Cafes & Restaurant

နိုဝင်ဘာလထဲ Promotion တွေအပြည့်နဲ့ Thai Pot

November 2, 2022

ရန်ကုန်မြို့ရဲ့ နာမည်ရပြီးသားဆိုင်လေးဖြစ်တဲ့ Thai Pot ဆိုတဲ့ဆိုင်လေးမှာ အခု Happy Hour, 20% Off နဲ့ (၁၀) ယောက်ကျော်တာနဲ့ (၁) ယောက် အခမဲ့ဆိုတဲ့ Promotion တွေရှိတယ်လို့ သိရပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ 11AM ကနေ 9PM အထိ ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ Promotion အစီအစဉ် တစ်ခုချင်စီကတော့

 

Happy Hour Promotion မှာဆိုင်ရင် အရင်က တစ်ဦးကို 20,900ks ဖြစ်ပြီး ယခု 18,900ks ပဲကျသင့်မှာဖြစ်ပါတယ်။

Cheese လဲ Free Flow ရမှာဖြစ်ပြီး Unlimited Time ဖြစ်ပါတယ်။ Happy Hour အချိန်ကတော့ 2PM မှ 4:30PM အတွင်းလာတဲ့သူတွေပဲ ရမှာဖြစ်ပါတယ်။

Happy Hour promotion သတ်မှတ်ထားတဲ့ရက်ကလည်း Monday မှ Friday အထိဖြစ်ပါတယ်။ ကလေးဆိုရင် စျေးတစ်မျိုးပေးရမှာဖြစ်ပြီး ကလေး ၄-၇နှစ် ၉၀၀၀ကျပ်+၊ ကလေး ၈-၁၁နှစ် ၁၁၀၀၀ကျပ်+ ဖြစ်ပါတယ်။

Happy Hourအတွင်း Free for One Person, နှင့် Birthday promotionများ အတူခံစားခွင့်မရှိပါ။

နောက်ထပ် promotion တစ်ခုကတော့ November Born လေးတွေအတွက် Birthday လက်ဆောင်အနေနဲ့ 20% OFF ရမှာဖြစ်ပါတယ်။

ဒီ promotion အစီအစဉ်လေးကတော့ မွေးနေ့ရှင်တစ်ယောက်တည်းအတွက် သီးသန့် Pormotion ရှင်းလေးပဲဖြစ်ပါတယ်။ မှတ်ပုံတင်တော့ပြဖို့လိုပါတယ်။ Cheese လဲ Free Flow ရမှာဖြစ်ပြီး Unlimited Time ပဲဖြစ်ပါတယ်။

စျေးနှုန်းလေးကတော့ လူကြီး ၂၀၉၀၀ကျပ်+၊ ကလေး ၄-၇နှစ် ၉၀၀၀ကျပ်+၊ ကလေး ၈-၁၁နှစ် ၁၁၀၀၀ကျပ်+ ကျသင့်မှာဖြစ်ပါတယ်။

Free for One Person, Happy Hour နှင့် Birthday promotionများ အတူခံစားခွင့်မရှိပါ။

နောက်ဆုံ promotion အစီအစဉ်လေးကတော့ FREE For One Person ဆိုတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။ November လအတွင်း Stampလေးတွေစုပြီး (၁၀)Stamp ပြည့်တာနဲ့ နောက်တစ်ကြိမ်မှာ အခမဲ့စားလို့ရမှာပါ။ သူငယ်ချင်းတွေစုပြီး အဖွဲ့လိုက်လာရင်တော့ (၁၀)ယောက်ကျော်တာနဲ့ (၁)ယောက် အခဲမဲ့ရပါတယ်။

- One Personလာကရောက်စားသုံးပါက Stamp (၁)ခုရရှိနိုင်ပါသည်။
- Stamp (၁၀)ကြိမ်ပြည့်ပါက နောက်ထပ် (၁)ကြိမ်အတွက် One Person Free Cardကို အသုံးပြုနိုင်ပါသည်။
- Stamp ပြည့်သွားသည့်နေ့မှစ၍ One Person Free Cardကို (၁)လအတွင်း အသုံးပြုနိင်သည်။
- မိမိနှင့်အတူ အသုံးပြုမည့် Cardအား တစ်ပါတည်းယူဆောင်လာရပါမည်။ 

Cheese လဲ Free Flow ရမှာဖြစ်ပြီး Unlimited Time ပဲဖြစ်ပါတယ်။ စျေးနှုန်းလေးကတော့ လူကြီး ၂၀၉၀၀ကျပ်+၊ ကလေး ၄-၇နှစ် ၉၀၀၀ကျပ်+၊ ကလေး ၈-၁၁နှစ် ၁၁၀၀၀ကျပ်+ ကျသင့်မှာဖြစ်ပါတယ်။

Free for One Person, Happy Hour နှင့် Birthday promotionများ အတူခံစားခွင့်မရှိပါ။

အထက်ဖော်ပြပါ Promotion အစီအစဉ်အားလုံးအတွက် Promotion ကာလကတော့1.11.22 မှ 30.11.22 ရက်နေ့အထိပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Thai Pot က အရမ်းတန်တဲ့ Promotionတွေကို လက်မလွတ်စေဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

ဖုန်းနံပါတ် - 095007997, 09260523688 
လိပ်စာ - အမှတ်(၄)၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။
FB Link >>> THAI POT

Myanmar Restaurant Guide


Read 258 times.