Eating Tips

စမူဆာကြိုက်နှစ်သက်သူတွေအတွက် နာမည်ကြီး Street Food စမူဆာသုပ် ...

December 6, 2019

...
စမူဆာကို လက္ဘက်ရည်ဆိုင်တွေ မနက်စာ အဖြစ် တွဲဖက် သုံးဆောင်လေ့ရှိကြပါတယ်..စမူဆာကို အချဉ်ရည်ဖြင့် တွဲပြီး စားသုံးကြသလို .. အသုပ်အဖြစ်လည်း စားသုံးကြပါတယ်..ခုပြောမဲ့ ဆိုင်ကတော့ စမူဆာသုပ်ကို သီးသန့်ရောင်းချတဲ့ ဆိုင်လေးပါ..

..

စမူဆာသုပ်မှာဆိုရင် ပုံမှန်အားဖြင့် ပဲရည်ကြည်လေးရယ်၊ ဘယာကြော်လေး၊ ကုလားပဲချွန်လေး နဲ့ အာလူးကို စိတ် ၊ ပြီးရင် ကြက်သွန်နီလေးပါပါးလှီးထားတာကို စမူဆာကြော်နဲ့ အပေါ်ကနေ မဆလာလေး ဖြူးပြီး သုပ်ထားတဲ့ ပုံစံမျိုးပေါ့..ခုဒီဆိုင်ကလည်း ဒီလိုပုံစံမျိုးပါပဲ..

..

သူ့မှာ ကအားသာတာ စမူဆာကြော်က ကြီးပြီး တော်တော်လေးကြွပ်တယ်..အရသာကလဲ ကောင်းပါ့ .. အသီးအရွက်လေးတွေကလည်းထည့်ထားသေးတယ်.. တစ်ပွဲကို ထမင်းစားပန်းကန် ခပ်မောက်မောက်လေးရတာတောင်မှ နှစ်ပွဲလောက် စွဲမှ အာသာပြေမဲ့ လက်ရာလေး .. ဒါမျိုးလေးကို တစ်ပွဲ မှ ၆၀၀ ကျပ်ပဲ ဆိုတော့ အရသာရှိရှိနဲ့ စားလို့လည်း တန်တာပေါ့ .. သူ့ဆိုင်က စမူဆာသုပ်က အရည်မပါ အလွတ်သုပ်စားကြပေမဲ့ လူကြိုက်များတာကတော့ အရည်လေးနဲ့ တွဲစားတဲ့ ပုံစံလေးပေါ့ ..


အသုပ်ထဲမှာ အသီးအရွက်ပါတယ် ဆိုပေမဲ့ အဓိက ကတော့ စမူဆာပေါ့နော်.. ကြော်တဲ့ ဆီက ဆီသန့်ကို သုံးထားတော့ ကြွပ်ကြွပ်လေးနဲ့ စားလို့ တော်တော်ကောင်း ..  သန့်ရှင်း မူရှိလို့လူကြိုက်များတဲ့ ဆိုင်ဆိုလဲ မမှားပါဘူး .. Street Food ဆိုင် ဆိုတော့ ကော်ထိုင်ခုံလေးတွေနဲ့ တော့ ထိုင်စားရမှာ သူ့စတိုင်လ် ပဲလေ .. ဆိုင်ခန်းတော့ မရှိပဲ လမ်းထိပ်မှာ လှည်း လေးနဲ့ ရောင်းတဲ့ဆိုင်လေး .. ဒီလိုဆိုလို့ အထင်တော့ မသေးနဲ့နော်.. တစ်နေ့ကို စမူဆာသုပ် တစ်မျိုးထဲ ရောင်းတာဖြစ်ပြီး ၂၀၀,၀၀၀ ကျော်လောက် ရောင်းအားရှိတဲ့ ဆိုင်နော်... ခုနောက်ပိုင်းနာမည်ကြီးနေတော့ ကိုယ်သွားတဲ့ အချိန် လူစောင့်ရတာတော့ ရှိလောက်မယ်..

..

ဆိုင်ဖွင့်ချိန်က ညနေ ၃ နာရီ ခွဲ လောက်ကနေ ည ၇ နာရီ လောက်အထိဖွင့်တာဆိုတော့ အဆင်ပြေမဲ့ အချိန်လေးကို သွားစားပေါ့ ..ပိတ်ရက်မှာ သွားစားမယ် ဆိုရင်တော့ တနင်္ဂနွေ တစ်ရက်တော့ ပိတ်ပါတယ် .. ပုံမှန်ဆိုရင်တော့ လမ်းထိပ်မှာရောင်းချလေ့ရှိပြီး ညနေစောင်းရင်တော့ ဘုရား‌ရှေ့မှာ သွားရောင်းပါတယ်..

..

လမ်းထိပ်ဆိုတာ ဝါယာလတ်(၃)လမ်းထိပ်ပါ.. ဆိုင်အမည်ကလည်း ဝါယာလတ်(၃)လမ်း စမူဆာဆိုင်ပါ.. ဒါပေမဲ့ နာမည်ကြီးတာကတော့ ဦးလွင်မိုး စမူဆာသုပ်ဆိုပြီး နာမည်ကြီးတာ .. အရင်ထဲက လက်ရာကောင်းတာကို မင်းသား စားပြီး ကြိုက်သွားတော့ လိုင်းပေါ်တင်ပေးလိုက်တာ ပိုတောင် နာမည်ကြီးသွားတယ်.. အွန်းလိုင်းပေါ်မှာ တော့ နာမည်ရ စမူဆာသုပ်ဆိုင်ပဲ ..

..

ဝါယာလတ်(၃)လမ်း စမူဆာသုပ်
========================
လိပ်စာအပြည့်အစုံလေးကို အသေးစိတ်ပြောပြပေးမယ်နော်.. ဝါယာလတ်(၃)လမ်းထိပ်မှာ ရှိတဲ့ ဒီဆိုင်က လိုင်းကားမှတ်တိုင်ဆိုရင် ကမ္ဘာအေးဘုရားမှတ်တိုင် ဆင်းလို့ရသလို၊ မြို့ထဲက လာမယ့်သူတွေကတော့ ချော်တွင်းကုန်း မှတ်တိုင်မှာ ဆင်းရင် ပိုပြီးနီးပါတယ်.. ဆိုင်ရှေ့မျက်နှာချင်းဆိုင် မှာ ကျောက်မျက်ရတနာခန်းမ ရှိသလို ကမ္ဘာအေးဘုရားနဲ့လည်း နီးပါတယ်..တိတိကျကျဆိုရင် ကမ္ဘာအေးဘုရားနှင့် ဝါယာလတ်(၃)လမ်းထောင့် ဝါယာလတ်(၃)လမ်း ပေါ်မှာရှိပါတယ် ..

..

ကဲ စမူဆာကြိုက်တတ်သူတစ်‌ယောက်ဆိုရင်တော့ ဦးလွင်မိုး စမူဆာသုပ်(သို့) ၊ ဝါယာလတ်(၃)လမ်း စမူဆာသုပ် ကို စားကြည့်လိုက်ပါအုံးနော်...

 


Read 1044 times.