Up to 20% OFF

တစ်နေ့ တစ်လုံး စားရုံနဲ့ ကင်ဆာ ကော နှလုံးရောဂါ ကိုပါ ကင်းဝေးစေသည်

October 30, 2019

"သလဲသီး"
~~~~~~~~
သလဲသီးကို စားဖူးတဲ့ သူတွေ ရှိပါလိမ့်မယ်။ ချိုစိမ့်ပြီး ဆက်တောက်ဆက်တောက် ဝါးရတာလေးက အရသာတစ်မျိုးလေး ဖြစ်စေပါတယ်။ ပုံစံက အပြင်မှာ အနီရောင်တောက်တောက်ဖြစ်ပြီး ပန်းသီးနဲ့ နည်းနည်း ဆင်တူပါတယ်။


ဒါပေမဲ့အတွင်းထဲမှာတော့ သလဲသီးအစေ့လေးတွေဟာ အကန့်အကန့်နဲ့ စနစ်တကျဖွဲ့စည်းထားပြီး အလွန်လှပပါတယ်။ တစ်ချို့က တလဲသီးလို့လည်း ခေါ်ကြပြီး အစေ့ပုံစံက အဝါ၊ အနီ နှစ်မျိုးရှိတတ်ပါတယ်။ သလဲသီးကို စားပေးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူး (၉)မျိုးကို ရရှိမှာဖြစ်ပါတယ်။


၁။" နှလုံးရောဂါကို ကာကွယ်ပေးတယ်"
သလဲသီးဟာ Polyphenol နဲ့ Anti-Atherogenic ဓာတ်တွေ များပြားစွာ ပါဝင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်သလို နှလုံးသွေးကြောကျဉ်းခြင်းကိုလည်း မဖြစ်စေပါဘူး။


၂။" သွေးဖိအားကို လျှော့ချပေးတယ်"
သလဲသီးကို နေ့စဉ်စားသုံးပေးရင် သွေးဖိအားမမှန်ကန်ခြင်း၊ သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်ခြင်း စတာတွေကိုလျော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် သလဲသီးမှာ ဗီတာမင် C ဓာတ် ပါဝင်တာကြောင့် သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေကို နိုင်နင်းပါတယ်။


၃။ "အဆစ်ရောင်ရောဂါကို ပျောက်ကင်းစေတယ်"
အလုပ်အရမ်းပင်ပန်းလို့ အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်း၊ ရေရှည် ညောင်းညာကိုက်ခဲ့ ရောဂါတွေအတွက် သလဲသီးကို ယုံကြည်စွာ စားသုံးပေးတာနဲ့ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ သလဲသီးမှာ အဆစ်မြစ်ရောင်ရမ်းကိုက်ခဲခြင်းကိုသက်သာစေနိုင်တဲ့ Antioxidant တွေ များစွာ ပါဝင်ပါတယ်။


၄။" သွေးအားနည်းရောဂါကို ကုသပေးနိုင်တယ်"
ဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးအားနည်း ရောဂါသမားတွေအတွက် သင့်တော်တဲ့ သစ်သီးဖြစ်ပါတယ်။


၅။ "ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်"
သလဲသီးမှာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ များပြားစွာ ပါဝင်ပါတယ်။ သလဲသီးကနေ ကာကွယ်နိုင်တဲ့ ကင်ဆာရောဂါတွေကတော့ ဆီးကြိတ်ကင်ဆာ၊ ရင်သာကင်ဆာ၊ အဆုပ်ကင်ဆာ၊ အရေအပြားကင်ဆာတို့ပဲ ဖြစ်ပါတယ်။


၆။ "မှတ်ဉာဏ်ကို တိုးတက်စေနိုင်တယ်"
သလဲသီးကို နေ့စဉ်စားသုံးပေးပါက ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါနဲ့ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ အတိတ်မေ့ရောဂါတွေကိုလည်းပျောက်ကင်းစေနိုင်တဲ့ Polyphenol ဓာတ်တွေ သလဲသီးမှာ ပါဝင်ပါတယ်။


၇။ "အရေအပြားကို ချောမွတ်လှပစေတယ်"
ဆံပင်သန်စေတယ်
ဆံပင်ကျွတ်သူများအတွက်အထူးကောင်းမွန်စေတယ်
ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ သလဲသီးဟာ အရေအပြား ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးပါတယ်။ သွေးသားကို သန့်စင်စေပြီး အဖုအပိမ့်ကင်းတဲ့ အသားအရေကို ပေးစွမ်းနိုင်ပါတယ်။


၈။ "ခံတွင်းအနံဆိုးကို ပျောက်စေနိုင်တယ်"
သလဲသီးမှာ Pomegranate ဓာတ်လည်း ပါဝင်တာကြောင့် ခံတွင်းပိုင်း ရောဂါတွေဖြစ်တဲ့ သွားကိုက်၊ သွားနာ၊ သွားပဲ့၊သွားအတွင်းပိုင်းပိုးစားခြင်း-စတာတွေကိုဖယ်ရှားပေးနိုင်ပြီးခံတွင်းအနံ့ဆိုးမှုကို
လည်း ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။


၉။ "သန္ဓေသားကို ကျန်းမာစေတယ်"
ကိုယ်ဝန်ဆောင် မိခင်တွေ သလဲသီးကို စားပေးပါက ဗိုက်ထဲမှာရှိတဲ့ သန္ဓေသားကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မိခင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပြီး၊ မွေးရာပါနှလုံးရောဂါဖြစ်ခြင်းကိုလည်း ကြိုတင်ကုသပေးနိုင်စွမ်း ရှိပါတယ်။

Source - Internet

The Restaurants Guide


Read 580 times.