Up to 20% OFF

ဒူးရင်းသီးနဲ့ တွဲဖက်စားပါက သေစေနိုင်တဲ့အထိ ဖြစ်စေသော အစားအစာ(၆)မျိုး

October 4, 2019

ဒူးရင်းသီးနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ အရက် ၊ ဘီယာ

_ ဒူးရင်းသီးစားရင်းနဲ့ သောက်တာက သေနိုင်လောက်တဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒူးရင်းသီးမှာပါတဲ့ ဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရက်ပမာဏထိန်းချုပ်တာကို ကူညီပေးတဲ့ ဆဲလ်တွေကို ဟန့်တားပေးပါတယ်။ အဲဒါဟာ သေစေနိုင်တဲ့အထိ ဖြစ်စေပါတယ်။


၂။ နို့

_ ဒူးရင်းသီးက သွေးထဲမှာရှိတဲ့ ကဖင်းဓာတ်ကို လျော့နည်းစေပါတယ်။ ကဖင်းဓာတ်ဆိုတာ လူကိုလန်းဆန်းစေတဲ့ ဓာတ်တစ်မျိုးပါ။

_ ဒူးရင်းသီးအများကြီးစားတဲ့အခါ အိပ်ချင်တာတို့ ၊ ခေါင်းလေးနေတာတို့ ဖြစ်တတ်ပါတယ်။ အဲဒါ ကဖင်းဓာတ် လျော့သွားလို့ပါ။

_ ဒူးရင်းသီးကို နို့နဲ့တွဲစားရင် ကဖင်းဓာတ်ကို ပိုလျော့စေပြီး သွေးတိုးတာတွေဖြစ်တတ်ပါတယ်။ အခန့်မသင့်ရင် သေတဲ့အထိဖြစ်နိုင်ပါတယ်။


၃။ ကိုကာကိုလာ

_ ကဖင်းဓာတ်အများကြီးပါတဲ့ ကိုကာကိုလာ နဲ့ ဒူးရင်းသီးကို တွဲစားတဲ့အခါ ရုတ်တရတ် နှလုံးရပ်တာ ၊ အသက်ရှူ ကြပ်တာတွေ ဖြစ်စေပါတယ်။


၄။ ခရမ်းသီး

_ ခရမ်းသီးရော ဒူးရင်းသီးရောက အပူစာတွေပါ။ ဒီနှစ်ခုကို ရောစားလိုက်ရင် အပူတွေများပြီး နေမကောင်း ဖြစ်စေပါတယ်။


၅။ ဂဏန်း

_ ဂဏန်းက အအေးစာဖြစ်ပြီး ဒူးရင်းက အပူစာဆိုတော့ အဲဒီနှစ်ခုကို တွဲစားလိုက်ရင် ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်တတ်ပါတယ်။


၆။ အမဲသား

_အမဲသားက ဒူးရင်းသီးလိုပဲ အပူစာပါ။ တွဲစားရင် အပူများပြီး နေမကောင်းဖြစ်စေပါတယ်။

Source: search myanmar

 

 


Read 292 times.