Eating Tips

မန္တလေးရဲ့ နာမည်ကြီး အရမ်းရောင်းရတဲ့ အားဝူးကြက်ကင် ရန်ကုန်မှာဖွင့်နေပြီ

November 18, 2019

မန္တလေးရောက်တိုင်း တကူးတကသွားစားကြတဲ့ မန်းသူ မန်းသားမှန်ရင် ညနေဆို တကူးတကစောင့်ပြီးတောင် ဝယ်စားရတဲ့ မန်းရွှေမြို့တော်ကြီးရဲ့ နာမည်ကျော် အားဝူး ကြက်ကင်ကို ရန်ကုန် လမ်းမတော်ဘက်မှာ စားလို့ရနေပြီ။
 
ပျော်လိုက်တာဆိုတာ  မန်းလေးက အစားအစာတွေဆိုတာ ရန်ကုန်ပြန်ရောက်တဲ့ထိ လွမ်းကျန်ရအောင်ကိုကောင်းတာ အဲ့ဒီထဲ မြန်မာကြက်စစ်စစ်ကို သေချာနှပ်၊ နှမ်းနဲ့ မွှေးနေအောင် ကင်ထားတဲ့ အားဝူးကြက်ကင်ကလည်း ထပ်ထပ်စားချင်အောင်ကောင်းတဲ့ မန်းလေးရဲ့ နာမည်ကျော်လေ။
 
ခုအဲ့အားဝူးကြက်ကင်ကို ရန်ကုန် က ၁၀ လမ်းနဲ့ ၁၁ လမ်းကြားက လှည်းတန်းလမ်း လမ်းမတော် ဘက်မှာ ဆိုင်ဖွင့်ပြီးကို လာရောင်းပြီ။
 
- ကြက်ကင်တစ်ကောင်လုံးမှ ၉၅၀၀ တဲ့။
 
- တစ်ခြမ်းဆို ၄၅၀၀ ပဲပေးရတယ်။
 
တစ်ကောင်ဆို ၄ယောက်လောက်အေးဆေးစားလို့ရတယ်။ ပုံထဲက တစ်ခြမ်းပဲရှိသေးတယ်။
 
လုံးဝ ဗမာကြက်စစ်စစ်နော်။ ဗမာကြက်ပေမယ့် အသားဆူတယ်။ လတ်ဆတ်တယ်။ အဲ့ဒါကိုမှ အားဝူးရိုးရာအတိုင်း သေချာနယ်ဖတ်နှပ်ပြီးနှမ်းနဲ့ စက်ကိုလှညိ့ပြီးကင်တာဆိုတော့ လုံးဝမတူးဘဲ မွှေးပြီး စားကောင်းလိုက်တာဆိုတာ။
 
ပြီးတော့နော် အားဝူးကြက်ကင်ရဲ့ အသက်က သူ့ဆိုင်မှာပဲ ရတဲ့ ငရုတ်သီးနဲ့မြေပဲချဉ်။
 
အချဉ်က သံပုရာသီးများများ၊ ငရုတ်သီးစိမ်းကို စပ်ပြဲနေတာကိုမှ ကြေနေအောင်ထောင်း၊ မြေပဲကိုလည်းကြေနေအောင်ထောင်းပြီး ချဉ်စပ်ဖျော်ထားတာ။ သူ့ချည်းထက်ကြက်ကင်အသားပူပူလေးနဲ့ အသားတစ်ခုလုံးနစ်အောင်နှစ်စား။ အား....တကယ့် နိဗ္ဗာန်ပဲ။
 
ဒါနော် မန်းလေးရောက်မှစားရတဲ့ စားရတာတောင်တန်းစီစောင့်ရတဲ့ကြက်ကင်။ ခု ရန်ကုန်မှာဆိုင်ဖွင့်ပြီဆိုတော့ တန်းစီစရာမလိုတော့ဘူး။
 
မတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့ထိ ...
 
- ကြက်ကင် ၂ကောင်ဝယ်ရင် ၁ ကောင် ထပ်Free ပေးမယ်တဲ့။
 
ကျန်တဲ့မီနူးဈေးတွေကလည်းတန်လိုက်တာ။ ရှမ်းစာစစ်စစ်ကိုမှ ၁၀၀၀ ဝန်းကျင်နဲ့ဆိုတော့ ...
 
ဒါမယ့် Chef မရောက်သေးလို့ ခုတော့ ကြက်ကင်ပဲ ရောင်းသေးတယ်တဲ့။ Chef လာမှ နောက်တခေါက် လာစားဦးမယ်။
 
- မနက် ၉ကနေ ည ၉ ထိဖွင့်ပါတယ်တဲ့။
 
- လုံးဝ Halal ပါနော်။
 
လိပ်စာက အမှတ် ၈၅၊ ၁၀ လမ်းနဲ့ ၁၁ လမ်းကြား လှည်းတန်းလမ်းပါ။
 
ကဲ...ဆိုင်သေးသေးလေး လူမပြည့်ခင် မန်းလေးရဲ့ နာမည်ကြီး အားဝူးရဲ့ အဆီအနှစ်တွေပြည့်နေတဲ့ ကြက်ကင်လေးကို အချဉ်နဲ့တို့ပြီး ပူပူလေး နွေးလိုက်ကြဦးဗျို့...

Credit: Trusted Food Blog


Read 408 times.