Eating Tips

ဗေလုဝနှင့် တူတော်မောင်များ ဖွင့်လှစ်လိုက်တဲ့ "မြတ်ပန်းရဂုံ" စားသောက်ဆိုင်

November 18, 2019

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်းရှိ "မြတ်ပန်းရဂုံ"ခန်းမနှင့် စားတော်ဆက်တွင်

အရက်၊ဘီယာလုံးဝမရောင်းချဘဲ မိသားစုများစိတ်အပမ်းဖြေစရာကောင်းသော နေရာအဖြစ်ပြုလုပ်ကာ ဖွင့်လှစ်ရောင်းချကြောင်း သိရပါတယ်။

တစ်နေကုန် အလုပ်ပင်ပမ်းလာသူတွေအနေနဲ့ ဆိုင်ထဲကို ဝင်ရောက်လိုက်တာနဲ့ စိတ်အပမ်းဖြေသွားနိုင်အောင် ပတ်ဝန်းကျင်မြင်ကွင်းကိုလည်း သစ်ပင်တွေ မီးအလှဆင်တာတွေနဲ့ စိမ်းစိုစို မြက်ခင်းတွေ ကြားမှာ အေးအေးချမ်းချမ်းထိုင်ပြီး စားသောက်နိုင်အောင် စီမံထားပါတယ်။

ထိုင်ခုံတွေကို ဒေသထွက်ဝါးတွေနဲ့ပဲ ပြုလုပ်ထားပြီး အစားအသောက်တွေအနေနဲ့တော့ မြန်မာအစားအစာ၊ တရုတ်အစားအစာ၊ဂျပန်အစားအစာ၊ မလေးရှားအစားအစာ စတာတွေကို ရောင်းချခြင်းဖြစ်ပါတယ်။

ထို့အပြင် ရှမ်းအစားအစာ တိုင်းရင်းသားရိုးရာအစားအစာတွေကိုလည်း ထည့်သွင်းရောင်းချကြောင်း သိရပါတယ်။

ဈေးနှုန်းကိုလည်း သင့်တင့်တဲ့နှုန်း သတ်မှတ်ထားပါတယ်။ ခန်းမမှာဆိုရင်လည်း မင်္ဂလာခန်းမငှားရမ်းခြင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ အမှတ်တရ ညစာစားပွဲတို့အတွက်အထိမ်းအမှတ်နေရာတစ်ခုအဖြစ် လက်ခံပြီး ဝန်ဆောင်မှုတွေလည်း ပေးနေပါတယ်"ဟု မြတ်ပန်းရဂုံ ဖွင့်လှစ်သူကဖြေကြားခဲ့ပါတယ်။

ယင်း စားသောက်ဆိုင်ကို ပြီးခဲ့သည့် အောက်တိုဘာလ လကုန်ပိုင်းက ဒဂုံမြို့သစ်၊ မြောက်ပိုင်းမြို့နယ်၊ ၃၈ ရပ်ကွက် တပင်ရွှေထီးလမ်း၊ကုန်ပဒေသာမှတ်တိုင်အနီးတွင် ဖွင့်လှစ်ထားပါတယ်။


Read 256 times.