Eating Tips

လားရှိုး ညဈေး " သို့ အလည်တစ်ခေါက်

November 18, 2019

စားချင်စရာတွေ အစုံရှိပြီး လူကြိုက်များတဲ့ " လားရှိး ညဈေး " သို့ အလည်တစ်ခေါက် Night Out ထွက်ကြရအောင်။
 
လားရှိုးဈေးတွင် Chili Pot က " မာလာရှမ်းကော " စားမယ်။  Mr. chef Winner မတင်တင်ဦး လက်ရာတွေအားပေးပါမယ်။ ဗီယက်နမ်နာမည်ကြီး အမဲစွပ်ပြုတ်သောက်မယ် Carnival Steak House ဘရာဇီး အသားကင်လေးတွေ စားကြမယ်။
 
ပြီးတော့ ဒီ ညဈေးမှာ ရှားရှားပါးပါး မြိတ် အစားအစာလေးတွေနဲ့ အင်းလေးဒေသ အစားအစာလေးတွေပါ ရှိတာ တွေ့ခဲ့ရတယ်။
 
Relax လုပ်ဖို့ ဘီယာတွေနဲ့ လိုက်ဖက်တာဆိုရင် Steak တွေ စားမယ်၊ ဝက်သားဒုတ်ထိုးတွေ ထိုင်စားကြမယ်။
 
Bar ကောင်တာပါရှိတော့ ဘီယာ၊  Soft Drink နဲ့  Cocktail မျိုးစုံအပြင် စိတ်ဝင်စားဖို့ ကောင်းတာက  ကယန်းခေါင်ရည် နှင့် ငါးကင်လေးတွေပါရတော့ ပိုပြီး အဆင်ပြေနေရောပဲ။
 
အရင်က လူတော်တော်များများ ဒီ လားရှိုးညဈေးကို ရောက်ဖူးကြမှာပါ။
 
အရင်နှင့် ယခု ကွာခြားလာတာက အစားအသောက်လေးတွေပါစုံပြီး အခုနောက်ပိုင်းဆိုရင် နာမည်ကြီးဆိုင်လက်ရာတွေကိုပါ စားလို့ရနိုင်တဲ့ နေရာ ဖြစ်လို့နေပါပြီ။
 
အားနည်းချက်ကတော့ စားသုံးသူ ထိုင်စားတဲ့ ပုံစံကို စားသောက်ဆိုင်ကြီးသဘောလို ပုံစံသေချာပြင်ဆင်ထားတာကြောင့် ညဈေးမှာ ဖြစ်သလို ထိုင်စားရတဲ့ ဖီလင်မျိုးတော့ မရခဲ့ဘူး။
 
ညဈေး နေရာကတော့   ဝေဇယန္တာလမ်းမပေါ် (ရတနာလမ်းနှင့် မေတ္တာလမ်းကြား)၊ ဝေဇယန္တာ City Mart အနီး၊ ၁၆ ကွေ့မှတ်တိုင်အနီး၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
 
ဖုန်းနံပါတ်ကတော့  ၀၉-၇၅၀၁၀၅၀၂၄
 
ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီမှ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။ ညပိုင်းသူငယ်ချင်းတွေနဲ့ သွားရင်တော့ ပိုအဆင်ပြေစေမှာပါ။

 


Read 494 times.