Eating Tips

ချစ်စရာကောင်းတဲ့ ပါပီလေးတွေ နဲ့ လူအမြဲပြည့်တဲ့ ဆိုင်လေး ...

November 5, 2019

 ဟောတော့  .. ပါပီလေးတွေက ပန်းကန်ထဲရောက်နေပါလား ???

ချစ်စရာလေးနော် .. လိမ္မာတယ် .. ငြိမ်နေတာပါပဲ ..
..
..
ပုံလေးတွေ ကြည့်ပြီး ပါပီလေးတွေကို ချစ်နေပြီလား ..
..
..
 တကယ့် ပါပီလေးတွေ မဟုတ်ပါဘူးနော် ... လှည်းတန်းမှာ ရောင်းတဲ့ နို့အစစ်နဲ့လုပ်ထားတဲ့အကောင်လေးတွေ ပါ....

TikTok Videoတွေထဲကလို ဖင်လေးတွေကို တဆတ်ဆတ်ရိုက်ပြီး ဆော့လို့ရတဲ့ ဒီအကောင်လေးတွေက..တကယ်တော့ စားလို့အရမ်းကောင်းတဲ့..


<<>>   နို့ဒိန်ချဉ် / နို့ပူတင်းလေးတွေတဲ့   <<>> ..


-   ဝက်ပူတင်း, ယုန်ပူတင်း, ခွေးလေးတွေပုံစံစုံရပြီး တစ်ခုကို " 3500ကျပ် "ထိအစားစားရှိပါတယ်တဲ့...

-   နည်းနည်းလေးဘဲ စားရပေမယ့် ဒီအကောင်လေးတွေ ကြောင့် ဆိုင်လေးက အမြဲကိုလူပြည့်နေတောပါ...


တခြားအနေနဲ့ နေ့လည်စာစားလို့ကောင်းတဲ့ ...

-   Combo Setတွေလည်းရှိပေမယ့် နို့စစ်စစ်နဲ့ပြုလုပ်ပြီးရောင်းချတဲ့ ဒီအကောင်လေးတွေနဲ့ ..

-   နို့ခဲကြော် /Hotpotလို ပုံစံလုပ်ထားတဲ့ ခပ်မိုက်မိုက် SweetHotpot အိုးတွေကလည်း ဝိုငိးတိုင်းလိုလိုက မှာတာတွေ့ရတယ် ...


###   Menuအားလုံးရဲ့ အရသာတွေမှာ နို့အရသာခံစားရပြီးတချို့ဟာတွေက အချိုနည်းပေမယ့် တချို့အမယ်တွေကတော်တော်လေး အချိုကဲတာ တွေ့ရပါတယ်...


###   ကိုယ့်အမြင်ဆို ရင် ..

_   ပုံရိုက်လို့ကောင်းတဲ့ (ဆဲလ်ဖီသမားများအတွက်) ဆိုင်ခန်းလှလှလေးရယ်...

_   Wifi Freeရယ် ..

_   ခုံတိုင်းမှာထားပေးထားတဲ့ အားသွင်းပေါက်တွေကြောင့် ..

မျက်စိထဲ ချစ်စရာကောင်းနေပါတယ်...


အော်..မေ့လို့.

- Bubble Tea အစုံ / Cakeတွေလည်း ရသေးတယ်နော်...


ဆိုင်နေရာက => လှည်းတန်းလမ်းမပေါ်, Hledan Center နှင့် စိန်ဂေဟာကြား, J'Donutဆိုင်ဘေးမှာ
ပါ...


ဆိုင်နာမည်က " 5°C Fresh "
---------------------------------------
မနက် 9:00 ကနေ ည9:00အထိ ဆိုင်ဖွင့်ပါတယ်တဲ့..

09-78882109
Credit#Food Specialist


Read 158 times.