အညာမြေကို ပြန်မလား ရွှေညာမြေကို သွားမလား ?
အိုးခိုင်မော့‼ထမင်းအဝစား ၁၈၀၀‼
အလုံက အစားချစ်သူများအတွက် အညာလက်ရာ မြန်မာအစားအစာစစ်စစ် တွေရောင်းချပေးနေတဲ့ ရွှေညာသူမြန်မာထမင်းဆိုင်
ပုဂံမြို့ကိုရောက်သွားသလိုပဲ အညာရိုးရာအရံဟင်း အမျိူးစုံရှိသလို ဆိုင်ရှင် အန်တီကြီးရဲ့ စေတနာတွေကို ဟင်းပွဲတွေမှာ တကယ်တွေ့လိုက်ရတယ်။(တကယ်)
ဟင်းတွေကိုလည်း သန့်သန့်ရှင်းရှင်းထားပြီးတော့ လူမျိုးဘာသာမရွေးစားသုံးနိုင်အောင် ပြုလုပ်ပေးထားတာတွေ့ရတယ်။ဈေးတော်တော်လေးကိုသက်သက်သာသာရှိတယ်။(အဝစားတစ်ခါပြင် ၁၈၀၀ကျပ်‼)
၁၀၀၀၀ဖိုးအထက်မှာ ယူသူတွေ အတွက်လည်း အိမ်အရောက်လိုက်ပို့ပေးတယ်တဲ့(ရုံးသမားတွေစုမှာရင်ရှယ်ဘဲ)
လက်ရာကတော့ အညာလက်ရာစစ်စစ်ဖြစ်ပြီးတော့ မြန်မာအစားအစာချစ်သူတွေအနေနဲ့တေတ့ကူးတကတစ်ခေါက်လောက်တော့ သွားစားကြည့်စေချင်တယ်။(အရန်ဟင်းတွေနဲ့တင် တော်တော်လေးတန်)
ဒါကြောင့် အညာလက်ရာ စစ်စစ်တွေကို အရံဟင်းတကယ် အစုံနဲ့စားချင်တယ်ဆိုရင်တော့ အလုံကရွှေညာသူ ကို မင်မင်က တကယ် Recommend ပေးပါတယ်။(အခုထိ ငါးငပိချက်လေးကို သတိရ)
လိပ်စာ - အမှတ်(၅၀)၊ကွင်းကျောင်းလမ်း၊အလုံမြို့နယ်၊ရန်ကုန်မြို့
ဖုန်း - ၀၉ ၇၉၉ ၆၂၆ ၇၂၇
ဆိုင်ဖွင့်ချိန် - မနက် ၆ နာရီ မှ ည ၁၀ နာရီ အထိ
Facebook - https://www.facebook.com/Shwe-Nyar-Thu-ရွှေညာသူထမင်းဆိုင်
Source- Internet
The Restaurants Guide