Eating Tips

ကလောရောက်ဖြစ်ရင် စားကောင်းတဲ့ဆိုင်လေးတွေကို လမ်းညွှန်လိုက်ပါတယ် ....

November 25, 2019

ကလောဆိုတဲ့ တောင်ပေါ်စခန်းမြို့ကို trekking သွားဖို့ပဲဖြစ်ဖြစ်၊ အနားယူဖို့ပဲသွားသွား၊ အလည်ရောက်တုန်း ဘယ်စားရမှန်းမသိဖြစ်နေရင် ဒီ list လေး ကိုဖတ်ကြည့်ထားလိုက်ပါ။
 
စားသောက်ဆိုင်တွေကို ရှမ်း၊ အနောက်တိုင်း၊ ကော်ဖီဆိုင် စသည်ဖြင့် category နဲ့ခွဲပေးထားပါတယ်။
 
ဒီ list လေးအသုံးဝင်တယ်ထင်ရင် share ထားလိုက်ပါ။ Page like မလုပ်ရသေးရင်လဲ like လုပ်ဖို့မမေ့နဲ့အုံးနော်။

<<<   ရှမ်းစာ   >>>


ကမ္ဘောဇ၊ စိန်ရတနာ၊ မီးမီး

=================
ရှမ်းစာကောင်းကောင်းကို စားချင်တယ်ဆိုရင် ကလောဈေးကြီးထဲမှာသွားစားတာအကောင်းဆုံးပါပဲ။ ဒေသခံတွေကိုယ်တိုင် သွားစားနေကျဆိုင်တွေပေါ့။ ဈေးထဲမှာသွားစားမယ်ဆိုရင် မနက်စာအတွက်ကတော့ အကောင်းဆုံးပဲ။ နေ့လည်စာထိစားလို့အဆင်ပြေပါတယ်။
လိပ်စာ - ကလောမြို့မဈေးအတွင်း၊
 
ပြည့်ပြည့်

=======
ရှမ်းစာကောင်းကောင်း ဈေးမှာမစားချင်ဘူး စားသောက်ဆိုင်မှာပဲစားချင်ရင်ဂပြည့်ပြည့်ကိုသွားပါ။ တိုဟူးနွေး၊ တိုဟူးကျော်တွေကောင်းတယ်။ မနက်နဲ့ နေ့လည်စာပဲ ပိုစားလို့ကောင်းတယ်။
လိပ်စာ - ပြည်ထောင်စုလမ်းမကြီး၊ 7 sister စားသောက်ဆိုင်ဘေး။

<<<   တရုတ်စာ   >>>


ထင်းရှူးမြိုင်

========
ဒီဆိုင်က အရသာကတော့ ဘယ်တော့စားစား အရသာအမြဲကောင်းပဲ။ ကျွန်တော်ကိုယ်တိုင် လာတိုင်း အမြဲလိုလိုစားဖြစ်တဲ့ တရုတ်ဆိုင်ပါ။ အိမ်ဆိုင်လည်းဖြစ်တယ်။ စားလို့လည်းကောင်း ဈေးလည်းကောင်းတဲ့ဆိုင် ပါ။
လိပ်စာ - ကုန်သည်လမ်း (ဈေးအနောက်ဘက်)


<<<   ကုလားစာ   >>>

Everest Nepali Food Center

=====================
ဒီဆိုင်ကတော့ နီပေါလိစားသောက်ဆိုင်မှာ။ စားဖူးသမျှ ချာပါတီထဲမှာ ဒီဆိုင်က အကောင်းဆုံးထဲမှာပါတယ်လို့ခံစားရတယ်။ မှာစားမယ်ဆို ချာပါတီသုပ်၊ ဒိုင်ခဲမလိုင်၊ ဒံပေါက်တွေ အရမ်းကောင်းတယ်။ တခါတလေ မှာရတာကြာတယ်။ Halal ဆိုင်လည်းဖြစ်တယ်။
လိပ်စာ - အောင်ချမ်းသာလမ်း


<<<   အနောက်တိုင်းစားသောက်ဆိုင်   >>>

Red House

=========
ကလောမှာ Bar ကောင်းကောင်းကိုညွှန်ရမယ်ဆို ဒီဆိုင်လို့ပြောရင်လည်း မမှားပါဘူး။ ကိုလိုနီ အဆောက်အအုံ နီနီအဟောင်းကိုပြန်ပြင်ပြီး ဆိုင်ပြန်ဖွင့်ထားလို့ Red House လို့နာမည်ပေးထားတာ။ နိုင်ငံခြားသားတွေအထိုင်များတဲ့ဆိုင်လဲဖြစ်တယ်။ သူ့မှာရတဲ့ အီတလီစာတွေ၊ pizza အရသာတွေက ရန်ကုန်ကဆိုင်တွေကိုအသာလေးမှီတယ်။ နည်းနည်းတော့ဈေးကြီးတယ်။
လိပ်စာ - မင်းလမ်း


သီရိဂေဟာ (7 Sister restaurant)

========================
7 sister လို့နာမည်ကြီးတဲ့ဒီဆိုင်လေးမှာ ချစ်သူနဲ့ ၂ ယောက် candle light dinner စားချင်ရင်း ရိုလို့ကောင်းတဲ့နေရာပါ။ ညစာ dinner ချိန်လအစားများလို့ ဘွတ်ကင်ကြိုချိတ်ဖို့တော့လိုပါတယ်။
လိပ်စာ - ပြည်ထောင်စုလမ်းမကြီး၊ ပြည့်ပြည့်ရှမ်းဆိုင်ဘေး

<<<   အဝစား အကင်ဆိုင်   >>>


Sky House

========
ဒီဆိုင်ကတော့ ယိုးဒယားဟော့ပေါ့အကင်ဆိုင်လိုပါ။ အဝစား ၄၀၀၀ ပဲ။ ရန်ကုန်လိုတော့ အမယ်အစုံကြီးမဟုတ်ပေမဲ့ ရတဲ့ ကြက်၊ ဝက်တွေကတော့ လတ်လတ်ဆတ်ဆတ်ပဲ။ ဒီဆိုင်က လူအရမ်းကျတော့ ကြိုတင် ဘွတ်ကင်ချိတ်မှ အစင်ပြေမယ်။

<<<   မြန်မာစာ   >>>


အောင်ငြိမ်းချမ်းအောင်

================
ဒီဆိုင်က ဈေးထဲမှာတော့ မြန်မာစာဆိုင် ဈေးအပြင်မှာ မြန်မာ၊တရုတ်ဆိုင်။
Myanmar and Chinese
 
သုမောင်

======
မြန်မာစာ ကောင်းကောင်းသန့်သန့်စားချင်သူများကြိုက်မှာပါ။ မင်္ဂလာခန်းမလဲတွဲလျက်ရှိတော့ တခါတလေ လူအရမ်းများတတ်တယ်။
လိပ်စာ - ပြည်ထောင်စုလမ်းမကြီး၊
 
မေ့မရ

=====
ဆိုင်လည်းသန့်တယ် ဈေးလည်းချိုတယ်။ တယောက်မှ ၂၀၀၀ - ၃၀၀၀ လောက်ပဲကျတယ်။ ကြက်ကလားမှာစားလို့ကောင်းတယ်။
လိပ်စာ - မင်းလမ်းနဲ့ချယ်ရီလမ်းဒေါင့်
 
Feel Restaurant

=============
Feel ကတော့အထူးမိတ်ဆပ်သရာမလိုတော့တဲ့ဆိုင်ပါ။ စားနေကျ ရင်းနှီးပြီးသားဆိုင်မှာ စားတတ်တဲ့သူတွေအတွက်အတော်ပဲ။ စားသောက်ဆိုင်သီးသန့်မဟုတ်ဘဲ 360 Kalaw hotel ရဲ့ reception ကိုဖြတ်ပြီးမှသွားရမှာပါ။ အစားအသောက်မှာတာနည်းနည်းတော့ကြာတယ်။
လိပ်စာ - 360 Kalaw Hotel

<<<   လက်ဖက်ရည်ဆိုင်   >>>


တက်နေလင်း လက်ဖက်ရည်ဆိုင်

=======================
786 ဆိုင်ပါ။ လက်ဖက်ရည်၊ မလိုင် ကောင်းကောင်းရတဲ့အပြင် ဆိတ်ဆွတ်လည်းကောင်း။
 
မိသားစုလက်ဖက်ရည်ဆိုင်
ဒီလက်ဖက်ရည်ဆိုင်က ချာပါတီလည်းကောင်းတယ်။

<<<   ကော်ဖီဆိုင်   >>>

Kalaw Cafe

=========
ဓါတ်ပုံရိုက်လို့လှတယ်ဆိုပြီး နာမည်ကြီးလာတဲ့ ဆိုင်လေးပါ။ ပုံတွေထဲမှာ ဆိုင်ကကြီးတယ်ထင်ရပေမဲ့ အပြန်မှာတော့ သေးသေး လုံးချင်း ၂ ထပ်တိုက်လေး။ ဒေသထွက် ကော်ဖီစေ့တွေနဲ့ဖျော်တဲ့ ကော်ဖီကိုမှာလို့ရမယ်။ မုန့်တွေလည်းရတယ်။ အပေါ်ထပ်မှာထိုင်ရတော့ View လှလှ မြင်ရတယ်။
လိပ်စာ - နှီးဘုရားလမ်း။
 
Monaco Cafe

==========
ချတ်မိုက်မိုက် အပြင်အဆင်နဲ့ဆိုင်လေးပါ။ ဒီဆိုင်ရောက်ရင် ကော်ဖီကောင်းကောင်းသောက်ရမှာတော့သေချာတယ်။ သူ့မှာ အနောက်တိုင်းစာတွေအပြင် ice cream cake တွေလည်းရနိုင်တယ်။
လိပ်စာ - Zedila လမ်း။
 
Sprouting Seeds Cafe and Bakery

==========================
ဒီဆိုင်လေးက သတ်သတ်လွတ်သမားတွေအတွက် အရမ်းအဆင်ပြေတဲ့ဆိုင်လေး။ Menuထဲမှာ ဘာပဲမှာမှာ လတ်လတ်ဆတ်ဆတ်ရထားတဲ့အသီးအရွက် အခြေခံ menu ကြီးပဲ။ဆိုင်မှာ ကော်ဖီ၊မုန့်အပြင် Yoga ကြိုက်သူတွေအတွက် နေ့စဉ် Yoga အတန်းတွေ၊ ကိုယ်တိုင် သဘာဝ သစ်ဥသစ်ဖုတွေနဲ့လုပ်ထားတဲ့ စက်ပြာ၊ lip balm တွေလည်းရတယ်။
လိပ်စာ - သီတာလမ်း။
 
Credit : ဒီ List ကို New Shine Hotel ရဲ့အကူအညီနဲ့ပြုစုထားတာပါ။

..


Read 1194 times.