Eating Tips

ပုဇွန်တုန်ယမ်းဟင်းရည် သောက်ပြီး ထိုင်းနိုင်ငံ လည်လည်သွားမယ် ..

November 14, 2019

ထိုင်းနိုင်ငံကို အလည်ခေါ်သွားမည့် Thai Smile ရဲ့ ပုဇွန်တုန်ယမ်းဟင်းရည်
================================================

ထိုင်းအစားအသောက်ရဲ့ ပြယုဂ်တစ်ခုဖြစ်သည့် တုန်ယမ်းဟင်းရည်ဟာ ထိုင်းနိုင်ငံရောက်တဲ့သူတိုင်း မဖြစ်မနေသွား စားကြပါတယ်.

ပုဇွန်တုန်ယမ်းဟင်းရည်ရဲ့ ချည်ချည်စပ်စပ်အရသာလေးဟာ အုန်းနို့ရဲ့ ချွဲပျစ်တဲ့ အရသာနဲ့ ပေါင်းစပ်လိုက်ရင် ဘာမှနဲ့မှကိုလဲလို့မရပါဘူး..

ဒါကြောင့်ပဲ တုန်ယမ်းဟင်းရည်ကိုပဲ တမ်းတမ်းဇွဲနေကြတာပါ..


ထိုင်းကတုန်ယမ်းအရသာစစ်စစ်ကို စားချင်တယ်ဆိုရင်တော့  ….

ကျွမ်းကျင်စားဖိုမှုးတွေက လတ်ဆတ်သန့်ရှင်းသည့်  ပုဇွန် အသီးအနှံများဖြင့် လုံးဝ လျှာလည်သွားမဲ့ ..

Thai Smile ဆိုင်လေးကို ပြောပြပေးမယ်နော်..

ရှင်စောပုလမ်း ၊ စမ်းချောင်းမြို့နယ် မှာ ဆိုင်လေးက ရှိတာဆိုတော့ မြေနီကုန်း မှတ်တိုင်နဲ့လည်း နီးတဲ့ အပြင် သွားလာရတာလည်း အဆင်ပြေပါတယ်..


ထိုင်းအစားအစာကို အဓိကထားရောင်းချပေးတဲ့ ဒီဆိုင်လေးမှာ ..


<>     ချဉ်ချဉ်စပ်စပ် ပင်လယ်စာတွေက ပိုပြီးခံတွင်းမြိန်စေပြီး Thai Smile ရဲ့လူကြိုက်များတဲ့ အရသာထူး ပြည်ကြီးငါးသံပုရာပေါင်း ...

သံပုရာသီး ငရုတ်သီးတို့နဲ့ ပြည်ကြီးငါးကို လတ်လတ်ဆတ်ဆတ် ပေါင်းထားတာဆိုတော့ အနံ့အရသာဟာ စားချင်စဖွယ် ပါပဲ..

နူးညံ့ကြွပ်ရွတဲ့ပြည်ကြီးငါးကိုမှ ချဉ်ချဉ်စပ်စပ်အရသာလေးကို ထမင်းနဲ့လည်း စားလို့သိပ်ကောင်း တဲ့ ပြည်ကြီးငါးသံပုရာပေါင်း ပါ..


<>     အရသာချိုချို အနံ့မွှေးမွှေးနဲ့ ထမင်းနဲ့စားရင်လုံးဝထမင်းမြိန်စေတယ် …
အမြည်းအနေနဲ့ စားမယ်ဆိုရင်လည်း ဆွေမျိုးမေ့စေမဲ့  လတ်လတ်ဆတ်ဆတ် ဝက်သားလေးတွေနဲ့ ချက်ထားတဲ့ နူးနူးအိအိလေးနဲ့ လျှာပေါ်မှာစွဲ ဝက်စတူးလေး…


<>     ပူစပ်ပူစပ်လေးနဲ့ ပွင့်ထွက်သွားချင်သူတွေဆိုရင်တော့ လုံးဝပွင့်ထွက်သွားစေမဲ့ ငရုတ်ကောင်းကြော် …
ငရုတ်ကောင်းဟာ ဟင်းလျာတွေကို အရသာပိုရှိအောင်လုပ်ပေးသည့်အပြင် ငုံနေသည့် ချွေးတွေကိုလည်း ပွင့်ထွက်သွားစေသည့်အတွက် ကျန်းမာရေးအတွက်လည်း အကျိုးရှိစေပါတယ်..
ငရုတ်ကောင်းကြော်ကို မိမိကြိုက်နှစ်သက်ရာ ဝက်သား၊ ကြက်သား၊ ပင်လယ်စာတိုဖြင့်လည်း မှာယူနိုင်ပါတယ်..


<>     မုန့်အနှစ်ကိုမှ လတ်ဆတ်သန့်ရှင်းသည့် အသီးအရွက်စုံဖြင့် ကြော်ထားတာကြောင့် ထိပ်တန်းအရသာ ခံတွင်းလုံးဝတွေ့စေမည့် သီးစုံတန်ပူရာ …


<>     အကောင်းစား သန့်ရှင်းလတ်စပ်သည့် ငါးရှဉ့်ကို ချဉ်ချဉ်စပ်စပ်လေးနဲ့ ခံတွင်းတွေ့စေမည့် ငါးရှဉ့်ချဉ်စပ် …

<>     အသားစုံစုံလင်လင်နဲ့ တန်မှတန် Hotpot

_ အရသာလည်း ကောင်းမှကောင်း
_ ကြက်သား၊
_ ဝက်သားအပြင် ၊
_ ပင်လယ်စာပါ  ပါတယ်နော်..

အသီးအရွက်လည်း စုံစုံလင်လင်၊ အထူးရှယ် Hotpot ဟင်းရည်နဲ့ ပေါင်းဖတ်လိုက်ရင် လုံးဝခံတွင်းတွေ့စေမဲ့ Hot Pot ..


<>     ကက္ကတစ်ငါးမဆလာကြော်
လတ်ဆတ်တဲ့ ကက္ကတစ်ငါးတွေကိုမှ သန့်သန့်ရှင်းရှင်း ချက်ပြုက်ထားတာကြောင့်မွှေးကြိုင်လတ်ဆတ်တဲ့အနံ့အရသာ ငါးဟင်းတွေကိုမှ ခုံမင်တတ်သူတွေအဖို့ အလွန်စိတ်ကျေနပ်စရာကောင်းတဲ့ ရှားပါးဟင်းလျာတစ်ခုပါ ...


# ထိုင်းအစားအစာ ကောင်းကောင်းလေးတွေ စားချင်သူများအတွက်တော့  ကြိုက်နှစ်သက်မဲ့ဆိုင်လေးပါနော်..


@     အပြင်ထွက်ဖို့အဆင်မပြေတဲ့သူတွေနဲ့ အလုပ်များပြီးဆိုင်မှာလာစားဖို့အချိန်မပေးနိုင်တဲ့သူတွေအေတွက် Page မှာ  မှာယူနိုင်ပါတယ်..

ဆိုင်လိပ်စာအပြည်အစုံလေးက …

Thai Smile Restaurant
=================
လိပ်စာ : အမှတ် (၈၅), ရှင်စောပုလမ်း, စမ်းချောင်းမြို့နယ်
ဖုန်း : 09-450013761
Page : https://www.facebook.com/restaurantthailand.yangon/

Ref : Thai Smile Restaurant


Read 651 times.