Eating Tips

သရုပ်ဆောင်အကယ်ဒမီ ဗေလုဝဖွင့်လှစ်လိုက်တဲ့ "လယ်သူမ" ကျေးလက်ထမင်းဆိုင်

November 18, 2019

သရုပ်ဆောင်အကယ်ဒမီဗေလုဝက “လယ်သူမ”ကျေးလက်ထမင်းဆိုင်ကို ကျိုက္ကဆံဘုရားအနီး၊ ရာဇာမင်းဆီဆိုင်ရှေ့၊ရတနာလမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်ေ်န့က ဖွင့်လှစ်ခဲ့ပါတယ်။
 
ဆိုင်ကို ကျေးလက်ရနံ့နဲ့ကျေးလက်အစားစာများကိုအကောင်းဆုံးခံစားစေချင်လို့ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရပါတယ်။
 
ကျေးလက်ရနံ့တွေကိုခံစားစေချင်တယ်။ မြို့ပြရဲ့ မွန်းကျပ်မှုတွေကိုတစ်ခဏဖြစ်ဖြစ်ထမင်းသုံးဆောင်စဉ် လွတ်လပ်ပေါ့ပါးစွာခံစားစေချင်တယ်။ ဒီဆန္ဒကအဓိကပါ၊ အဲဒါကြောင့် ဒီလိုအခင်းအကျင်းမျိုးကို ဖန်တီးထားတာပါ။ ဟင်းလက်ရာကိုလည်းရှယ်ချက်ထားပြီး ကျေးလက်ဟင်း ကျေးလက်အထာလက်ရာတွေကို ခံစားစေချင်လို့ပါလို့ ”လယ်သူမ”ထမင်းဆိုင်ဖွင့်ပွဲမှာ သရုပ်ဆောင်အကယ်ဒမီဗေလုဝကပြောခဲ့ပါတယ်။
 
ဆိုင်တွင် ရနိုင်တဲ့ အစားအစာများကတော့ ငါးရှဉ့်၊ ဖား စတဲ့ကျေးလက်ဟင်း၊ ကြက်သားသောက်ဆမ်း၊ ကာလသားချက် စတဲ့ဟင်းအမယ်မျိုးစုံရပါတယ်။ အထူးသဖြင့်တို့စရာအစုံအလင်၊ ငါးမီးဖုတ်၊ ငရုတ်သီးစိမ်းမီးဖုတ်ဖျော်၊ ငါးပိရည်စစ်စစ်၊ မြိတ်ငါးပိထောင်း၊ ငါးခရမ်းချဉ်သီးငါးပိချက်၊ ကျေးလက်စတိုင်လ်ထမင်းဟင်းများကို လက်ရာကောင်းကောင်းသန့်ရှင်းသပ်ရပ်စွာ ရောင်းချသွားမှာဖြစ်ကြောင်းဆိုင်ပိုင်ရှင်သရုပ်ဆောင်ဗေလုဝကပြောခဲ့ပါတယ်။
 
မနက်စောစောရနိုင်တဲ့ အစားအစာတွေကတော့ ကောက်ညှင်းပေါင်း၊ ငါးရံ့ခြောက်၊ ငါးသလောက်၊ ငါးပိကောင်ကြော်၊ ဆီထမင်း၊ မုန့်ဟင်းခါး၊ ထမင်းဆီဆမ်းစတဲ့ မနက်ခင်းစာများကိုလည်း ချိုသာသောဈေးနှုန်း၊ လက်ရာ၊ သန့်ရှင်းသပ်ရပ်မှုတွေနဲ့မြန်မာ့ရိုးရာအစားအစာများကို ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

 


Read 282 times.