Eating Tips

အင်းလေး/ကလော/ပင်းတယ/ ညောင်ရွှေ သို့ရောက်လျှင် စားသင့်သည့်ဆိုင်များ ...

November 26, 2019

ပထမဆုံး ကလောကနေ စပြောပါ့မယ်...

==========================

ကလောမှာ ဆိုင်အစုံရှိပါတယ် ဘာစားစား ရသလိုပေါ့။ အဓိက က ရှမ်းအစားအစာ Cafe ဆိုင်တွေ ၊ India အစားအစာတွေ ၊ Bar အသေးသေးတွေ အစုံပါဘဲ။

=> ကလောဈေး ::: မနက်စာ စားမယ်ဆိုရင် ဈေးထဲက ရှမ်းအစားအစာဆိုင်တွေက အတန်ဆုံးနှင့်အရသာ အရှိဆုံးပါဘဲ။အဲ့ဒီဆိုင်တွေထဲကမှ ကမ္ဘောဇ ဆိုင်လေးက နာမည်အကြီးဆုံးနဲ့ လူစားအများဆုံးပဲ။ တကယ်တန်ပြီး အရသာရှိလွန်းတယ် ဘာစားစား ၅၀၀ ပဲ ရောက်ရင်တော့ စားကြည့်သင့်ပါတယ်။

..
=> Cafe Kalaw ::: ဒီဆိုင်လေးက လှလွန်းလို့ လည်ပတ်စရာ နေရာတွေထဲမှာကို ပါနေတာ။ Coffee မသောက်လည်း ပုံလှလှေလေးတွေ သွားရိုက်လို့ရပါတယ် ။Coffee တွေက ၁၅၀၀ လောက် ဈေးကစပြီး တွဲဖက်စားဖို့ ပေါင်မုန့်တွေ Sandwich လေးတွေက ၁၀၀၀/၁၅၀၀ လောက်လေးတွေဘဲ ဆိုတော့ မဆိုးဘူး သောက်ပျော်ပါတယ်။ ရှူခင်းလေး ကြည့်ပြီး Coffee သောက်ရတာ တကယ့် Perfect ပါ ရောက်ရင်သောက်ခဲ့နော်။

=> Sky house (Hot pot, BBQ) ::: ဈေးတန်တယ်၊ ကောင်းလည်းကောင်းတယ် ၊အရသာလည်းရှိတဲ့ အဝစား Time Limit မရှိ တစ်ယောက်ကို ၄၀၀၀ ပါ။ ၄၀၀၀ ဆိုတာက ရန်ကုန်က လူတွေအတွက် တကယ်တန်လွန်းပါတယ်။ အသီးအရွက်တွေ လတ်ဆတ် ပြီး ချိုနေတာက လုံး၀ အမှတ်ပြည့်ပဲ ဝိုင်လေးနဲ့တွဲစားရင် ပိုပြီးစားလို့ဝင်နေရော။

..
=> ဧကရာဇ် (ဇကောထမင်း) ::: သူက ရှမ်းအစားအစာနဲ့တွဲရောင်းတာ ကလော Taxiဂိတ် နားမှာရှိတယ်။ ၃/၄ ယောက် စားလို့ရလောက်အောင် များတယ်။ အရံဟင်းတွေ က ၅/၆ မျိုးပါတော့ စားလို့လည်း အဆင်ပြေတယ်။ ဇကော ထမင်းစားချင်ရင် စားကြည့်သင့်တယ်..


=> Bar အနေနဲ့ဆိုရင်တော့ Hi bar လေးက အဆင်ပြေပါတယ် ။သူက မြို့ထဲမှာဘဲ သွားရလာရ လွယ်တယ် ။

..
ပင်းတယအတွက်လာပါပြီ..

===================
ရှမ်းစာတွေမစားချင်တော့ရင် ပင်းတယဈေးထဲက ဝက်သားနှင့်ထမင်းကြော်လေးစားကြည့် ပါ။သူက ဈေးထဲ ဝင်သွားရင် သိပ်မဝင်ရဘူး သူ့တစ်ဆိုင်ဘဲရှိတယ် ။ပါဝင်တဲ့ဝက်သားဖတ်လေးတွေနဲ့ ထမင်းကနဲပေမယ့် အရသာတကယ်ရှိတယ်။ ပဲပြုတ်ထမင်းကြော်ပူပူလေးကိုရေနွေးကြမ်းလေးနဲ့ဆို တကယ် ရှယ်စားလို့ကောင်းပါတယ်။ ကြုံရင်သွားစားသင့်ပါတယ် ။သူကလည်း မနက်စာဆိုင်ပါ။

..
<<< ပုန်းတလုတ်ရိုးရာထမင်းဆိုင် >>>

ပင်းတယဆိုတာနဲ့ ရွှေဥမှင်ဘုရား နှင့် ပုန်းတလုတ် ရေကန်ကို အရင်ဆုံး သတိပြုမိကြမှာပါ။ဒီဆိုင်လေးကလည်း ပုန်းတလုတ်ရေကန်ကို အစွဲပြုပြီး မည့်ထားတာပါ။ ဒီဆိုင်မှာတော့ ဆိုင်ရဲ့အပြင်အဆင်ဖြစ်တဲ့ ဒေသထွက် ရိုးရာခမောက်တွေကို ဆိုင်ရှေ့မှာ အလှဆင် ချိတ်ဆွဲထားတာကို တွေ့ရပါလိမ့်မယ် ။ဓါတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးပေါ့။

အစားအသောက်တွေကတော့တော်တော်စုံပါတယ်အရံဟင်းလည်းများတယ်၂၀၀၀/၃၀၀၀ထက်မပိုဘူး။ ပင်းတယမှာနေထိုင်ကြတဲ့ ဓနု တိုင်းရင်းသားတွေရဲ့ ဒေသအစားအစာတွေပါ ရပါသေးတယ်။

ဆိုင်ရဲ့ဘေးမှာ အမှတ်တရ ပစ္ပည်းလည်း ဝယ်လို့ရတဲ့အတွက်ကြောင့် တစ်နေရာတည်းမှာ ဒေသအစားအစာကော ဒေသထွက်လည်ဆောင် ပစ္စည်းကောပါ ဝယ်လို့ ရတဲ့အပြင် ဈေးနှုန်းကလည်း သင့်တဲ့အတွက်ကြောင့် တစ်ချက်ခုတ် သုံး လေး ချက်လောက်ပြတ်တာပေါ့။

..
အင်းလေး

========

>>> Royal Restaurant

သူက အင်းလေးကန်ထဲကဆိုင်ဆိုတော့ နိုင်ငံခြားသားတွေများတယ်။ ပြည်တွင်းကသူတွေလည်း လာကြတယ် ဆိုပေမယ့် နဲတယ်။ အစားအစာတွေက ပုံမှန်ဖြစ်ပြီးတော့ အရမ်းလည်း မကောင်းသလို မဆိုးတဲ့ထဲမှာလဲ ပါတယ်။ ဈေးတွေကတော့ အင်းထဲ ဆိုတဲ့အတိုင်း ၄၀၀၀/၅၀၀၀ ပတ်ချာတွေဘဲ။ ဆိုင်ကြီးတော်တော်များများကတော့ဒီဈေးတွေပါဘဲ။ ဒီဆိုင်မှာကတော့ ငါးကင် ငါးပေါင်းတွေ နာမည်ကြီးတယ် ။တခြားဆိုင်တွေလည်း ဒီဈေး ဒီအရသာ ပါဘဲ ။သိပ်မကွာဘူး။ ရွှေအင်းကြာကတော့ ပြည်တွင်းခရီးသွား များတယ် ကြိုက်ရာရွေးပေါ့။

..
>>> ဖောင်တော်ဦးဘုရားနောက်ကဈေး

ဘတ်ဂျက်ချွေတာ ဈေးနဲတာလေးဆို အဲဒီဈေးထဲမှာလည်း ရှမ်းဆိုင်လေးတွေ ရှိတယ်။ သူလည်း စားကောင်းတယ် အဆင်ပြေတယ်။

..
ညောင်ရွှေ

========
:::> Coffee house

အင်းထဲကနေပြန်တဲ့အချိန် ညောင်ရွှေ ကို မရောက်ခင် လမ်းမကြီးကနေ အနောက်ဘက်ကို ဝင်သွားရတာပါ။ကုန်းမြင့်လေးပေါ်မှာ ချစ်စရာဆောက်ထားတာ တကယ့်ကို တောင်တွေနဲ့ လိုက်လျောညီထွေစွာ ရှိနေတာပါ။ဒီဆိုင်နေ Sunset ကြည့်တာ နာမည်ကြီးတယ်။ စာအုပ်တွေလည်း ထားပေး ထားတယ် ဆိုတော့ စာအုပ်ဖတ်ရင်း ကော်ဖီသောက်လို့ရတယ်။ အောက်ထပ်က မှန်ခန်းတွေနဲ့ အပေါ်ထပ်က ဝရံတာ သဘောလေး ဆောက်ထားတာပါ ရှုခင်းတွေ ကလည်း လှတော့ မပြန်ချင်လောက်အောင်ကို ဆွဲဆောင်နိုင်ပါတယ်။

:::> Red mountain ဝိုင်ခြံ

သူက ဝိုင်ခြံကော စားသောက်ဆိုင်လေးရော တွဲဖွင့်ထားတာ ။ဆိုင်ကရှုခင်းက အင်းလေးကန်ကိုလည်း မြင်ရသလို တောင်းတန်းတွေပါ မြင်ရတယ်။ ဝိုင်လေးသောက်ရင်း View ကြည့် လွမ်းလို့ဆွေးလို့ ကောင်းချက်ဘဲ ။သူ့ဆီက Pizza လေးလည်း စားကောင်းတယ်။ တစ်ချပ်မှ ၆၀၀၀ပဲ ဝိုင်ကတော့ ၃၅၀၀ လောက်ကစတယ် ပုလင်းလိုက်လည်း ရတယ် ရှူခင်းနုဲ့တင် တန်နေတာမျိုးပေါ့ ။

..
ဒီလောက်ဆိုရင် ....

_ ကလော၊

_ ပင်းတယ၊

_ အင်းလေး၊

_ ညောင်ရွှေ

သွားရင် အစားအသောက်နဲ့ပတ်သက်ပြီး ရွေးချယ်စရာလေးတွေ နှင့် ဈေးနှုန်းလေးတွေကို တီးမိခေါက်မိတော့ ရှိလောက်ပြီ ထင်ပါတယ် အားလုံးဘဲအဆင်ပြေကြပါစေ။

..


Read 1304 times.