Eating Tips

လှိုင်သာယာမြို့နယ် က Waini (ဝေဏီ) Mini Market နှင့် Pre_School

January 31, 2020

ဒီဆိုင်လေးက လှိုင်သာယာ ဦးပုညလမ်းမှာဖွင့်ထားတဲ့ Mini Market ဆိုင်.. မီနီမတ် ဆိုတော့ ထုံးစံအတိုင်း လူသုံးကုန်ပစ္စည်းတော်တော်များ  ရပါတယ်.. ဒီဆိုင်မှာ အဓိက လျှပ်စစ်ပစ္စည်း ကပိုစုံစွာရရှိပါတယ်.. ကလေး ပစ္စည်းတွေဆိုရင်လည်း တော်တော်များများ အစုံရပါတယ်.. 

..

လှိုင်သာယာ ဦးပုညလမ်းနှင့် မန္တလေးလမ်းနားက သူတွေဆိုရင် ဒီဆိုင်လေးက သူတို့အတွက် တော်တော် အသုံးဝင်ပါတယ်.. တကူးတက ဝေးဝေးကို သွားဝယ်စရာမလိုပဲ ဒီဆိုင်မှာတင် အဆင်ပြေမှာပါ.. အယ့်နေရာနားတစ်ဝိုက်မှာက တော်တော်များများက အိမ်ဆိုင်လေးတွေပဲ ရှိတော့ ဒီလိုဆိုင်လေး ဆိုပိုအဆင်ပြေကြတာပေါ့..

..

ဝေဏီမီနီမတ် က ဆိုင်ဖွင့်တာ ၅ နှစ်ကျော်သက်တမ်းရှိနေပြီး ဖြစ်လို့ ဒီနားတစ်ဝိုက်က သူတွေရဲ့ လိုအပ်ချက် ပစ္စည်းလေးတွေကို စုံစုံလင်လင် ရောင်းချပေးနေတဲ့ ဆိုင်ပါ..လှိုင်သာယာဆိုတဲ့ မြို့ကလည်း ကျယ်လည်းကျယ်တော့ ကားစီး၊ ဆိုင်ကယ်စီး နဲ့ ပိုပင်ပန်းတာပေါ့.. ဒီဆိုင်က လမ်းမ ပေါ်မှာဖွင့်ထားတဲ့ ဆိုင်ဖြစ်တဲ့ အတွက် နီးနီးနားနား သွားလာရအဆင်ပြေတာပေါ့..

..

 

ဒါ့အပြင် ဆိုင်အပေါ်ထပ် နှစ်လွှာမှာလည်း ကလေးထိန်း မူကြိုကျောင်းလည်းရှိသေးတယ်နော်.. ၂ နှစ်ကနေ စပြီး KG မတက်ခင်အရွယ်အထိ သူဆီမှာ ကလေး ကျောင်းထားလို့ရတာပေါ့.. မူကြိုတက်မယ့် ကလေးတွေဆိုလည်း အောက်ထပ်က မီနီမတ်က ကျောင်းသုံး ပစ္စည်းတွေ၊ ကလေးပစ္စည်းတွေအပြင် ၊ ကလေးအသုံးအဆောင်တွေလည်း ရတော့ ကွက်တိပဲပေါ့.. မေမေတို့ အတွက်ပဲဖြစ်ဖြစ်၊ သားသား/မီးမီး တွေ အတွက်ပဲဖြစ်ဖြစ် အဆင်ပြေစေမှာပါ..

..

ကဲ လှိုင်သာသာ မှာနေတဲ့ သူတွေကော၊ ဦးပုညလမ်း ၊ မန္တလေးလမ်းနား မှာ နေတဲ့ သူတွေ ဒီဆိုင်လေးနဲ့ မူကြိုလေး ရှိပါတယ်လို့ အသိပေးလိုက်တယ်နော်.. တော်တော်များများ ကတော့ သိပြီးကြပြီးတာလည်း ရှိမှာပေါ့.. ဒါပေမဲ့ မသိသေးသူတွေ အတွက် ထပ်ညွှန်းလိုက်ပါတယ်.. 

..

..

ဆိုင်နာမည် က Waini(ဝေဏီ) Mini Market
=============================
အမှတ် (၁၀၁၃)/ ဦးပုညလမ်း / ၁၆ ရပ်ကွက် / လှိုင်သာယာမြို့နယ် မှာရှိတာပါ..
မှတ်တိုင်အနေဖြင့် တံတားဖြူမှတ်တိုင်၊ ပင်လုံဈေး မှတ်တိုင်တွေနဲ့ နီးပါတယ်..
ဖုန်း : ၀၉ ၇၇၅ ၃၀၉ ၀၃၀ 

ဆိုင်ဖွင့်ချိန်က မနက် ၉ နာရီ မှ ည ၉ နာရီ အထိ ပိတ်ရက်မရှိရောင်းချပါတယ်..

..

မူကြိုကတော့ ဒီလိပ်စာ နှစ်လွှာမှာ ရှိတာပါ..
Waini (ဝေဏီ) Pre_School            ...             ဆိုတဲ့ မူကြိုပေါ့..

...

မူကြိုထားဖို့တွေးတော နေတဲ့ မေမေတွေလည်း လှိုင်သာယာ၊ ဒီနေရာနဲ့ နီးတယ်ဆိုရင် Waini (ဝေဏီ) Pre_School ရှိပါတယ်လို့ ..


Read 623 times.