ကျန်းမာရေးနှင့် အခွံမာအသီး
ဒီနေ့ကျန်းမာရေးနှင့် အခွံမာအသီး"Nuts" တွေအကြောင်းပြောရအောင်...
အခွံမာသီးဆိုတော့ သစ်ကြားသီးပါမယ်၊ သီဟိုဠ်စေ့၊ဗာဒံစေ့၊သစ်အယ်သီးများပါတယ်ပေါ့။ဒီအခွံမာသီးတွေကကျန်းမာရေးအတွက်အလွန်ကောင်းတယ်ဆိုတာ လူတွေတော်တော်များများသိကြပြီးသားဖြစ်မှာပါ။ ကျမဒီမှာ အခွံမာသီးသည် ခန္တကိုယ်အတွက်ဘာလို့အကျိုးပြုစေတာလဲကို အချက်7ချက်ဖြင့်တင်ပြသွားမှာဖြစ်ပါတယ် ။
၁။ အခွံမာသီးများမှာခန္တကိုယ်အတွက်အကျိုးရှိစေသော Nutrients အများကြီးပါတယ်။ ဥပမာများမှာ အသားဓာတ် protein ၊ ကောင်းသောအဆီ Fat၊ Fiber ၊ Vitamin E၊ Magnesium၊ Phosphorous၊ Copper ၊ Selenium၊ Omegas အသီးတစ်မျိုးနှင့်တစ်မျိုးမှာပါဝင် သော nutrients တွေတော့တစ်ထပ်တည်းမကျဘူးပေါ့ တချို့အသီးက nutrients ကပိုများနေတာတော့ရှိတာပေါ့။
၂။ Antioxidants ဆိုသောအရာများ အများကြီးရှိနေတယ်။Heathline ရဲ့ ဆောင်းပါးတစ်ခုမှာ "Nuts are antioxidant powerhouses" ဆိုပြီးပြောထားပါတယ်။အဲ့ဒါကဘာကိုပြောတာလဲဆိုတော့ Cells တေ ကoxidized လုပ်ခံလိုက်ရရင် လူကအိုလွယ်သည့်အပြင် ရောဂါအထွေထွေလည်းဖြစ်လာနိုင်တယ်။ ဒီ အခွံမာသီးမှာပါသော antioxidants များသည် cells တွေ oxidized ဖြစ်သွားတာကိုတားမြစ်ပေးသည့်အတွက်ကြောင့်ရောဂါကိုကာကွယ်ပေးစေသည်လေ။
၃။ အခွံမာသီးတွေက ဝိတ်လျှော့သည့်နေရာမှာကူညီပေးတယ်။ Nuts တွေက calorie များတာတော့အမှန်ပဲ ဒါပေမဲ့ လေ့လာတွေ့ရှိချက်အရ ခန္တာကိုယ်က Nuts မှာရသော calorie ကိုအကုန်မစုပ်ယူနိုင်ဘူး တပိုင်းတစဘဲစုပ်ယူနိုင်တယ်။
၄။ Nuts သည် မကောင်းသော cholestrol များဖြစ်သော LDL နှင့် Triglyceride တွေကိုလျှော့ချပေးစေသည်။ ဒါ့အပြင်ကောင်းသော cholestrol ဖြစ်သော HDL ကိုမြှင့်တင်ပေးနိုင်တယ်။
၅။ Nuts သည်Metabolic Syndrome များဖြစ်ကြသော သွေးတိုးခြင်း၊ သွေးတွင်းသကြားများခြင်း၊ ခါးတဝိုက်မှာအဆီစုခြင်း များ ကိုကာကွယ်ပေးသည် ။ ဤMetabolic syndrome သည် ဆီးချို နှင့် နှလုံးရောဂါကိုဖြစ်စေနိုင်သည်။ ဒါ့ကြောင့်လည်း ဆီးချိုနှင့် သွေးတိုးရောဂါရှိသူများသည် တစ်ရက်ကို Nuts လက်တစ်ဆုပ်စာစားပေးသင့်သည်။
၆။ Fiber များသည့်အတွက်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းကိုသန့်စင်ပေးစေသည် ။ ဒါ့အပြင် ခန္တာကိုယ်ထဲမှာ Fiber များနေရင် အစာအိမ်က calorie စုပ်ယူတဲ့အားနည်းသွားသည့်အတွက်ကြောင့် ဝိတ်လည်းလျှော့ပေးပြီးသားဖြစ်လိမ့်မယ်။
၇။ Nuts က LDL တွေကိုလျှော့ချပေးပြီး HDL ကိုမြှင့်တင်ပေးသည့်အတွက်ကြောင့်လည်း လေဖြတ်ခြင်းနှင့်နှလုံးသွေးကြောကျဉ်းခြင်းများကို ကာကွယ်ပေးလိမ့်မယ်။
တစ်ရက်ကို အခွံမာသီးလက်တစ်ဆုပ်စာစားပေးသင့်သည်ဟု Nutritionist တွေက ပြောထားပါတယ်လေ။
သူငယ်ချင်းကော ဘယ်အခွံမာသီးကိုကြိုက်တက်တာလည်းဆိုတာကို comment မှာပြောပေးပါအုံး။
Source : Good Luck Healty & Delicious