    (၁ ပွဲ)    ၂၅၀၀ မှ ၃၅၀၀ ကျပ်အထိ


"Sashimi" (စာရှီမိ)

ဈေးနှုန်း    (၁ ပွဲ)    ၅၀၀၀ မှ ၇၀၀၀ ကျပ်အထိ


"အသားကင်"

ဈေးနှုန်း    (၁ ချောင်း) ၁၂၀၀ မှ ၂၄၀၀ ကျပ်အထိ
    (၁ ပွဲ)      ၉၈၀၀ ကျပ်


"Snack"(အဆာပြေ)

ဈေးနှုန်း    (၁ ပွဲ)    ၁၀၀၀ မှ ၃၄၀၀ ကျပ်အထိ


"Trmpura" (တန်ပူရာ)

ဈေးနှုန်း    (၁ ပွဲ)    ၂၂၀၀ မှ ၄၆၀၀ ကျပ်အထိ


Fried (အကြော်)

ဈေးနှုန်း    (၁ ပွဲ)    ၂၆၀၀ မှ ၄၄၀၀ ကျပ်အထိ


"Soup" (ဟင်းရည်)

ဈေးနှုန်း    (၁ ပွဲ)    ၁၀၀၀ မှ ၁၅၀၀ ကျပ်အထိ


"Skewer Mixed" (တုတ်ထိုး)

ဈေးနှုန်း    (၁ ပွဲ) ၆၀၀ မှ ၂၄၀၀ ကျပ်အထိ


"Grill Mixed" (အကင် )

ဈေးနှုန်း    (၁ ပွဲ)    ၃၆၀၀ မှ ၁၈၀၀၀ ကျပ်အထိ


"Noodles" (ခေါက်ဆွဲ)

ဈေးနှုန်း    (၁ ပွဲ)    ၃၈၀၀ မှ ၇၀၀၀ကျပ်အထိ


"Curry" (ဟင်း)

ဈေးနှုန်း    (၁ ပွဲ)    ၃၈၀၀ မှ ၆၄၀၀ ကျပ်အထိ


"Salad" (အသုပ်)

ဈေးနှုန်း    (၁ ပွဲ)    ၃၂၀၀ မှ ၄၄၀၀ ကျပ်အထိ


"Donburi Curry Rice Bow" (ဒွန်းဘူရီ ဟင်းနှင့် ထမင်းလိတ်)

ဈေးနှုန်း    (၁ ပွဲ)    ၅၈၀၀ မှ ၇၆၀၀ ကျပ်အထိ


"Set Menu"

ဈေးနှုန်း    ၃၂၀၀ မှ ၁၂၀၀၀ ကျပ်အထိ


သောက်စရာများ
============


"Soft Drink"

ဈေးနှုန်း    (၁ ဗူး)    ၁၀၀၀ မှ ၂၀၀၀ ကျပ်အထိ


"Liquor" (ယမကာ)

ဈေးနှုန်း  (၁ လုံး)    ၄၀၀၀၀ မှ ၅၅၀၀၀ ကျပ်အထိ


"Shisha"(ရှှီရှား)

ဈေးနှုန်း    ၁၅၀၀၀ ကျပ်


"Juice" (ဖျော်ရည်)

ဈေးနှုန်း    ၂၅၀၀ ကျပ်


"Beer"(ဘီယာ)

ဈေးနှုန်း    ၁၅၀၀ မှ ၃၅၀၀ ကျပ်အထိ


"ရေခဲ"

ဈေးနှုန်း    (၁ ပွဲ)     ၁၀၀၀ ကျပ်


အစားအသောက်တွေကို ဘယ်လိုချက်ပြုတ်လဲ
===================================


အရသာ တွေကတော့ လုံးဝ ဂျပန်ပုံစံ ချက်ထားတာဖြစ်တဲ့အတွက် လုံးဝ ဂျပန်အရသာကို ခံစားစေရမှာပါ ။ ဂျပန်စာကို ချက်ပြုတ်တဲ့ အခါ သုံးတဲ့ ပစ္စည်းတွေက လုံးဝ သဘာဝ တွေကို သုံးထားပါတယ် ။ ဟင်းချိုမှုန့်အတွက် ငါးကထုတ်တဲ့အချိုမှုန့်တွေ အသီးအရွက်က ထုတ်တဲ့ အချိုမှုန့်တွေကိုဘဲ အသုံးပြုထားပါတယ် ။


ဆိုင်ရဲ့ကုန်ကြမ်းတွေကို လည်း မြန်မာပြည်မှာ ဖွင့်ထားတဲ့ ဂျပန်အစားသောက် ကုပ္ပဏီ တွေက ဆီမှာဘဲယူပါတယ် ။  Chef အနေနဲ့ ကတော့ ဂျပန်အစားအသောက်လုပ်ငန်းမှာ ၁၀ နှစ် ၁၅ နှစ်အတွေ့အကြုံရှိတဲ့ သူတွေဘဲဖြစ်ပါတယ် ။


လူတွေအစားများတာက
==================

ဂျပန်ဟင်းလျာတွေ၊ ဆူရှီ ၊ အူပေါင်းခေါက်ဆွဲကြော် (ကြက် ၊ ဝက် ) စတာတွေကို အစားများပါတယ် ။ ဂျပန်လူမျိုးတွေ အများဆုံးလာလေ့ရှိပြီး ၊ ဆူရှီ ကြိုက်တဲ့ မြန်မာ လူမျိုးအများစုလည်း လာ့ပါတယ် ။


ထူးခြားချက်
=========

ဆိုင်ထဲကို ဝင်ပြီးထိုင်လိုက်တာနဲ့ ဂျပန် လက်ဖက်ရည်ဖြင့် ဧည့်ခံခြင်း
ဂျပန်လူမျိုးတွေ အများဆုံး လာကြခြင်း
ဂျပန်အရသာ စစ်စစ် ဖြစ်ခြင်း


ဒီဆိုင်မှာ သွားရင် ဂျပန်စာ စစ်စစ် စားရမယ် ဂျပန် အငွေ့အသက်ကိုခံစားရမယ် ကားပါကင်ကျယ်တဲ့အတွက် ကားနဲ့ပတ်သက်ပြီး စိတ်ပူစရာလည်း မလိုတော့ဘူးပေါ့ ။

ဂျပန်စာဆို ကိုင်ရို .............


လိပ်စာ        အမှတ်(၈/၀၀၂) ၊ မင်းရဲကျော်စွာအိမ်ယာ ၊ သင်္ကန်းကျွန်းလမ်း ၊ တာမွေလေး ၊ တာမွေမြို့နယ် ၊ ရန်ကုန် ။

ဖုန်းနံပတ်    ၀၁ ၅၄၃ ၆၃၃

Facebook    https://www.facebook.com/kaiyojapaneserestaurantandsushibar


The Restaurants Guide


Read 572 times.