Eating Tips

မီနူးအသစ်ဖြစ်တဲ့ မြေအိုး ဒန်ပေါက်လေးကို သွားမြည်းစမ်း စားကြမလား

November 18, 2019

ပထမဆုံး ဆိုင်ထဲစ စဝင်လိုက်တာနဲ့ သတိထားမိတာက ဘူးသီးဆိုင်ရဲ့ Decoration လေးဖြစ်ပါတယ်။  ဓာတ်ဖမ်းလို့ကောင်းတဲ့ မီးလုံးဝါဝါလေးတွေနဲ့ ဟိုးအရင်ရှေးခေတ်ကြော်ငြာဆိုင်းဘုတ်လေးတွေ ရှေးဟောင်း ပစ္စည်းလေးတွေနဲ့ အလှဆင်ထားပါတယ်။
 
ပြီးတော့နောက်တစ်ခု သဘောကျသွားတာကတော့ အစားအသောက်တွေ ဘယ်လိုပြင်ဆင်ချက်ပြုတ်တယ် အသုပ်စုံတွေဆိုလည်း ဘယ်လိုသန့်သန့်လေး သုပ်တယ်ကအစ စားသုံးသူတွေ တိုက်ရိုက်မြင်နိုင်အောင် Open Kitchen လေးကို စီစဉ်ပေးထားပါတယ်။
 
ဘူးသီးဆိုင်ကို လာရောက်အားပေးတဲ့ ဧည့်သည်တော်တွေ အမေးများတာက ဒန်ပေါက်က ဘယ်နိုင်ငံရဲ့ ရိုးရာစာလဲ ပြီးတော့ ဝက်ဦးနှောက်နဲ့ ဘာလို့ ပေါင်းစပ် ချက်ပြုတ်ထားလဲပေါ့ ဆိုပြီး မေးမြန်းကြတဲ့အတွက် အနည်းငယ် ရှင်းပြချင်ပါတယ်။
 
အခု လူသိများကြတဲ့ ဒန်ပေါက်အမျိုးအစားက 16 ရာစုလောက်က အိန္ဒိယနိုင်ငံမှာ မဂိုအင်ပါယာ တစ်နည်းအားဖြင့် (Mughal Empire) လို့ ခေါ်တဲ့ခေတ်မှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
 
အများစုကတော့ ဒန်ပေါက်တစ်ပွဲမှာ မဆလာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက အရေးကြီးတယ်လို့ ထင်မှတ်ကြပေမယ့် ဒန်ပေါက်တစ်ပွဲရဲ့ အသက်က ချက်ပြုတ်နည်းဖြစ်ပါတယ်။
 
ဒန်ပေါက်ဆိုတာက ဟိန္ဒူဘာသာစကားမှ ဆင်းသက်လာတဲ့ စကားဖြစ်ပါတယ်။ ဒန်ပေါက်ကို အငွေ့မ ထွက်အောင် အလုံပိတ်ချက်ပြုတ်ထားပြီး သရက်သီးသနပ်၊ သခွားချဉ်၊ ကင်ပွန်းချဉ်ဟင်းရည်တို့ နဲ့ တွဲဖက်စားသုံးရတာဖြစ်ပါတယ်။
 
ယခု ဘူးသီးဆိုင်မှာ ရောင်းချနေတဲ့ ဝက်ဦးနှောက်ဒံပေါက်ကလဲ ဘူးသီးချစ်သူတို့ ငယ်ငယ်ထဲက ဈေးကြီးပြီး အရသာရှိတဲ့ဟင်းအဖြစ်သတ်မှတ်ထားပြီး အခုချိန်ထိကြိုက်နှစ်သက်စွာ စားသုံးလာကြတဲ့ ဝက်ဦးနှောက်ဟင်းကို ဒန်ပေါက်နဲ့ ပေါင်းစပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

ဝက်ဦးနှောက် မြေအိုးဒန်ပေါက်ရဲ့ အရသာက  ဝက်ဦးနှောက်ရဲ့ နူးညံ့တဲ့အရသာ၊ အရမ်းကောင်းတဲ့ဟင်းအနှစ်ကို ဒန်ပေါက်ဆန်ကောင်းကောင်း အနံ့ မွှေးမွှေးလေးပေါင်းစပ်ထားတဲ့အတွက်  သွားရောက်မြည်းစမ်းသင့်ပါတယ်။
 
ဒူးရင်းသီး ဒန်ပေါက်လေးကတော့ မော်လမြိုင်ဒူးရင်းသီးအစစ်ကိုသုံးပြီးချက်ထားတော့ ဒန်ပေါက်ထမင်းသားကိုက ချိုမြမြ မွှေးအီအီလေးဖြစ်နေတာ ဒူးရင်းသီးတွေ အဖတ်လိုက် အပြွတ်လိုက်နဲ့ အီလည်နေတဲ့အရသာမျိုးမဟုတ်ပဲ မွှေးတေးတေး ချိုမြမြလေးလုပ်ပေးထားပါတယ်။
 
ဒူးရင်း crazy မဟုတ်တဲ့သူတောင် သူ့ရဲ့အရသာပေါင်းစပ်ပုံလေးကို အရမ်း အရမ်းကို သဘောကျသွားစေမှာ အမှန်ဖြစ်ပါတယ်။
 
ငှက်ပျောဖက်လေးခင်းထားတဲ့ ဗန်းလေးပေါ်မှာ မြေအိုးလေးနဲ့ သံပရာသနပ်လေးကိုလည်း မြေပန်းကန်လေးနဲ့ အရည်သောက်လေးနဲ့ တွဲချပေးလိုက်တော့ မစားခင် အမြင်လေးနဲ့တင် အင်မတန် ဆွဲဆောင်မှုရှိပါတယ်။
 
မြေအိုးပေါ်မှာ ဖုံးထားတဲ့ ချာပါတီဂျုံပြားလေးကို ခွဲပြီးတော့  အထဲက ဒူးရင်းသီးဒန်ပေါက်လေးကိုမြည်းလိုက်တော့  ကိုယ်ထင်ထားခဲ့ သမျှလွှဲသွားပြီး ငါဒီဆိုင်ကို နောက်ကျမှလာစားမိလေခြင်းလို့တောင် နောင်တရချင်သွားပါမယ်။
 
လိပ်စာကတော့ အမှတ် ၁၁၆၊ ၁၁၈၊ ဘိုကလေးဈေးလမ်း (အထက်ဘလောက်) ဗိုလ်တထောင်မြို့နယ် ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီခွဲမှ ည ၉ နာရီအထိ ဖြစ်ပါတယ်။ Delivery Service လည်းရှိတယ် ဆိုတော့  ၀၉ ၈၉၄ ၁၂၀၂၇၇ သို့ မှာယူ၍ ရနိုင်ပါတယ်။

 


Read 326 times.