Up to 20% OFF

သင့်တဘဝလုံးအတွက် အကျိုးရှိစေမယ့် အစားအစာ

November 1, 2019

ပျားရည်၏ ကောင်းကျိုးများ
==================
ပျားရည်မှာကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအချက်အလက်တွေ မြောက်များစွာ ရှိနေတယ်ဆိုတာကိုကျွန်တော် တို့ လေ့လာကြည့်ရအောင် ။ သူ့ရဲ့ကောင်းကျိုးတွေနဲ့ သင့်ရဲ့ လူနေမှု ဘဝကျန်းမာရေး မှာလွန်စွာ အသုံးဝင် ပါတယ်တဲ့ ။


ပျားရည်ရဲ့ ချိုမြတဲ့ အရသာဟာ သင့်ရဲ့ အရသာ အာရုံခံ အဖုလေးတွေကိုလှုံ့ဆော်ပေး ရုံသာ မကပဲ အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ် ။ ဒါ့အပြင် အစားအစာများ ချက်ပြုတ်ရာမှာလည်း မွှေးပျံ့ သင်း ကြိုင်နေအောင် အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုး ကို ပြုလုပ်စားသုံးနိုင်ပါသေးတယ် ။


ကယ်လို ရီ မြောက်များ စွာပါဝင်ပြီး လည်ချောင်းယားယံပြီး မသက်မသာ ဖြစ်တာတွေကိုလည်း ဖုံးအုပ်ကာ ကွယ်ပေး ထားနိုင်ပါတယ် ။ ယခုဆိုရင်စမ်းသပ်လေ့လာသူတွေဟာ ပျားရည်ရဲ့ ဆေးပညာဆိုင်ရာ ကောင်းကျိုး (medical benefits ) တွေကို ရှုထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်အဖြေထုတ်နေကြပြီဖြစ်ပါတယ် ။

ပျားရည်ဟာ သင့်ရဲ့ အာခံတွင်းထဲမှာ စိတ်ကျေနပ်မှု ဖြစ်စေယုံသာမကပဲ ပိုးသန့်စင်စေခြင်း ( Antiseptic) ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေခြင်းစတာတွေကို လုပ်ဆောင်ပေး ပါတယ် ။ အမျိုးသမီးတွေမှာဆိုရင်လည်း အရေပြားနဲ့ အသားအရည်ကို ဝင်းပစိုပြည်စေပြီး ခြုံငုံပြီးကြည့် မယ်ဆို ရင် အနာကျက်မြန်ခြင်း ။မျက်ခမ်းစပ်ရောဂါကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ ဦးခေါင်း ကနေ ခြေထောက် အထိ ကျောင်းကျိုးများစွာကို ပေးစေပါတယ် ။


ပျားရည်ရဲ့ အနာကျက်မြန် တဲ့ ကောင်းကျိုး ကို ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ပြတ်ရှနာများမှာ းပိုအသုံးဝင်ပါတယ် ။ သာမန်ဖျား နာမှုနဲ့ ရောဂါတွေမှာလည်း ကုသမှု အဖြစ်အသုံးပြုနိုင်ပြီး မျိုးဆက်တစ်ခုမှနေ၍ နောက်တစ်ခုကို ကျန်း မာရေးကောင်း ကျိုးတွေကို ဆင့်ကဲပေးစေပါတယ် ။ UMF Manuka Honey လို့ခေါ်တဲ့ပျားရည်ဟာဆိုရင် ယနေ့ပျား ရည်ရဲ့ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ အရသာအရှိဆုံး ပျားရည်ဆေးအဖြစ် ထည့်သွင်းပြော ဆိုနေကြပြီဖြစ်ပါတယ် ။


ဒီပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ်ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ် ။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ဝမ်းသွားခြင်း ၊ အစာမကြေခြင်း ၊ အစာအိမ်အနာများနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ် ။

ပျားရည်ကို အစားအစာတွေမှာ အသုံးပြုခြင်းနဲ့ ကောင်းကျိုးတွေကတော့ ပျားရည်ကို ရရှိတဲပင် ရင်း နဲ့ နေရာဒေသအပေါ် မူတည်ပါတယ် ။ ပျားတွေကနေရရှိတဲ့ပျားရည်ကို အသုံးပြုပြီးတော့ propolis , royal jelly , beewax ( ပျားဖယောင်း ) စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပြီး အသက်ရှုမဝခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အဆင်အမြစ်နာခြင်း ၊ ဝက်ခြံနဲ့ မှိုပိုးဝင်ခြင်းစတာတွေမှာပါ အသုံးပြုတာကြောင့် ပျားရည်ကို ရိုးရာဆေး ( Traditional medicine) အဖြစ်နေရာအတော်များများမှာ အသုံးပြုနေကြပါပြီ ။ ဆက်လက်ပြီး ကျန်း မာရေး ဆိုင်ရာကောင်းကျိုးတွေကို အသေးစိတ်လေ့လာကြည့်ရအောင် ။


၁ ။ Natures's Energy Booster
======================
အရသာ ကောင်းလွန်းတယ်ဆိုတဲ့ အပြင်ပျားရည်ရဲ့ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ် ။ သဘာ၀ ကစီဓါတ်ပင်ရင်း ( Natural source of carbohydrate) ဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို ပေးစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အကူပစ္စည်း (Booster) အဖြစ်အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။


သဘာဝသကြားအချိုအရသာဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းောကာင့် ဖြစ်ပေါ်လာတဲ့ မောပန်းခြင်းတွေကိုကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။ အဲဒီအချိန်မှာ fructose ကိုတော့ ဖြေးညှင်းစွာ စုပ်ယူပြ့ီး energy ကို ပုံမှန်ပဲပေးစေ ပါတယ် ။


သွေးတွင်း သကြားဓါတ်ကိုလည်း တခြားသကြားဓါတ် များနှင့်ယှဉ်လျှင်ထိမ်း ညှိပေးနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုသိစေဖို့အတွက်

- သင်အလုပ်သွားခါနီးတိုင်းပျားရည်တစ်ဇွန်းခန့် သောက်သုံးသွားနိုင်ပါတယ် ။

- မနက်ပိုင်းတွေမှာ မကြည်မလင်နိုးထတတ်ပြီး စွမ်းအားမပြည့်သလိုခံစားနေရရင် ပျားရည် ကို သောက် သုံး ကြည့်နိုင်ပါတယ် ။

- သင့်ကလေးငယ်တွေဟာ ပင်ပင်ပန်းပန်းဆော့ကစားပြီး ကျောင်းသွားဖို့ ငြင်းဆန်နေပါသလား ။ ပျားရည်နဲ့ sandwiches ကိုပြင်ဆင်ပေးလိုက်ပါ ။ ဒါဆို တစ်နေ့လုံး စွမ်းအားပြည့်ပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ် ။


၂ ။ Immunity System Builder
======================
ပျားရည်ရဲ့ကောင်းကျိုးအများကြီးထဲကမှ အဖိုးတန်တဲ့အရာတစ်ခုကတော့ immune system booster အဖြစ်ဆောင်ရွက်ပေးခြင်းပါပဲ ။ ပျားရည်ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့ အစွမ်းက အစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး သင့်ကို ကျန်းမာပျော် ရွင်စေနိုင် ပါတယ် ။


ပြင်ပပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ် ။ ဒါကြောင့် မနက်စာမစားခင်လေးမှာ ပျားရည် တစ်ဇွန်းနဲ့ lemon တစ်ဇွန်းလောက်နဲ့ ရောပြီး ရေနွေးနွေးနဲ့ ဖျော်စပ်သောက်သုံးခြင်းအားဖြင့် ပျားရည် ရဲ့ကောင်းကျိုးတွေကို သိနိုင်ပါတယ် ။

၃ ။ Honey is Anti-Cancer !!
====================
ပျားရည်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်သလား ဆိုတာ မသေချာပေမယ့် လူအများစုကတော့ ပျားရည်ရဲ့ ကင်ဆာ ကာကွယ်ခြင်း ( Carcinogen preventing) နဲ့ ကင်ဆာကာကွယ်ခြင်းဂုဏ်သတ္တိ ( Anti-tumour properties) တွေကို စူးစမ်းလေ့လာနေကြဆဲဖြစ်ပါတယ် ။

၄ ။ အိမ်တွင်းအသုံးဝင်မှုများ
==================

- မီးလောင်နာနှင့် ပြတ်ရှနာများ

ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ပျားရည်ကို အိမ်တွင်းသုံးဆေး ဝါးတစ်လက်အဖြစ် များစွာ သော ရော ဂါတွေနဲ့ yeast ပိုးဝင်ခြင်းတွေမှာ သုံးလာခဲ့ကြပါတယ် ။ အဆစ်အမြစ်နာခြင်း မှာလည်းအသုံး ဝင်ပြီး သူ့ရဲ့ ပိုးသတ်နိုင်တဲ့စွမ်းရည်ကြောင့် အချို့သော ဘတ်တီးရီးယားတွေရဲ့ကြီးထွားနိုင်မှု ကို တားဆီးပေးပြီး အနာသန့် ရှင်းစေခြင်းနဲ့ ပိုးမဝင်ခြင်းကို ဖြစ်စေပါတယ် ။


အရေးပေါ် သဘာ၀ ဆေးစွမ်းတစ်လက်အနေနဲ့လည်း ပြည်တည်နာများ ၊ အပူလောင်ခြင်း ၊ ဓါးရှခြင်း ကို လည်းသက်သာစေပါတယ် ။ပျားရည်ဟာ လေထဲက စွတ်စိုထိုင်း မှိုင်းမှုကို စုပ်ယူနိုင်စွမ်းရှိပြီး အနာကျက်ခြင်းကို အားပေးပါတယ် ။ ရောင်ရမ်း နာကျင်မှုများ ကိုလည်း လျော့နည်းစေပြီး အမာရွတ်တည်ခြင်းကို နည်းစေပါတယ် ။ Anitbacterial property များစွာပါဝင်တဲ့ UMF Manuka ကို wound dressing အတွက် အသုံးများကြပါ့တယ် ။


-အရက်သောက်သူများအတွက်

သင်ဟာ တခါတရံမှာ အများကြီး သောက်မိတယ်ဆိုရင် ပျားရည်ကို သုံးစွဲကြည့်ပါ ။ ပျားရည်ဟာ အစာအိမ်ကို သိမ်မွေ့စေပြီး fructose ပါဝင်တဲ့အတွက် အသည်းကနေ အရက်ကို oxidation ဖြစ်စေတဲ့အရှိန်ကို မြင့်တက်စေပါတယ် ။ ဒါကို sobering agent လို့လည်းခေါ်ပါတယ် ။

လိမ္မော်ရည် 80ml မှာ ပျားရည် 15ml နှင့် ဒိန်ချဉ် 70ml ရောစပ် မွှေနှောက်ကာ အရက်နာကျခြင်းကို ဖြေပေးနိုင်ပါတယ် ။

-ချောင်းဆိုး အာသီးရောင်ခြင်း

အာသီးရောင်ချောင်းဆိုးခြင်းကိုလည်း ပျားရည်က နိုင်စေပါတယ် ။ Professional singer တွေဟာ sore throats ကိုကာ ကွယ်ပေးနိုင်ဖို့အတွက် သီချင်းမဆိုခင်မှာ ပျားရည်ကို သောက်သုံးလေ့ရှိကြပါတယ် ။

တရုတ်တွေ ကတော့ အပူများရင်အာသီးရောင်တယ်လို့ ယုံကြည်ကြပြီး ပျားရည်ကို သောက်သုံးကြပါတယ် ။ ပျားရည်နှစ် ဇွန်းခန့်နဲ့ lemon လေးဇွန်း ကိုရောစပ် ဆားအနည်းငယ်ထည့်ပြီး အာသီးရောင်နေ စဉ်အ တွင်း သောက် သုံးကြည့်ပါ ။


- အိပ်မပျော်ခြင်း

သင်အိပ်မပျော်ဘူးလား ။ နို့နဲ့ပျားရည်ကို သောက်သုံးကြည့်ပါ ။ နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရော စပ်ပြီး အအေးခံသောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် ။

Source - Internet

The Restaurants Guide


Read 250 times.