Eating Tips

၁၃၀၀ကျပ်တည်းနဲ့ကော်ရည်ကောင်းကောင်းလေးစားချင်တယ်ဆိုရင် ...

November 26, 2019

မြန်မာအစားအစာ ဖြစ်တဲ့ ကော်ရည် ခေါက်ဆွဲ

=============================

ကော်ရည် ခေါက်ဆွဲ ဆိုင်တွေ ရန်ကုန်မှာ အများအပြားရှိပါတယ် ။ အရသာရှိမှု့ ၊ သပ်ရပ်သန့်ရှင်းမှု့ ၊သွားရ လာရ လွယ်ကူမှု့ ၊ အမြင်ဆန်းသစ်မှု့ ၊ သင့်တင့်တဲ့ ဈေးနှုန်းရှိမှု့ စတာတွေနဲ့ပြည့်စုံတဲ့ဆိုင်ကတော့ ရှားပါတယ် ။ ဒါပေမဲ့ မပူပါနဲ့ ကော်ရည်ခေါက်ဆွဲ ချစ်သူတွေ အတွက် The Restaurants Guide ကနေ ဆိုင်လေး တစ်ဆိုင် ကိုရှာဖွေတွေ့ရှိထားပါတယ် ။


ဆိုင်နာမည်က "Noodi"


"Noodi" ရဲ့အကြောင်း
=================

ဒီဆိုင်လေးက ၂၀၁၈ခုနှစ် ၊ ၇ လပိုင်းမှာ အမှတ် (၄၄)၊ ကြည့်မြင်တိုင်ညဈေးအနီး ၊အင်းစိန်လမ်းအောက်လမ်း ၊ကြည့်မြင်တိုင်မြိ ု့နယ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။ ဒါပေယ့် ဒါဟာ Noodi ကို လုံးဝစတင်ခဲ့တာတော့မဟုတ်ပါဘူး။ဆိုင်မဖွင့်ခင်ကNoodiဟာFacebookပေါ်ကနေရောင်းချခဲ့တာဖြစ်ပါတယ်။ကိုယ်တိုင်Onlineကနေမှာယူတဲ့အစားအသောက်တွေကိုကိုယ်တိုင်ဘဲအိမ်အရောက်ဝင်ဆောင်မှု့ကိုပေးခဲ့ပါတယ် ။ ဒီလိုနဲ့ Noodi ရဲ့ အရသာ၊ အလုပ်ပေါ် မှာစေတနာ ထားမှု့၊တန်ဖိုးထားမှု့တွေကြောင့် အချိန်တိုအတွင်းမှာဘဲ ဖောက်သည်တွေတိုးပွားလာခဲ့ပါတယ်။

ဒီလိုနဲ့ ကြည့်မြင်တိုင် မှာ ဆိုင်စဖွင့်တယ် ။ ဒါတင်မလုံလောက်သေးဘဲ လာရတာအလှမ်းဝေးတဲ့ ဖောက်သည်တွေ အတွက် အမှတ်28B,တောင်မြင်းပြိုင်ကွင်းလမ်း(ဦးချစ်မောင်အိမ်ရာအနီး) ၊ တာမွေ မှာလည်း ၂၀၁၉ ခုနှစ် ၇ လပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။ နောက်ဆိုင်သစ် တစ်ဆိုင်ကိုတော့ ရန်ကုန်မြို့လယ်မှာရှိတဲ့SuleSquareမှာဖွင့်လှစ်မှာဘဲဖြစ်ပါတယ်။ဒါကတော့Noodiဖြစ်လာရခြင်းအကြောင်းပါ ။


"Noodi" မှာဘာတွေရလဲ
==================

ဒီဆိုင်က ကော်ရည်ခေါက်ဆွဲဆိုင် ဖြစ်တဲ့အတွက် ကော်ရည်နဲ့လုပ်တဲ့ ခေါက်ဆွဲတွေ ထမင်းတွေ အကုန်ရပါတယ် ။ အဓိကကတော့ ကော်ရည်ခေါက်ဆွဲ ၊ ကြက်ပေါင်းရည် နှင့် အသုတ် တွေဖြစ်ပါတယ် ။ ဖက်ထုပ်ပီဇာလည်းရတယ် ။ ကော်ရည်ခေါက်ဆွဲကို စားတဲ့အခါ  ခေါက်ဆွဲဖတ်ရွေးလို့ရတယ် အရေရွေးလို့ရတယ် အသားရွေးလို့ရပါတယ် ။ဒါကလည်း ဒီဆိုင်ရဲ့ထူးခြားချက်ပါ ။

Menu အသစ်မှာကျတော့ ဝက်ခြေထောက်စွတ်ပြုတ် ၊ ကြက်ခြေထောက်ထောင်း၊ သင်္ဘောသီးထောင်း၊ သင်္ဘောသီးသုတ်တို့ကိုကိုယ်တိုင်ထောင်းငါးပိနဲ့သုတ်ပြီးအရသာသစ်ကိုဖန်တီးထားပါတယ်။ကော်ရည်ခေါက်ဆွဲကို ကြက်ပေါင်း၊ ကြက်စဉ်းကော၊ ကြက်သားလုံး၊ ဝက်သားလုံး ၊ဝက်နံရိုး၊ ဝက်ခေါက်၊ ဝက်အူ၊  ကြက် ၊ ဝက် မစားသူတွေအတွက် ငါးဖယ်လုံးစသဖြင့်စားလို့ရပါတယ် ။


ထမင်းအနေနဲ့ဆိုရင်တော့
=================

၁ ။စင်းကောကော်ရည်ထမင်းပေါင်း  
၂ ။ကြက်ပေါင်းကော်ရည်ထမင်းပေါင်း
၃ ။နံပေါင်းကော်ရည်ထမင်းပေါင်း


အဆာပြေ အနေနဲ့ကတော့
====================

၁ ။ဖက်ထုပ်ကြွပ်ကြော်(ကြက်/ဝက်)
၂ ။ရှမ်းတို့ဟူးကြော်
၃ ။ဖက်ထုပ်ပီဇာ(ကြက်/ဝက်)


COFFEE & DRINKS      
================

၁ ။NooDi Signature Coffee    
၂ ။Local Black Coffee(Hot)   
၃ ။NooDi Signature Iced Coffee   
၄ ။Local Black Iced Coffee   
၅ ။Local Iced Tea    
၆ ။ရှောက်ပျားပင်ပွား(Honey Lemon   Basil Seeds)   
၇ ။ကီဝီပင်ပွား(Kiwi Basil Seeds)   


ဆိုင်ပုံစံအနေအထား
================

တာမွေကဆိုင်အပြင်အဆင်လေးကတော့ဂျပန်ပုံစံလေးဖြစ်ပါတယ်။ဝါးပင်၊ဝါးရွက်ကလေးတွေပုံစံမျိုးနဲ့ပြင်ဆင်ထားတာပါ။ဂျပန်ဆိုင်ပုံစံဆိုတော့တင်ပျင်ခွေထိုင်စားလို့လည်းရသလိုခြေထောက်ကိုအောက်ချစားလို့လည်းရပါတယ်။တချို့ခုံတွေ၊စားပွဲတွေကျတော့ပုံမှန်ခုံစားပွဲတွေဖြစ်တဲ့အတွက် တင်ပျင်ခွေမထိုင်ချင်တဲ့သူတွေလည်း အဆင်ပြေပါတယ် ။

လူအယောက် ၁၀၀ လောက်ဆံ့ပါတယ်။အစည်းအဝေးတွေ၊ မွေးနေ့ပွဲတွေ လုပ်ချင်တဲ့သူတွေ အတွက် အယောက် ၂၀ စာ အခန်းလည်းရှိပါသေးတယ် ။အဲ့ဒီပွဲတွေအတွက် အရင်က ဝန်ဆောင်ခ ပေးခဲ့ရပေမယ့် ခုချိန်မှာတော့ ပေးမယ်ဆိုရင်တောင်" Noodi" က ဆောဒီးဘဲ လို့ပြောပါရစေ ။ ဆိုလိုတာက အခမဲ့ပါ ။ ဒီဆိုင်မှာကတော့ ဝန်ထမ်း ၁၇ ဦးနဲ့လည်ပတ်နေပါတယ် ။

ဆိုင်မှာတပ်ဆင်ထားတဲ့ ဓါတ်ပုံတွေ ပန်းချီတွေက ဆွဲဆောင်မှု့ရှိသလို ၊ လျပ်စစ်မီးအလင်းရောင်ကလည်း ဓါတ်ပုံရိုက်တဲ့အခါ ပိုပြီးလှပစေပါတယ် ။ သန့်စင်ခန်းကလည်း သန့်ရှင်းပါတယ်။သောကြာ ၊စနေ ၊တနင်္ဂနွေတွေမှာ လူအရမ်းများပါတယ်။ ပုံမှန်ကတော့  ညပိုင်းမှာ လူပိုစည်လေ့ရှိပါတယ်။


နာမည်ကြီးတဲ့အစားအစာ
=================


_ ဖက်ထုပ်ပီဇာ
_ နံရိုးပေါင်း ကော်ရည်ခေါက်ဆွဲ
_ ကီဝီ သီးဖျော်ရည်
_ ကျိကျိသုတ်
_ ငါးပိထောင်း


ထူးခြားချက်

=========

#Noodi ဟာ ပြည်တွင်းထုတ်ကုန်ပစ္စည်းဖြစ်တဲ့အတွက် မြန်မာတွေကြိုက်တဲ့ အရသာကို ကိုယ်ပိုင်နည်း စနစ်နဲ့ချက်ပြုတ်ထားပါတယ် ။

#၁၃၀၀ကျပ်တည်းနဲ့သတ်သတ်လွတ် ကော်ရည်ခေါက်ဆွဲ စားလို့ရတယ်။

#နံရိုးပေါင်းကအရမ်းအိပါတယ် ။

#ငါးပိထောင်းအရမ်းကောင်းပါတယ် ကိုယ်တိုင်ထောင်းတဲ့ ကိုယ်ပိုင်အရသာ ငပိထောင်းလေးပါ

#ကီဝီ သီးဖျော်ရည်ကို မိန်းကလေးအများ စုကြိုက်ကြသည် ။

#အသုတ် သုတ်တဲ့အခါ သုတ်တဲ့ဆီချက် က ကြက်သွန်နည်းနည်းနဲ့ပြုလုပ်ထားပြီး ကော်ရည်နဲ့ရောသုတ်ထားပါတယ်။

#ကြွက်နားရွက်၊ မုန်လာဥနီ၊ ကြောက်ပွင့် တို့နဲ့သုတ်ထားတဲ့ ကျိကျိသုတ် ။

#ငါးပိထောင်း ကောင်းလွန်း တောင်းဝယ်ကြသည် ဗူးသေးတစ်ဗူး ၅၀၀ကျပ်ပါ။ယောကျာၤးလေးတွေတောင်ကြိုက်ကြတယ်။

#ဆိုင်တွေအားလုံးရဲ့ ကုန်ကြမ်းနှင့် အရသာကို တစ်နေရာတည်း မှာဘဲ ပြုလုပ်ထားတဲ့အတွက် အရသာ မတူမှာကို မပူရပါဘူး။


ဆိုင်မလာနိုင်တဲ့သူတွေအတွက် Delivery service ရှိပါတယ် ။ဖုန်းတချက် ဆက်ရုံနဲ့ စားသုံးသူ လူကြီးမင်းတို့ဆီကို အရောက်ပို့ဆောင်ပေးပါမယ် ။ပါဆယ် ထုတ်ပိုးမှု့အနေနဲ့ကတော့ ၂ မျိုးရှိပါတယ်။

အကန့် ၃ ကန့်ပါတဲ့ ဗူးလေးနဲ့  ခေါက်ဆွဲ၊ အရည်၊ တန်ဆာပလာ သပ်သပ်စီ ထည့်ပေးပြီး ဇွန်းတွေ တူတွေနဲ့ အဆင်သင့်စားရုံပါဘဲ  ပါဆယ်ထုတ်ခအတွက် ၄၀၀ ထပ်ပေါင်းပေးရပါတယ်။ ရိုရိုး ကြွတ်ကြွတ် အိတ်နဲ့ဆိုရင်တော့ ခေါက်ဆွဲဈေးနှူံးဘဲပေးရပါတယ် ။


ဆိုင်လိပ်စာ နှင့် ဆိုင် ဖွင့်/ပိတ်ချိန်
==========================

"ကြည့်မြင်တိုင်"

အမှတ် (၄၄) ကြည့်မြင်တိုင်ညဈေးအနီး..အင်းစိန်လမ်းအောက်လမ်း..ကြည့်မြင်တိုင်မြိ ု့နယ်..ရန်ကုန်မြို့

ဖုန်းနံပါတ်  ၀၉-၄၅၄ ၁၆၆၃၁၀

အချိန်က မနက် ၁၁ :၃၀ ကနေ ည ၈:၃၀အထိပါ။


"တာမွေ"

အမှတ် (28B),တောင်မြင်းပြိုင်ကွင်းလမ်း(ဦးချစ်မောင်အိမ်ရာအနီး)..တာမွေမြို့နယ်..ရန်ကုန်မြို့။

ဖုန်းနံပါတ်  ၀၉-၈၉၀ ၅၂၂၀၇၉

အချိန်က တော့ မနက် ၈ နာရီကနေ ည ၈:၃၀အထိပါ ။

ကော်ရည် ဆိုတာ ဂျုံနဲ့ပြုလုပ်ထားတာဖြစ်တဲ့ အတွက် ဝိတ်တက်စေပါတယ် ။ ဒါကိုသိတဲ့ "Noodi" က လာရောက်သုံးဆောင်တဲ့ သူတွေအတွက် ကျွတ်ကျွတ်သုတ်ကို ဖန်တီးခဲ့ပါတယ် ။

ကျွတ်ကျွတ်သုတ်မှာ ပါတဲ့ ကြွက်နားရ့ွက် ဟာ သွေးကြောလည်ပတ် မှု့ကို မှန်စေပြီး ခန္ဓာကိုယ် မှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေတဲ့ ဓါတ်ရှိပါတယ် ။ ဆိုတော့ ကော်ရည်စားပြီး ကျွတ်ကျွတ် သုတ်လေးစားလိုက်မယ်ဆိုရင် ဝိတ်အများကြီးတက်မှာလည်းပူစရာမလိုတော့ဘူးပေါ့ ။


ကော်ရည် မှာဆို  "Noodi" ကို
ရသာသစ်လွင်     "Noodi" တွင်
ရသာလန်းဆန်း    "Noodi" အစွမ်း ..... ကဲ...သွားစားကြအောင်လား...........

The Restaurants Guide


Read 834 times.