Cafes & Restaurant

တန်ဆောင်တိုင်ပိတ်ရက်မှာ Tazaungdine Combo set လေးနဲ့ Pizza စားကြမယ်

November 4, 2022

တန်ဆောင်တိုင်ပိတ်ရက်မှာ Pizza Hut ရဲ့ အရမ်းတန်တဲ့ Tazaungdine Combo လေးနဲ့ ဂါရဝပြုကန်တော့လို့လဲရ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွား၊ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးစားလို့ရအောင် ဒီပရိုမိုးရှင်း အစီအစဉ်လေးကို တင်ပြပေးလိုက်ပါတယ်။ 

ပရိုမိုးရှင်း အစီအစဉ်လေးကတော့ “နွေးနွေးထွေးထွေး” set လေးမှာ Personal Pan Pizza အသေး 2 ချပ်၊ Black Pepper Chicken 1ပွဲ နဲ့ Pespi 345ml 2ဗူးပါတာကိုမှ မူရင်းစျေး 21,400ကျပ် ကို 17,900 ကျပ်နဲ့ ရရှိမှာဖြစ်ပါတယ်။

“ချစ်ချစ်ခင်ခင်” set လေးမှာတော့ မူရင်းစျေး 35,033 ကျပ် တန်ဖိုးရှိတဲ့ Regular Pan 2ချပ်, Potato Sidewinder 1 ပွဲ နဲ့ Pespi 1.25 L 1ဗူး ပါဝင်တဲ့ set လေးကို  22,900 ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Chicken Mushroom, Double Cheese, Ham & Corn အစရှိတဲ့ ပီဇာ (၃) ကြိုက်ရာတစ်မျိုးရွေးလို့ရမှာပဲဖြစ်ပါတယ်။ Promotion ကာလကတော့ အောက်တိုဘာ 4 ရက်နေ့ကနေ 7 ရက်နေ့ ထိဖြစ်ပါတယ်။ ဒီပရိုမိုးရှင်းအစီအစဉ်လေးတွေက Pizza Hut ဆိုင်ခွဲတိုင်မှာ ရရှိမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် တန်ဆောင်တိုင် ပိတ်ရက်ကာလလေးမှာ Pizza Hut ကပေးတဲ့ Promotion လေးအမီ ဝယ်ယူသုံးဆောင်လို့ရအောင် လမ်းညွှန်ပေးလိုက်ပါတယ်။

 

Pizza Hut Myanmar

Myanmar Restaurant Guide
 


Read 259 times.