Eating Tips

မန်းလေးမှာတင် ကိုရီးယား အရသာ စစ်စစ် ကြက်ကြော်တွေကို ခံစားရမဲ့ ဆိုင်လေး

November 19, 2019

အိုးခိုင်မော့! Han Riverမှာ ကိုရီးယားအရသာ ကြက်ကြော်တွေ အရသာ အစုံ ရတယ်ဆိုပဲ

Han Riverမှာ ရနိုင်တဲ့ ကိုရီးယားကြက်ကြော်တွေကတော့ ...

ကိုရီးယားမီးငွေ့တိုက်ကြက်ကင် (Korean Style Smoked Chicken) 6500/ 11000ks

ကိုရီးယားမှာဆို ဒီ ကြက်ကင်ကို Dietအစားအစာအဖြစ် စားကြတယ်။ မီးငွေ့တိုက် ကြက်ကင်ဆိုတဲ့ အတိုင်း မီးသွေးမီးအေးအေးလေးနဲ့ အချိန်ပေးပြီး ကင်ထားတဲ့အတွက် ကြက်ထဲမှာ ရှိတဲ့ လူကို ဝိတ်တက်စေတဲ့ အဆီတွေဟာ အပြင်ကို စိမ့်ထွက်ကုန်တယ်။ မီးသွေးနဲ့ ကင်တာဟာ အသားကို ပို နူးညံ့စေပြီး အရသာ ပို ရှိသွားစေတာ သိကြတယ်ဟုတ်?

 ကိုရီးယားကြက်ကြော်ဆော့စ်အစပ်5200/7500/13500ks
သူကတော့ Han Riverရဲ့ လူကြိုက်အများဆုံး မီနူးလေးပါ။ ကိုရီးယားဆော့စ်စစ်စစ်လေး ဆမ်းပေးတာဆိုတော့ ကိုရီးယား အရသာစစ်စစ်ကို ပေးစွမ်းနိုင်တာပေါ့နော်။ စားပြီးရင်း စားချင်ဆိုတဲ့ menuလေးမို့ တစ်ခါလောက်တော့ မြည်းကြည့်စေချင်ပါတယ်။ စားဖူးတဲ့ ချစ်တို့ကတော့ ကြက်ကြော်ဆို Han Riverကမှတဲ့

 ကိုရီးယားကြက်ကြော်အကြွတ် (Original Fried Chicken)5200/ 7000/12000ks

ကလေးတွေနဲ့ အစပ်မစားနိုင်တဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။ ကြက်ကြော်တွေကို ကြော်မထားဘဲ မှာမှ ကြော်ပေးတာမို့ ပူပူနွေးနွေး ကြွတ်ကြွတ်ရွရွလေး စားနိုင်တာ Han River ကြက်ကြော်ပါ။ ကြက်ကြော်အကြွတ်လေးကို sweet Chili Sauceလေးနဲ့ တို့တို့ပြီး စားလိုက်ရရင် ရှလွတ်

ကြက်သွန်ဖြူ ပဲငံပြာရည်ကြက်ကြော် (Soy Sauce Chicken)5200/7500/13500ks

Soy Sauce Chickenလေးကတော့ ကိုရီးယားလူမျိုးတွေအကြိုက်ဆုံးကြက်ကြော်ဆိုလည်း မမှားပါဘူး။ အဆိမ့်အရသာလေးနဲ့ စားပြီးရင်း စားချင်လောက်အောင် အနံ့ကလည်း မွှေးနေတာပဲ။ ကြက်ကြော်အရသာအသစ်အဆန်းလေး စားချင်တယ်ဆိုရင်တော့ ဒါလေးကို သတိရလိုက်နော်

ပျားရည်ဆမ်းကြက်ကြော် (Honey Chicken)5200/7500/13500ks

ဒါလေးကတော့ အချိုကြိုက်တဲ့ သူတွေနဲ့ လူကြီးတွေ၊ ကလေးငယ်တွေ အစားများပါတယ်။ ဘီယာကြိုက်တဲ့ အိုပါးတွေကတော့ ဒါလေးကို မှာကြတယ်။ ဘီယာလေးနဲ့ အဇမ်း လိုက်တယ်ဆိုပဲ

မန်းလေးမှာတင် ကိုရီးယား အရသာ စစ်စစ် ကြက်ကြော်တွေကို ခံစားဖို့ Han Riverကို လာခဲ့နော်

Han River Korean BBQ & Restaurant
လမ်း ၃၀၊ ၆၄လမ်းဒေါင့်၊ မန်းလေးမြို့။
Delivery & Booking- 09787909898,09769994989
Open Daily- 10AM to 10PM
#Han_River_Korean
#BBQ_Restaurant


Read 697 times.