Eating Tips

ရွှေပြည်အပန်းဖြေဥယျာဉ်တွင် လေယာဉ်ကော်ဖီဆိုင် ဖွင့်လှစ် ...

November 19, 2019

ရန်ကုန်လေဆိပ်၌ မြေပြင်တွင် လေယာဉ်ရွှေ့စဉ် မြန်မာ့လေကြောင်းပိုင် လေယာဉ်နှင့် မတော်တဆ

တိုက်မိခဲ့သည့် ရွှေမြန်မာလေယာဉ်ကို ကော်ဖီဆိုင်အဖြစ် KMA ဟိုတယ်အုပ်စုက ပြင်ဆင်ဖွင့်လှစ်ခဲ့ပါတယ်။


KMA ဟိုတယ်အုပ်စုသည် ၎င်းတို့ပိုင်ဆိုင်သည့် ပဲခူးမြို့ ၁၀ မိုင်ကုန်းရှိ ရွှေပြည်အပန်းဖြေ ဥယျာဉ်တွင် လေယာဉ်ကို ကော်ဖီဆိုင်အဖြစ် ပြောင်းလဲ၍ ဒီဇင်ဘာ ၁၅ ရက်၌ စတင်ဖွင့်လှစ်ခဲ့ပါတယ်။


ယင်းဆိုင်ထဲမှာ ရောင်းတဲ့အစားအစာတွေကို လေယာဉ်ပေါ်မှာ စားသောက်သလိုမျိုး ခံစားလို့ ရအောင် စီစဉ်ထားတာပါ။ လောလောဆယ် စားဖွယ်စုံပေါင်း ကိုးခုရှိတယ်။ နောက်ပိုင်းတော့ တိုးသွားမှာပါ ဟု ရွှေပြည် အပန်းဖြေဥယျာဉ်လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်ဝိုင်းမြတ်မြတ်စိုးက ဖြေကြားခဲ့ပါတယ်။


ပဲခူးမြို့အဝင်တွင် တည်ရှိပြီး ရွှေပြည်အပန်းဖြေဥယျာဉ်ကို ၂၀၀၉ ၌ အကျယ်အဝန်း ၁၂၈ ဧကပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပန်းပုရုပ်တစ်သောင်းကျော်ရှိတဲ့ အပန်းဖြေဥယျာဉ်အဖြစ် နာမည်ကျော်ကြားခဲ့ပါတယ်။

လေယာဉ်တွင် ဧည့်သည်အယောက် ၉၀ အတွက် စားပွဲ ၁၈ ခုဖြင့် တည်ခင်းထားကြောင်းသိရပါတယ်။


လက်ရှိတွင် ရွှေပြည်အပန်း ဖြေဥယျာဉ်သို့ နေ့စဉ် အပန်းဖြေ လာရောက်သူ ၂၀၀ မှ ၅၀၀ အကြားရှိပြီး နှစ်စဉ် လူဦးရေ တစ်သိန်းကျော်  လာရောက်လေ့ရှိကြောင်း ဒေါ်ဝိုင်းမြတ်မြတ်စိုးက ဖြေကြားခဲ့ပါတယ်။


Airbus အမျိုးအစား လေယာဉ်ပေါ်တွင် ဖွင့်လှစ်ထားသည့် ကော်ဖီဆိုင်၌ မြန်မာ၊ တရုတ်နှင့် ထိုင်းအစားအစာများ ရောင်းချပြီး ဈေးနှုန်းအနေဖြင့် ကျပ်ခြောက်ထောင်မှ ကျပ်ရှစ်ထောင်အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။


ရွှေမြန်မာလေကြောင်းလိုင်းနှင့် KMA ဟိုတယ် အုပ်စုကို CB ဘဏ်ဥက္ကဋ္ဌ ဦးခင် မောင်အေးက ပိုင်ဆိုင်ထား ကြောင်း သိရပါတယ်။


Read 228 times.