Eating Tips

ဇူလိုင်လအတွင်း ၁၀၀၀ကျပ်တည်းနဲ့ ကော့တေး(၄)မျိုး ရနိုင်မယ့် The Room Lounge & Bar

July 17, 2020

ဘော်ဘော်တွေအားလုံးအတွက် ဒီဇူလိုင်လအတွင်း ကော့တေး(၄)မျိုးကို ၁၀၀၀ကျပ်တည်းနဲ့ ရောင်းပေးနေတဲ့ The Room Lounge & Bar ကို ညွှန်းပေးလိုက်ပါတယ်။

သူ့ဆိုင်မှာ ရနိုင်မယ့် ကော့တေး(၄)မျိုးကတော့ Pink Lady, Blue Margarita, Gin Tonic, Gin Sower တွေပဲ ဖြစ်ပါတယ်။ 

ဒီ Bar က ဈေးမကြီးတဲ့အပြင် အမှန်အကန်ငြိမ့်ပြီး သူငယ်ချင်းတွေနဲ့ အေးဆေး Chill ချင်တဲ့သူတွေ အတွက် တကယ်သင့်တော်ပါတယ်နော်..။

သူ့ဆိုင်ရဲ့ ထူးခြားချက်တွေက 
Luxury ဆန်တယ် ၊ လက်ရာမြောက်တဲ့ ပန်းချီကားကြီးတွေ ခံစားရမယ်။ နောက်ပြီး ရန်ကုန်မြို့ရဲ့ အကောင်းဆုံး shisha ကမ္ဘာလေးလို့တောင် တင်စားလို့ရမယ့် အကောင်းစား shisha
အမျိုးအစားအစုံ ရှိတယ်။ Smooth ဖြစ်လွန်းလို့ Try ဖူးသမျှထဲမှာ အကြိုက်ဆုံးလို့ပြောရမှာပဲ။ Flavor ဆို အမျိုး ၂၀ လောက်ရှိပြီး တစ်အိုးကို 25000/30000 ပဲ ရယ်..

Decoration ဆိုလည်း အငြိမ်လေးတွေသွားထားတာ အရမ်းမိုက်တယ် ၊ အစားအသောက်ကောင်းတယ် ၊ သောက်စရာစုံတယ်
Drink အပိုင်းမှာဆိုရင် Cocktail / Whiskey / Wine / International Brand Beer အစုံရတယ်.....

စပ်စုကြည့်ခဲ့တာဆို နှစ်ချို့ဝိုင်တွေပေါင်း အမျိုး ၁၀၀ လောက်ရှိတယ်တဲ့....။

အစားအသောက်လေးတွေမှာစားကြည့်မယ်ဆိုရင် စားကောင်းတာလေးတွေဆိုရင်
- မိုးကုတ်လက်ဖက်သုပ် - 3000 Ks
- ကြက်တောင်ပံကြော် - 5000 Ks
- အမဲခြောက်ကြော် - 5000 Ks
- ဆိတ်သားထောင်း - 5000 Ks
- ပုစွန်မုန့်ကြွပ်ကြော် - 6000 Ks 

ဒါလေးတွေက ဘီယာလေးသောက်ပြီး စားရင် အလိုက်ဖက်ဆုံးလေးတွေပေါ့..။

ကဲ ဒါဆိုရင်တော့ ဘော်ဘော်တွေနဲ့အတူ Chill ဖို့ The Room Lounge & Bar ကို သွားကြရအောင်လား..။

သစ္စာလမ်းနှင့် ပါရမီလမ်းကြား ၊ သစ္စာလမ်းအနီး ၊ ဝေဇယန္တာလမ်းမကြီးပေါ် ၊ တောင်ဥက္ကလာပမြို့နယ်။
☎09662288686 / 09780804965
4:30 PM - 2:00 AM

Source: The Room Lounge & Bar
#Food Directory Myanmar


Read 466 times.