Eating Tips

ရခိုင်စာ နှင့် sea food လတ်လတ်ဆတ်ဆတ် စားရမယ့် KK Sea Food

January 11, 2020

အစားတလိုင်းတွေ ဆိုတာ အစားကောင်းစားရရင် Foodie လေးတွေကို သတိရမြဲပဲ..

 

ခုလဲ ရခိုင်စာ နှင့် sea food လတ်လတ်ဆတ်ဆတ် လေးတွေစားလို့ကောင်းတဲ့ ဆိုင်ကို တွေ့ထားတယ်..ဆိုင်က ဖွင့်ထားတာမကြားသေးဘူး .. တာမွေသံလမ်းမှတ်တိုင်နားမှာရှိတယ်..

မှတ်မှတ်ရရ ဟိုတစ်လောက Dee Dee ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ လုပ်သွားတဲ့ ဆိုင်ပေါ့..(မောင်ချို-ချမ်းမြေ့ မောင်ချို တောင် လာဖျော်ဖြေ ပေးသွားသေးတယ်..)

 

ထိုင်လို့ကောင်းတဲ့ ဆိုင်လေးဖြစ်ပြီး ..ကားပါကင်ကျယ်ကျယ်ဝန်းဝန်းလည်းရှိတော့ ပိုအဆင်ပြေတာပေါ့.. ဆိုင်မှာက ရိုးရာ သဘာဝ ပစ္စည်းလေးတွေနဲ့ အလှဆင်ထားတယ်.. ထန်းပင် ကို ဆိုင်တိုင် အဖြစ်ပြုလုပ်ထားပြီး အုန်းသီးလေးတွေနဲ့ မီဆိုင်း အလှဆင်ထားတာလေးတွေ က ချစ်စရာလေးတွေ..

 

ဘာတွေရလဲ ဆိုတော့ ရခိုင်အစားအစာ နှင့် sea food ပင်လယ်စာမျိုးစုံတို့ပေါ့...

Sea Food ဆိုတာ လတ်ဆတ် သန့် ရှင်းမှု အပြည့်ရှိမှ စားလို့ကောင်းတာ …

ဒါမျိုး ဆို ဒီ ဆိုင်မှာက လတ်ဆတ်သန့်ရှင်းမှု အပြည့် နဲ့ ကို စားရမှာ..ပါဝင်ကုန်ကြမ်းပစ္စည်း ‌တွေကို သဘာဝအခြေခံပစ္စည်းလေးတွေသုံးပြီး ကိုယ်တိုင်ပြုလုပ်အသုံးပြုပါတယ်.... အရင်က ငွေဆောင်မှာ ဖွင့်ထားတဲ့ နာမည်ကြီး Food Lovers ဆိုတဲ့ ဆိုင်ရဲ့ အခွဲ ထပ်ဖွင့်တဲ့ ဆိုင်ပေါ့..  ပစ္စည်းတွေကလည်း လတ်လတ်ဆတ်ဆတ်ကို ငွေဆောင်ကနေ ယူတာ..

 

အဓိက ရခိုင်စာ ဆိုရင်လည်း စပ်စပ်လေးနဲ့ သဘာဝ အရသာ စစ်စစ်လေးတွေ နဲ့ စားရမှာ.. စားချင်တယ်ဆိုရင် ....

 

-ကဏန်းပျော့ကြော်

-ကဏန်းမဆလာ

-ကိုတံငါ

-ဂုံးယောက်မ

-ကျောက်ပုဇွန်

-ငါးတရုတ်ပေါင်း

-ကဏန်းပေါင်း

-ပြည်ကြီးငါးရခိုင်သုပ်

-ရေဘဝဲရခိုင်သုပ်

-နန္ဒာလှိုင်ခရု

-ဗမာကြက်ရခိုင်သုပ်

-ဝက်လက်ရခိုင်သုပ်

-Sea Food သောက်ဆန်း ..... စသဖြင့်

အဲဒီ ရခိုင်စာ ဟင်းပွဲလေးတွေက နာမည်ကြီး လူကြိုက်များပါတယ် ။

အရသာ ပိုင်းက ––

ရခိုင်စာ ရိုးရာအတိုင်း စပ်ရမယ် ၊အချဉ်ပါရမယ်

- သန့်ရှင်းလတ်ဆတ်မူ့ကို အဓိက လုပ်ထားတယ် ။

 

ဒါ့အပြင် ဘီယာဂေါက် တို့ ၊ Cocktails တို့လဲ ရသလို.. Juice တွေဆိုလည်း ဒီဆိုင်က ရသေးတယ် .. တော်တော်များများ အစုံရတဲ့ ဆိုင်လေးပေါ့..

ခုချိန်သွားစားမယ်ဆိုရင် Opening New အဖြစ် ၁၀% discount (အစားအစာ only) လည်းရအုံးမှာနော်..သီးသန့် စားသုံးချင်သူတွေအတွက် Air Con ခန်းလည်း ရှိသေးတယ်..

Dee Dee တို့လို မွေးနေ့ ၊ ပါတီတွေ လုပ်ချင်ရင်လည်း အယောက် ၃၀၀ ကျော်တောင် ဆံ့တယ်နော်..

 

.. ရခိုင်အစားစာနဲ့ပင်လယ်စာလတ်လတ်ဆတ်ဆတ် စားချင်ရင်တော့........ ဒီဆိုင်လေးက အဆင်ပြေမယ်ထင်ပါတယ်

… လက်ရာကလည်းကောင်းတယ်

..စားဖိုမှုးကလည်း ပိုင်ရှင်ကိုယ်တိုင် ချက်ပြုတ်ရောင်းချနေတာဆိုတော့ ရခိုင်စာစစ်စစ်ကိုစားချင်ရင်...

- ဆိုင်နာမည်က - " KK Sea Food ရခိုင်အစားအစာ နှင့် ပင်လယ်စာ "

ဆိုင်လိပ်စာက - 09-671163893/ 09-5099414 /

အမှတ် ၁၁၅ လေးထောင့်ကန်လမ်းမပေါ်၊ တာမွေမြို့နယ် ထဲမှာပါ ။

တာမွေ သံလမ်း မှတ်တိုင် နှင့် နီးပါတယ်။

@ သွားစားကြည့်ပါလို့ ...


Read 809 times.