Eating Tips

လိုတရ ရှမ်းစားသောက်ဆိုင်

November 19, 2019

လိုတရ ရှမ်းစားသောက်ဆိုင်သည် ရန်ကုန်မြို့၊ အောက်ကြည့်မြင်တိုင်လမ်းတွင် တည်ရှိပါတယ်။

ယင်းဆိုင်တွင် ရှမ်းအစားအစာနှင့် နိုင်ငံတကာအစားအသောက်များကို စားသုံးလိုသူများအတွက် ဈေးသက်သာပြီး အရသာရှိရှိ စားသုံးနိုင်ပါတယ်။


ဆိုင်တွင် ရှမ်းတိုင်းရင်းသားအစားအစာများသာမက နိုင်ငံတကာ အစားအသောက်များဖြစ်သော ရုရှား၊ တရုတ်နှင့် ထိုင်းစသော နိုင်ငံတို့၌ စားသုံးလေ့ရှိသည့် အစားအသောက်များ ရရှိနိုင်ပါတယ်။


ဆိုင်တွင် ရရှိနိုင်သော အစားအစာများမှာ ကြက်ပေါင်း၊ သုံးထပ်သား မုန်ညင်းပေါင်း၊ ဝက်နံရိုးပေါင်း၊ ဝက်စလူး၊ ဝက်စလူးထမင်းပုံစား၊ ဝက်သားကင် ထမင်းပုံစား၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ဆားငံသီးငါးပေါင်းနှင့် ပုစွန်ထုပ်ပေါင်း၊ ကြက်သားလုံး/ဝက်သားလုံးခေါက်ဆွဲ၊ ဝက်ခေါက်ပွ၊ ပျားရည်ကြက်တောင်ပံထမင်းပုံစား အစရှိသည့်ဟင်းလျာများ ရရှိနိုင်ပါတယ်။


ဈေးနှုန်းမှာ ၁၅၀၀ ကျပ် မှ ၂၅၀၀၀ ကျပ်အထိရှိပြီး အချိုပွဲအနေဖြင့် ဆိုင်မှ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သစ်သီးခြံမှ ပန်းသီး၊ ထောပတ်များကို အသီးဖျော်ရည်ပြုလုပ်ရောင်းချကြောင်းလည်း သိရပါတယ်။


ယင်းဆိုင်တွင် ရှမ်းအစားအသောက်များကို ကောင်းစွာချက်ပြုတ်တတ်သော ရှမ်းတိုင်းရင်းသားများဦးစီးပြီး ချက်ပြုတ်ရောင်းချကြောင်း သိရပါတယ်။

အမှတ် ၅၇၂၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်။

၀၉-၄၅၀၇၄၆၆၃၀


Read 959 times.