Eating Tips

ရန်ကုန်မြို့ ရဲ့ နာမည်ကြီးမြန်မာထမင်းဆိုင် " ဓနုဖြူဒေါ်စောရီ " ...

December 4, 2019

ဓနုဖြူလို့ပြောလိုက်တာနဲ့ လူတွေတော်တော်များက ဇာတိသွေး ဇာတိမာန် တွေအပြည့်ရှိတဲ့ ရဲရဲတောက် ဗိုလ်ချုပ်ကြီး  မဟာဗန္ဓုလကို အရင်ဆုံး ပြေးမြင်မိမယ်ထင်ပါတယ် ။

ဓနုဖြူမှာ စစ်သူကြီးမဟာ ဗန္ဓုလ လိုမျိုး လက်ရုံးရည်၊နှလုံးရည် ပြည့်ဝတဲ့သူ နာမည်ကြီး အာဇာနည် ပုဂ္ဂိုလ်ရှိသလို  ၊ အချက်အပြုတ်မှာ လက်စွမ်းထက်တဲ့ နာမည်ကြီး ဓနုဖြူဒေါ်စောရီဆိုတာရှိပါသေးတယ် ။

ရန်ကုန်မှာ ဆိုရင်တော့ မသိသူ မရှိသလောက်ပါဘဲ ။သူကတော့ ရန်ကုန်မှာ (၅ )ဆိုင် နေပြည်တော်မှာ (၁)ဆိုင် နဲ့ ဆိုင်ခွဲပေါင်း ( ၆ ) ဆိုင်ရှိပါတယ် ။ ဆယ်စုနှစ် တစ်ခုကျော်သွားသည့်တိုင် လက်စွမ်းပြနေဆဲပါ ။

အောင်မြင် မှု့ကိုအကြာကြီး ထိန်းသိမ်းနိုင်ဖို့ဆိုတာ မလွယ်ပါဘူး အရည်အသွေး ဝန်ဆောင်မှု့ ခေတ်နဲ့အညီ ပြောင်းလဲနိုင်မှု့ စေတနာ ထားမှု့တွေကြောင့်သာ ဒီအချိန်ထိ ရပ်တည်နိုင်တာပါ ။

ဆိုင် (၆)ဆိုင်ရှိသည့် အနက် The Restaurants Guide ရောက်သွားတဲ့နေရာကတော့ တာမွေ မှာရှိတဲ့ ဆိုင်ခွဲဖြစ်ပါတယ် ။


ဆိုင်ရဲ့အကြောင်း
=============

ဒီဆိုင်လေးဟာဆိုရင် ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာပါ ။ ခုဆိုရင်တော့ (၁၂) နှစ်ရှိပြီပေါ့ ။ စတင်ဖွင့်လှစ်ကတည်း ဒီနေရာမှာဘဲဖွင့်ခဲ့တာဖြစ်ပြီး ၊ဖွင့်စက အလုံပိတ်မဟုတ်လဲ တစ်ဆိုင်လုံးကို သဘာ၀ လေလေး တဖြူးဖြူး နဲ့စဖွင့်ခဲ့တာပါ ။

၆ နှစ်လောက်ကြာတော့ မှာ ဆိုင်ကို ခေတ်နဲ့အညီ အဆင့်မြှင့်တင်ပြီး Air con တပ်ဆင်ခဲ့ပါတယ် ။ ဒီဆိုင်ရဲ့ပိုင်ရှင် ကတော့ အဖွား ဓနုဖြူဒေါ်စောရီရဲ့ သားအကြီးဆုံး ကမွေးတဲ့ မြေးတာ်စပ်သူ(မြေးအကြီးဆုံး ) က ဖွင့်ခဲ့တာပါ ။သူဟာဆိုရင် ဂျပန်မှာ (၂၃) တိတိနေထိုင်ခဲ့ပါတယ် ။

အစကသာမန်မိရိုးဖလာဆိုင်လေးဖြစ်ပေမယ့်  သူမြန်မာပြည်ပြန်ရောက်တဲ့ အချိန်ကျတော့ ဂျပန်မှာရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးပြုပြီး ဆိုင်ကို ခေတ်နဲ့အညီ သတ်ရပ်မှု့ ၊ သန့်ရှင်းမှု့ ဆိုင်အပြင်အဆင်တွေကို ပြောင်းလဲခဲ့ပါတယ် ။ ဝန်ထမ်းအင်အားအနေနဲ့ အယောက် (၃၀) နဲ့လည်ပတ်နေပါတယ် ။

သင်္ကြန်ကလွဲပြီး ပိတ်ရက်မရှိပါဘူး ။မနက် ၈ နာရီ ဆိုရင် ဟင်းတွေရနေပါပြီ ။  ဆိုင်ပိတ်ချိန်ကတော့ ည ၉နာရီခွဲပါ ။Delivery ကတော့ Food Mallနဲ့ချိတ်ထားပါတယ် ပါဆယ်မှာတဲ့သူတွေ အတွက်ပေါ့ ။ဆိုင်က စုစုပေါင်း လူ (၁၆၀) အထိဆန့်ပါတယ် ။ ဧည့်သည်ခေါ်လာပေးတဲ့ ကားဆရာတွေကိုလည်း ကျေးဇူးတုန့်ပြန်မှု့တွေရှိပါတယ် ။


ဓနုဖြူဒေါ်စောရီ ဆိုင်ရှိတဲ့နေရာများ
===========================

 

"ဓနုဖြူဒေါ်စောရီ(ပန်းဘဲတန်း)"

အမှတ် (၁၇၅ /၁၇၇ ) ၊ ၂၉ လမ်း ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန် ။     

ဖုန်းနံပါတ် - ၀၁ ၂၄၈၉၇၇ ၊ ၀၉ ၇၉၆ ၁၀၅၂၀၆  


"ဓနုဖြူဒေါ်စောရီ (စံရိပ်ငြိမ် ၊ ကမာရွတ် )"

လှည်းတန်း ၊စံရိပ်ငြိမ် ၊ ဂမုန်းပွင့်ရဲ့ဘေး၊ ကမာရွတ်မြို့နယ် ၊ အင်းစိန်လမ်း ၊ ရန်ကုန် ။

ဖုန်းနံပါတ် - ၀၁-၅၁၁ ၅၆၅


"ဓနုဖြူဒေါ်စောရီ (တာမွေ)"

ဖုန်းနံပါတ်  - ၀၁-၅၅၃ ၆၈၈

ဦးချစ်မောင် လမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းဒေါင့် ၊တာမွေအဝိုင်းအနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန် ။

ဖုန်းနံပါတ်  - ၀၁-၅၅၃ ၆၈၈


"ဓနုဖြူဒေါ်စောရီ (ရန်ကင်း)"

အမှတ် (၁၉)၊ (၁၄)ရပ်ကွက် ၊ မိုးကောင်းလမ်းနဲ့ အောင်ဇေယျလမ်းဒေါင့် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန် ။

ဖုန်းနံပါတ် - ၀၉-၄၀၄ ၀၁၀၁၀၀


"ဓနုဖြူဒေါ်စောရီ (စမ်းချောင်း)"

အမှတ် (၁၃/၁၅) ၊ မဟာဘောဂလမ်း ၊ မြေနီတောင်ရပ်ကွက် ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန် ။

ဖုန်းနံပါတ် - ၀၁ - ၅၀၀ ၁၅၉

 

"ဓနုဖြူဒေါ်စောရီ (နေပြည်တော် )

ချင်းတွင်းလမ်း၊ သပြေကုန်းဈေးအနီး ၊ နေပြည်တော် ။

ဖုန်းနံပတ် - ၀၉ ၄၂၂၂  ၉၄၅၆၅


ဈေးနှုန်း/ ဝန်ဆောင်မှု့
==================

ဈေးနှုန်း အနေ နဲ့ အနိမ့်ဆုံး ၃၅၀၀ကျပ် ကနေစပါတယ် ။ ဘာတွေပါလဲဆိုတော့ အဓိကဟင်းလျာ တစ်မျိုးရယ် ၊ အတု့ိအမြုပ် ၊ ဟင်းရည် နှင့် အသုပ်တစ်ပွဲ လက်ဆောင်ပေးပါတယ် ။ ဟင်းရွက်ကြော်တွေကတော့ တစ်ပွဲ ၁၀၀၀ကျပ် ကနေစပါတယ်။ အချိုတည်းဖို့အတွက် ထန်းညှက်ခဲချထားပေးပါတယ် ။အခါအားလျော်စွာ ဖရဲသီး ၊ သရက်သီး စသဖြင့် အသီးနဲ့တည်ခင်းတာမျိုးလည်းရှိပါသေးတယ် ။ ရိုးရိုး မြန်မာ ထမင်းဆိုင်ဖြစ်တဲ့အတွက် Promotionတွေမရှိပေမယ့် နိုင်ငံခြားသားတွေကို လမ်းညွှန်ပြီးခေါ်လာပေးတဲ့ ဂိုက်တွေ ၊ ကားဆရာ တွေ ရယ် ဧည့်သည် ခေါ်ဆောင်လာပေးတဲ့ တက်စီ ကားဆရာတွေ ကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ထိုက်သင့်တဲ့ ဝန်ဆောင်မှု့တွေကို ပြန်ပေးပြီး ကျေးဇူးဆပ်ပါတယ် ။


ရရှိတဲ့ဟင်းလျာများ
===============


၁ ။ကြက်သား နှင့်တွဲဖက်ချက်ထားသောမြန်မာဟင်းလျာများ
၂ ။ကြက်သားကြော်
၃ ။ဝက်သားနဲ့ပတ်သက်သောမြန်မာဟင်းလျာများ
၄။ဆိတ်သားနဲ့ပတ်သက်သောမြန်မာဟင်းလျာများ
၅။အမဲနှပ်
၆။ပုဇွန်ဟင်းလျာများ
၇။ငါးနဲ့ပတ်သက်သောမြန်မာဟင်းလျာများ  

အကြော်/အသုပ်
============

အသီးအရွက်အမျိုးမျိုး (ကြော် /သုပ် )
ပုဇွန်ချဉ်သုပ်
ပုန်းရည်ကြီးသုပ်
ကျောက်ပွင့်သုပ်
ရာသီပေါ် အသီး၊အရွက်သုပ်

အရည်သောက်ဟင်းများ
==================

တစ်နေ့တစ်မျိုး မရိုးစေရန် စီစဉ်ပေးထားသည်။


လူကြိုက်များတဲ့ ဟင်းလျာများ
=======================

၁။ အမဲနှပ်
၂။ ဘဲပေါင်း
၃။ ဝက်သားဆီပြန်
၄။ ငါးရှည့်တောချက်


ချိုင့်ဆွဲများအတွက်
==============


ဂျိုင့်ဆွဲ အနေနဲ့ကတော့မနက် ၉ နာရီမှာ ကား ၃ စီးနဲ့  စပြီးပို့ပေးပါတယ် ။


"တစ်ယောက်စာအတွက် "(မနက်)

*ဆီပြန်ဟင်း (၁) မျိူး
*အကြော် (သို့) အသုပ် (၁) မျိုး
*ငါးပိရည် (သို့) ငါးပိထောင်းနဲ့တို့စရာ
*အရည်သောက် (၁) ခွက်


"နှစ်ယောက်စာ" (မနက် / ည)
 
*ဆီပြန်ဟင်း (၂) မျိူး
*အကြော် (သို့) အသုပ် (၂) မျိုး
*ငါးပိရည် (သို့) ငါးပိထောင်းနဲ့တို့စရာ
*အရည်သောက် (၂) ခွက်


"မှတ်ချက် အနေနဲ့ကတော့"
======================


# ၅ ဆင့်ချိုင့် (၂) ချိုင့်ဆောင်ထားရပါမယ် ။
# မြေညီ ၊ ပထမထပ်အထိသာတက်စပြီး လှေကားတက်ခ ၅၀၀၀ ကျပ် ပေးဆောင်ရပါမယ် ။
# သန့်ရှင်းမှု့ကိုကူညီသောအားဖြင့် ချိုင့်များကို စင်ကြယ်စွာဆေးကြောပေးပါရန် ။
# ဆိုင်မှထည့်ပေးသော ငါးပိရည် ၊ ငါးပိထောင်းဗူးများကို နေ့စဉ်ပြန်လည်ထည့်ပေးပါရန် ။
# ကားခနီးရင်   - ၁၅၀၀၀ကျပ် ။
# ကားခဝေးရင် - ၂၀၀၀၀ကျပ် ။


ထူးခြားချက်
=========

ဖားသားကဲ့သို့ရာသီစာတွေရပါတယ်
သင်္ကြန်ကလွဲပြီး ပိတ်ရက်မရှိပါဘူး
ဆတ်သား ၊ဂျီသား စသင့် ဥပဒေ က ကန့်သတ်ထားတဲ့ တောကောင်သားတွေမရောင်းပါဘူး ။
ကားပါကင် ကျယ်တဲ့အတွက် Express ကားကြီးတွေတောင် ရပ်လို့ရပါတယ်။
ဝက်လက်ပင်စိမ်း ၊ ဝက်ပေါင်း ရပါတယ်။

ဆိုတေ့ မြန်မာဟင်းလျာကြိုက်သူတွေအတွက် ဓနုဖြူဒေါ်စောရီ ဆိုင်ကို သတိရသင့်ပါတယ် ။


The Restaurants Guide.


Read 2503 times.