Up to 20% OFF

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အချဉ်တည်နည်းများ

November 2, 2019

ဝမ်း ၊ လေမှန်ရန်အတွက် သဘာဝနည်း အချဉ်တည် ထားခြင်း
-------------------------------------------------------------
ယနေ့ကာလမှာ အစားအသောက်များမှာ အထားခံဆေးဝါးတွေ ၊ အရောင်တွေ ၊ ဓါတုအရသာတွေ ထဲ့သွင်းလာတော့ လူခန္ဓာကိုယ်မှာ အထူးသဖြင့် အူမကြိးမှာ သဘာဝအတိုင်းရှိရမည့် Normal bacterial flora တွေက ဘက်တီးရီးယား ပိုး ( မိတ်ဆွေ ၊ ပိုးအကောင်းတွေ ) ကို သေစေပါတယ် ။


ထို ဘက်တီးရီးယားများ သေကုန်လျင် အခြား အကျိုးဆိုးစေတဲ့ ဘက်တီးရီးယားများ..မှီုများက အစားနေရာဝင်ယူလာပါတယ် ။ Narmal bacteria flora များမရှိတော့လျင် ဇီဝကမ္မဖြစ်စဉ် အပြောင်းအလဲ ပြောင်းသွားကာ ဝမ်းချုပ်ခြင်း ၊ ဝမ်းမာခြင်း ၊ လေလည်လျင် အနှံ့အသက် ပုပ်ပြီးဆိုးဝါးခြင်း ၊ လူ၏ချွေးနှံ့များဆိုးဖြင်းများကို ဖြစ်စေရုံမက ..အနောက်နိင်ငံကြီးတွေမှာ အစားအစာနဲ့မတဲ့သော အန္တရာယ်ကြီးမားသော Food allergies များဖြစ်လာပါတယ် ။

ယခု အော်စတေးလျနိုင်ငံ ၊ နယူးဆောက်ဝေးတက္ကသိုလ်ကြီးက သုသေသနဌနာက ထိုအစားမတဲ့သော ကလေးအချို့ကို ထိုဘက်တီးရီးယားများ ပြန်ကျွေးကာ သူတို့မတဲေ့သာ အစာများကို တစတစ နည်းနည်းခြင်း ပြန်မိတ်ဆက်ပေးလာနိုင်ပြီး ထိုကလေးများ အစားမတဲ့သောအခြေအနေကို ပြန်လည် ကုစားနိုင်ခဲ့ပါပြီ ။


တက္ကသိုလ်ကြီး ကတော့ အချဉ်ရည်နင့်ကုသတာမဟုတ်ပါ ။ အနောက်တိုင်းသားတွေက လက်လုပ်ချဉ်ကို သတိထားကြ ၊ ရှောင်တတ်ကြပါသည် ။ သို့သော် ထိုလက်လုပ်ချဉ်၏ပိုးလေးများ( lacto bacillus ) မွေးထားသည့် ဆေးတောင်ေ့လးများနင့် ဒိန်ချဉ်နင့်ရောကျွေးခဲ့ပါသည် ။ ပိုးကတော့ ဆေးတောင့်ထဲမှာ သန်းချီပါနေပါသည် ။ Pro-biotic capsules..ရန်ကုန်မှာ ရနေပါသည် ။ သို့သော်ရေခဲသေတ္တာထဲ မပြတ်သိမ်းထားရမည့်ဆေးပါ ။


ယခုကျနော်ကတော့ ဒီလို ယနေ့ခေတ်ကာလ အစားအသောက်များကြောင့် လူတွေမှာ ဝမ်းချုပ် ၊ လေလည်အနှံ့ပုပ်နေတာကို တဦးထည်း တိုက်နေခဲ့ရပါသည် ။ လူတွေဝမ်းချုပ်လျင် ဆရာဝန်တွေက ဝမ်းနုတ်ဆေးပေးတတ်ကြပါသည် ။ ထိုဝမ်းနုတ်ဆေးကိုယ်တိုင်က ဓါတုဗေဓ ဖြစ်နေတော့ ဂျာအေးသူ့အမေရိုက် ဖြစ်ပြန်ပါသည် ။


ကျနော်က နေ့စဉ်နီးပါး...ထိုလက်လုပ်အချဉ်များကို စားသည့်အခါ စား..မစားလျင် အချဉ်ရည်ကိုသောက်ပါသည် ။ အထူးသဖြင့် အပြင်စာစားရပြီဆိုသည်နင့် မစားခင်ကြိုသောက်ထား၏ ။ သို့မဟုတ် အိမ်ပြန်ရောက်သည်နင့် တဝ သောက်ထား၏ ။ သို့မဟုတ်က နောက်တနေ့ဝမ်းမာ..ဝမ်းချုပ်တော့၏ ။ natural lacto bacillus များများများပြန်ထဲ့ပေးပါတော့သည် ။

အထူးသဖြင့်အသက်အရွယ်ရလာလျင် ဝမ်းမချုပ်ရန်အထူးအရေးကြိးလာပါသည် ။

မိတ်ဆွေတဦး၏သား ( ငယ်သူငယ်ချင်းမိသားစု ) နင့် ဦးလေးလို ရင်းနှီးသော မိတ်ဆွေ၏သား..အော်ဇိရောက်မှ တဆင့်သိရသည်လူတဦး..၃ ဦးစလုံးက Chef စားဖိုမှုးတွေ ။ သုံးဦးစလုံးက Ham & bacon တွေကိုအလွန်ကြိုက်တတ်ကြသည် ။ ၃ ဦးစလုံး ဝမ်းချုပ်ကြသည် ။ ၃ - ဥိးစလုံး အသက် ၃၀ ကျော်မှာ အူမကြိးကင်ဆာ နင့် ကွယ်လွန်သွားကြရပါသည် ။


ပထမ တယောက်ဖြစ်တုံးက..၁၉၉၃ ..သူကမိဘကို ပြန်ပြောတတ် ၊ မိဘကိုပင် နှီမ်ပြောတတ်တော့ မိဘကံထိုက်သည်ထင်ခဲ့မိ၏ ။ တဆင့်သိမိတ်ဆွေဖြစ်တော့ သတိထားမိလာသည် ။ ငယ်သူငယ်ချင်း၏သား ( သူငယ်စဉ်က ကျနော်ကုပေးနေရသူနင့် အိမ်လာကစားနေကြ ၊ သား ဘာဘူ၏ငယ်သူငယ်ချင်းလေး ) ဖြစ်တော့ ကျနော် ခိုင်ခိုင်မာမာ ကောက်ချက်ချလိုက်ပါသည် ။တာရှည်အထားခံ ဆေးဝါးတွေကြောင့် မိတ်ဆွေဘက်တီးရီးယားတွေ သေတော့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားအဆိုးတွေကြောင့်ဝမ်းချုပ်တယ် ။ အူမကြိးဆိုတာ နလုံး ၊ အဆုတ် ၊ တို့လို ၂၄ -နာရီ မနားဘဲ အစဉ်လှုပ်ရှားနေရတဲ့ အင်္ဂါတွေ ။ ဝမ်းမာတော့..ဝမ်းမှာပါလာသည့် အမာအစွန်းအစလေးတွေက အူမကြိး၏နံရံကို အနာဖြစ်စေမည် ။


နောက်ရက်တွေလဲ ထိုအနာက ဝမ်းအမာတွေနင့် အစဉ်အဆက်မပြတ် ထိတိုက် ပွတ်ရှ နေရတော့ အနာက ထိတိုက်တိုင်း ပွန်းပဲ့ အနာမကျက်နိုင်တော့ ။ ၊ ကြာလာတော့ ကင်ဆင် ဖြစ်သွားတာပါဘဲ ။ အူမကြိးမှာကင်ဆာ ရှိ- မရှိ ဆရာဝန်တွေက ဝမ်းမှာ အနာဟောင်းက ကျတဲ့ သွေးဆဲလ်အဟောင်းတွေကို ( Occult blood cells ) ရှာဖွေကြည့်ပြီး ဆုံးဖြတ်ရတာပါ ။


ယနေ့ခေတ်ဆေးသုသေသနတွေ တက္ကသိုလ်ကြီးတွေကတော့..ထို ham & bacon တွေမှာပါတဲ့ အဆီ ၊ ဓါတုဓါတ်ပြောင်းမှုက ဘယ်လို ဘာညာ..ယူဆချက် သီအိုရီအမျိုးမျိုးထုတ်နေကြဆည်း ။ ကျနော်ကတော့ ဝမ်းမာတော့ အူနံရံပွန်းရှတယ် ။ အနာမကျက်နိုင်တာ နစ်ကြာလာတေ့ ကင်ဆာ..ဝမ်းမာလျင် လိပ်ခေါင်း ၊ ဗရင်ဂျီနာ ( F.I.A. fistula in ano ) စတာတွေ နောက်ဆက်တွဲလာတတ်ပါတယ် ။


အခု အချဉ်ဖတ်မှာပါတဲ့ lactic bacilla မိတ်ဆွေဘက်တီးရီးယားလေးတွေက ဝမ်းမှန်စေရုံမက အစားမတဲ့တာကိုပါ ပြန်လည်တည့်မတ်ပေးလာနိုင်ပြီဆိုတာကို မျှဝေလိုက်ပါတယ် ။


ချဉ်ဖတ်ကို...ယနေ့ခေတ် လျှပ်စစ်ထမင်းပေါင်းအိုးကို ပုံမှန်အတိုင်းချက်ပါတယ် ။ ရေပွက်ဆူချိန်မှာ ခနစောင့်ကြည့်ပြီး...ရေတွေခန်းခါနီး..ထမင်းမျက်နာပြင်မှာ အမြုတ်ထွက်ပေါက်လေးတွေ ခန်းခြောက်စမှာ...အသင့်တည်ထားသော ရေနွေးပွက်ပွက်ဆူနင့် ထပ်ရောပြီး...တချက်ပြန်ဆူပွက်လာချိန်မှာ ထမင်းရည်ငှဲ့ယူလိုက်ပါသည် ။ထမင်းရည်ကိုအအေးခံပြီး....မုန့်လာဥဖြူ ၊ ဥနီတို့ကို ပါးပါးလှီးပြီး ပုလင်းသန့်သန့်ထဲထဲ့ ။ ဆားအနည်းငယ်ခတ် ထမင်းရည်လောင်းထဲ့ပါသည် ။


ထိုပုလင်းကို အပူချိန် ၂၀ မှ ၃၀ ကြားနေရာမှာထားလျင် ၃- ၅ ရက်အရ ထမင်းအရည်ချဉ်လာပါမည် ။ ကိုယ်လိုချင်သော အခှသ်အနေအထားရလျင် ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါသည် ။ ရ-မှ ၁၀ ရက်အထိ ထားနိုင်ပါသည် ။( မှတ်ချက် ) ထိုအချဉ်က ၂ - ရက်ထက်စောချဉ်လာလျှင်တော့ မစားသင့်ပါ ။ အပူချိန်များသည့်အတွက် အခြား အန္တရာယ်ရှိသော ပိုးများ ဝင်လာသည့်အတွက် ဝမ်းပျက် ဝမ်းလျောတတ်ပါသည် ။ ဒါကိုတော့ အထူး သတိထားပါရန် ။ထိုထဲမှ အရည်ကိုငှဲ့ပြီး ပျားရည်နင့် ရောထားလျင် ချိုချဉ်အရသာလေး အလွန်သောက်ကောင်းပါသည် ။ ပျားရည်နင့် ၂ - ၄ ရက်ထားလျင်ပိုကောင်း၏ ။

ကလေးနင့် လူကြိးများ..လူလတ်ပိုင်းများဝမ်းချုပ်လျင် ဒါကို သဘာဝ ဖြစ်တတ်တာ ၊ အရေးမကြိး မယူဆကြပါနင့် ။ အနောက်တိုင်းအစာအစာတွေလည်းရှောင်ကြပါ ။ စားမိလျင်လည်း သတိထားကြည့်ပါ ၊ ဝမ်းချုပ်လာသလား ။ ခေတ်မှီတယ် အထင်နင့် လူအထင်ကြီးခံချင်လို့စားချင်လျင်တော့ မပြောလိုပါ ။


မြန်မာပြည်က ဇီးပေါင်းတွေစားပြီး လေလည်လျင် အနှံ့ဆိုးတာလဲ သတိထားကြပါရန် ။

သို့ပေမယ့် ကလေးတွေကိုတော့ မကျွေးကြပါနင့် ။ နောက်ဆုံး နာမည်ကျော် ကလေးနို့မှုန့်ဗူးတွေတိုက်တဲ့ကလေးတွေ ဝမ်းချုပ်လို့ မျက်နှာပြူးပြဲဝမ်းညစ်နေကြရရှာတာဟာ..ပုံမှန်မဟုတ်ဘူး ဆိုတာလောက်တော့ လက်ခံပေးကြပါ ။


ဝမ်းချုပ်လျင် ဝမ်းနုတ်ဆေးစားခြင်းနင့် ယခုလို အချဉ်ရည်စားခြင်း သောက်ခြင်း..ဘယ်နည်းက မိမိအတွက်ပို ကောင်း လက်တွေ့စမ်းကြည့်ကြပါရန် ။

Source - Internet

The Restaurants Guide


Read 457 times.