တရုတ်တွေ မကောင်းဘူးလို့ ဘယ်သူပြောလဲ ...
တရုတ်ထဲမှာ အကောင်းဆုံးကို ပြပါဆိုရင် တရုတ်စာကားပွင့်ကို ညွှန်းပြရမှာပါ ။ဆေးဖက်ဝင်တဲ့ တရုတ်စကားပွင့်အကြောင်းလေးကို ဖတ်ကြည့်ပါနော်...........
တရုတ်စကားပွင့်သုပ် နှင့် ဆေးဖက်ဝင် အာနိသင်များ
===================================
အပွင့်ကိုပြုတ်ပြီး၊ ကတ်ကြေးနဲ့ ခပ်ပါးပါးလှီး၊ ကြက်သွန်ဖြူဆီကျက်၊ မြေပဲဆန်ထောင်း(သို့)ပဲမှုန့်၊ ဟင်းခပ်မှုန့်(သို့)ပုဇွန်ခြောက်မှုန့်၊ ဆား(သို့)ငံပြာရည်၊ ကြက်သွန်စိမ်းခပ်ပါးပါးလှီးထည့်၊ ကြက်သွန်နီကြော်လေးနဲ့ သံပုရာသီးလေးညစ်ထည့် ငရုပ်သီးစိမ်းလေး၊ နှမ်းလှော်လေးထည့်ပြီး သုပ်စားကြည့်ပါ။
ပါးစပ်ထဲမှာ ခပ်ထွေးထွေးလေးနဲ့ မဖန်လွန်း မခါးလွန်း ခပ်စိမ့်စိမ့်အရသာလေးနဲ့ တစ်မျိုးခံတွင်းတွေ့စေမှာပါ။ တစ်ချို့က ဘဲဥပြုတ်လေးထည့်တော့ ပိုဆိမ့်တဲ့ အရသာကိုရတာပေါ့။
အပင်
===
အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ပေ ၂၀ ထိ မြင့်သည်။ အကိုင်း များတွင် နို့နှစ် ရောင် အစေး ထွက်သည့် အခေါက် ရှိသည်။အကိုင်း များ အောက် ခြေ မှ စ၍ ဖြာထွက်သည်။ အခေါက် မွဲပြာ ရောင် ရှိ၍ ချောမွတ် သော်လည်း အပွေး ရှိ၏ ။
အရွက်
=====
အရွက် များ အကိုင်း ထိပ် တွင် စု၍ ပတ်လည် ထွက် သည်။ အလျား ၁ ပေ ခန့် ထိရှည် သည်။ ရွက်ပြား ချောသည်။ ရွက်ရင်း သိမ်၍ ရွက်ထိပ် တွင် ချွန်သည်။ ရွက်နား ညီသည်။ ရွက်ညှာ ရှည်၍ အလယ်တွင် မြောင်း တိမ် သို့မဟုတ် အစင်းကြောင်း ပါသည်။
အပွင့်
====
အချင်း ၂ လက်မ ခန့် ရှိသည် ။ပွင့်ဖတ် ၅ ခု ပါရှိ သည်။ အနံ့ မွှေးကြိုင် သည် ။အလယ် တွင် အဝါနု ရောင် ၊ အစိမ်းရောင် ၊ ပန်းရောင် ၊ အမွေးနု ကလေးများ ရှိသည် ။ အပြင် ဘက်တွင် ပန်းရောင် သမ်းနေ တတ်သည်။ ကဆုန်လ၊ နယုန်လ များတွင် ပွင့်သည်။
အသီး
====
ဦးချို သဏ္ဍာန် ရှိသော အသီး တောင့် ဖြစ်သည်။ နှစ်ခုတွဲ သီးသည်။ အလျား ၈ လက်မ ခန့် ရှိသည်။ တွဲလောင်း ကျနေသော အညှာတွင် အတွဲ လိုက်သီး သည် ။ အစေ့ကို တွေ့ရ ခဲသည်။ ဝါခေါင် ၊ တော်သလင်း တွင် သီးသည်။
အသုံးဝင်ပုံ
=======
အစေး ၊ အပွင့် ၊ အရွက်။
အာနိသင်
=======
မြန်မာ ဆေးကျမ်း များ အလို အရ တရုတ် စံကား သည် စပ်၊ ခါး ၊ ဖန်သော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏ ။ ဆီး ၊ ဝမ်း ကို ရွှင် စေသည်။ သလိပ် လေကို ကြေစေသည်။ နူနာ ၊ အနာပေါက် ၊ ဝမ်းဗိုက် ရောဂါ တို့ကို ပျောက်ကင်း စေနိုင်သည်။
အစေးအသုံးပြုပုံ
===========
၁ ။ တရုတ် စံကား ပင်၏ အခေါက် နှင့် အကိုင်း မှ ထွက်သော နို့နှစ် ရောင် အစေးကို ဝမ်းနုတ် ဆေး အဖြစ် သုံးသည်။
၂။ တရုတ် စံကား ပင်မှ ထွက်သော နို့နှစ် ရောင် အစေး သည် ဝမ်းဗိုက် ရောင် ရောဂါ ၊ ဝမ်းဗိုက် ထိုးအောင့် ရောဂါ ကို ပျောက်ကင်း စေ၏
အပွင့် အရွက်အသုံးပြုပုံ
================
၁ ။ တရုတ် စံကား ရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်း ရည်နှင့် ပြုတ်၍ သနပ် လက်သုပ် လုပ်စား ခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ် လေကို ကြေစေသည်။
Source-Internet
The Restaurants Guide